ပုဏ္ဏား၆ယောက်

ပုဏ္ဏား၆ယောက်

တစ်ခါကမျက်စိမမြင်တဲ့ ပုဏ္ဏား၆ယောက်ဟာဆင်ရဲ့ပုံစဟာ ဘယ်လိုရှိသလဲဆိုပြီးဆင်တစ်ကောင်ကို စမ်းသပ်ကြသတဲ့။

ပထမ ပုဏ္ဏားက ဆင်ရဲ့ကျယ်ဝန်းတဲ့ နံဘေးကို စမ်းမိပြီးတော့ ဆင်ဆိုတာ အုတ်နံရံ တံတိုင်းနဲ့ တူတာပဲလို့ ပြောသတဲ့။

ဒုတိယ ပုဏ္ဏားကတော့ ဆင်ရဲ့ အစွယ်ကိုစမ်းမိပြီးတော့ ဆင်ဟာချောမွေ့တယ်၊ လုံးလည်း လုံးတယ် ထက်မြက်တဲအစွမ်းလဲ ရှိတယ်လို့ ထင်မှတ်ပြီး ဆင်ရဲ့ ပုံစံဟာ လှံနဲ့ တူတယ်လို့ပြောသတဲ့။

တတိယ ပုဏ္ဏားကတော့ ပျော့ပျောင်းတွန့်လိမ်နေတဲ့ ဆင်ရဲ့ နှာမောင်းကိုကိုင်မိသတဲ့”ဒီတော့ အလို .ဆင်ဆိုတာ မြွေကြီးလိုပါပဲလားလို့ပြောသတဲ့။

စတုတ္ထပုဏ္ဏားကတော့ ဆင်ရဲ့ခြေထောကကိုစမ်းမိပြီး ဆင်ဟာအမှန်အားဖြင့် ကျွန်းတိုင်ကြီးနဲ့တူတာပါလို့ပြောသတဲ့။

ပဉ္စမ ပုဏ္ဏားအလှည့်ရောက်တော့ဘယ်ညာ လှုပ်ရမ်းနေတဲ့ ဆင်ရဲ့နားရွက်ကိုစမ်းမိပြီး ဆင်ဟာမင်းတို့ ၄ဦးပြောသလိုမဟုတ်ပါဘူးကွာ ဆင်ဆိုတာ ယပ်တောင်နဲ့သာ တူတာပါဟ လို့ပြောသတဲ့။

နောက်ဆုံးဖြစ်တဲ့ ပုဏ္ဏားကလဲ စမ်းရန်လျှောက်သွားတော့”အမှီးကို ကိုင်မိတယ်ဆိုရင်ပဲ” မင်းတို့အားလုံးမှားတယ်။ဆင်ဆိုတာ ကြိုးနဲ့သာ တူတာပါဟလို့ အော်ပြာလိုက်သတဲ့။

ပုံပြင်က ပေးတဲ့ သင်ခန်းစာကဘယ်အရာမဆို ကိုယ့်ဘက်က မှန်တယ်မြင်ပေမဲ့ သူ့အမြင်နဲ့ ဆို မှားရင်လည်မှားနေတက်တယ်ဆိုတာပါပဲ။

Zawgyi

ပုဏ်ဏား၆ယောကျ

တဈခါက









Leave a Reply

Your email address will not be published. Required fields are marked *