၇ ရက်သားသမီးများ ဟောစာတမ်း (19.3.2021 မှ 25.3.2021 အထိ)

၇ ရက်သားသမီးများ ဟောစာတမ်း (19.3.2021 မှ 25.3.2021 အထိ)

19.Mar.2021 မှ 25.Mar.2021 အထိ တစ်ပတ်စာ ၇ ရက်သားသမီးများ ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်းမိမိတို့ အနေနဲ့စူးစမ်းစိတ်တွေ၊စပ်စုတတ်တဲ့စိတ်တွေကိုပျိုးထောင်ပါ။ အဲဒီစိတ်တွေကပဲ မိမိကိုအဆင်ပြေအောင်လုပ်ပေးပါလိမ့်မယ်။ ထိုင်မနေပါနဲ့။ ငိုင်မနေပါနဲ့။

ဈေးဝယ်သူတွေကိုထိုင်မစောင့်ပါနဲ့။မိမိ ကိုယ်တိုင် ဈေးဝယ်သူတွေဆီသွားပါ။ ရှယ်ယာလုပ်ငန်းလုပ်ကိုင်ကြသူများ ဒီကာလမှာတော့ တိုင်တိုင်ပင်ပင် လုပ် ကိုင်စေချင်ပါတယ်။ စိတ်ဝမ်းကွဲလွယ်ပါတယ်။

မိတ်ဆွေတွေကိုအားကိုးလို့မရပါဘူး။ အရေးကြီးတဲ့ အလုပ်တွေ လည်း လစ်ဟင်းချွတ်ချော်သွားတတ်ပါသည်။ အလုပ်မှာ အထစ်အငေ့ါတွေ များနေရတတ်ပါသည်။ မိဘဆရာသမား တို့ရဲ့ အမြင်မကြည်လင်ခြင်းကို ခံစားရတတ်ပါသည်။

သူများငွေနဲ့ပတ်သက်ပြီးပြဿနာတတ်ရတတ် ပါတယ်။ အသင်းအဖွဲ့ကငွေတွေကိုလက်မခံလိုက်ပါနဲ့။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ချမ်းသာစရာ သတင်း စကားကောင်းတွေ ကြားနေရတတ်ပါသည်။

အချစ်ရေးနယ် ပယ်မှာ ချစ်သူရှိရဲ့နဲ့နောက်ထပ်တစ်ယောက်ကို အီစီ ကလီ မလုပ်မိပါစေနဲ့။ ပျော်ရွှင်ဖွယ်ရာ ခရီးတွေလည်း သွားလာရတတ်ပါသည်။

ဝမ်းသာစရာ၊ စာတွေ၊ သတင်းတွေ လည်း ရောက်လာရတတ်ပါသည်။ ငွေရေး၊ ကြေးရေးအတွက်လည်း အင်မတန်ကို စိတ်ချမ်း သာရမည်။ ကျန်းမာ ရေး မဆိုးပါဘူး။

မတ်တပ်ဖျား၊မတ်တပ်နာလောက်ပါပဲ။ ပညာရေး၊ သင်တန်း အစီအစဉ်တွေမှာ စိတ်မပါဘဲ ဖြစ်လာ ရတတ်ပါသည်။

အကျိုးပေးဂဏန်း 5/6/8 အထူးဟော အနည်းငယ် ပူပန်ရတတ်ပါတယ်။ ယတြာ လိုအပ်တဲ့နေရာမှာသစ်ပင်စိုက်ပါ။

တနင်္လာ

ဒီကာလအတွင်းမိမိတို့အနေနဲ့ အချိန်ကိုစီမံခန့်ခွဲတတ်ဖို့လိုပါတယ်။ အဓိကနဲ့သာမညကိုခွဲခြားတတ်ဖို့လိုပါ တယ်။ အလုပ်တွေများနေတတ်ပါတယ်။ အလုပ်မှာရောအိမ်မှာရောလုပ်စရာတွေပုံနေတတ်ပါတယ်။

စိတ်ထဲ ဘာကိုမှစိတ်နှစ်မရသလိုဖြစ်နေတတ်ပါတယ်။ပေါ့ပေါ့နေချင်စိတ်တွေဖြစ်ပေါ်နေတတ်ပါတယ်။ အလုပ်များသူများ ဘာကို focus ထားရမလဲ ဆိုတာမသိသလိုဖြစ်နေတတ်ပါတယ်။

ထွက်နေတဲ့ငွေတွေ၊ ပစ္စည်းတွေ ပြန်ဝင်လာနိုင် ပါသည်။ ရပ်ထားရတဲ့ အလုပ်တွေလည်း ပြန်လုပ်ရမည်။ မနာလို၍ အနှောက်အယှက်ပေးသူများလည်း ကြုံတွေ့ရ တတ်ပါသည်။

တမင်ရန်စ နှောက်ယှက် တာမျိုးတွေလည်း ခံစားရတတ်ပါသည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မတင်မကျ အခြေအနေမျိုးတွေလည်း ကြုံရပါလိမ့်မည်။ ကျန်းမာရေး ညံ့နေသူများ ပြန်ပြီး နာလန်ထလာ ပါလိမ့်မည်။

ရေချိုးမှားတာ၊ အပူလောင်တာတွေ ဖြစ်တတ်ပါသည်။ ကောင်းသောခရီးတွေလည်း သွားလာရတတ် ပါသည်။ ငွေအတွက်လည်း စိတ်ချမ်းသာရတတ်ပါသည်။

ဆွေမျိုးကိစ္စ၊ ငွေရေးကြေးရေးကိစ္စ တွေကို အကြောင်းပြု ၍ ခရီးဝေးသွားလာရကိန်းများ ဖြစ်တတ်ပါသည်။ အိမ်သား တစ်ယောက် လိမ့်ကျ၊ ချော်လဲ၊ ခိုက်မိတတ်ပါသည်။

အိမ်ထောင်ရေးမှာတော့ အညံ့မရှိ သလောက်ပါပဲ။ ပညာရေးမှာတော့ မိမိကိုယ်တိုင်သင်ယူချင်စိတ်အားနည်း နေ တတ်ပါတယ်။

အကျိုးပေးဂဏန်း 0/6/7 အထူးဟော အလုပ်ရှုပ်ရမည် ယတြာ သရက်သီးသနပ် ဘုရားကပ်လှူပါ။

အင်္ဂါ

ဒီကာလအတွင်း မိမိအတွက်ကံအင်အားကောင်းနေတတ်ပါတယ်။ စိတ်ချမ်းသာစရာတွေ၊ တိုးတတ်အောင် မြင်ခြင်းတွေကို ကြုံရတတ်ပါတယ်။ အလုပ်တွေနဲ့ပက်သက်ပြီး စိတ်ကူးသစ်နဲ့လုပ်ပါ။

နည်းပညာအခြေခံတဲ့ ချဲ့ထွင် မှု တွေကိုလုပ်ဆောင်ပါ။ အလုပ်အဆက်အသွယ်ကောင်းတွေ အခွင့်အလမ်းကောင်းတွေလည်း ပေါ်ပေါက်လာရ တတ်ပါသည်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေလည်း လုပ်ကိုင်ရတတ်ပါသည်။

မိန်မကြီးတစ်ယောက်ရဲ့ အကူအညီ ကောင်း များကိုလည်း ရရှိနိုင်ပါသည်။ အချစ်ရေး၊ အိမ်ထောင်ရေးများမှာတော့ ညှိနှိုင်းမရတာတွေ ဖြစ်စေရတတ်ပါသည်။ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အခြေအနေမျိုးတွေလည်း ကြုံလာရစေတတ်ပါသည်။

လူကြီးတွေ ဝင်ရှုတ်လို့ အပူမီးတွေ ပွားစေတဲ့ ကိန်းမျိုးလည်း ကြုံတွေ့နေရတတ်ပါသည်။ အသေးစားစီးပွားရေး များ၊အလတ်စားစီးပွားရေးများ ပိုမိုအဆင်ပြေမှုတွေရှိတတ် ပါတယ်။

ကျန်းမာရေးကတော့ အညံ့အဆိုးကင်းနေပါ လိမ့် မယ်။မျက်စိအာရုံစိုက်ပြီးလုပ်ကိုင်ရသူများဒီကာလမှာ မျက်ရိုးကိုက်တတ်ပါတယ်။ ပတ်ဝန်းကျင်ကောင်း ၊မိတ်ဆွေကောင်းတွေရဲ့အကူအညီ တွေကိုရတတ်ပါတယ်။

အိမ်တွင်းရေးမှာတော့ သားသမီးကြောင့် စကားအခြေ အတင်များနေရတတ်ပါတယ်။ ပညာရေးကံအထူး ကောင်းပါတယ်။ ကြိုးစားသမျှ အရာထင်မှာပါ။

အကျိုးပေးဂဏန်း 1/3/7 အထူးဟော ကံမြင့်မားနေမည်။ ယတြာ ထီးနီသုံးလက် မွေးနံထောင့်မှာလှူပါ။

ဗုဒ္ဓဟူး / ရာဟု

ဒီကာလမှာတော့ ပျော်စရာကိစ္စလေးတွေကြုံရတတ်ပါတယ်။ လက်ဆောင်တွေရလွယ်တဲ့နေ့ရက်တွေပါပဲ။ ကံကောင်းနေတာကတော့ စိတ်ထဲတောင်းတနေတာလေးတွေ ပြည့်ဝလာတတ်ပါတယ်။

ကောင်းသော အပြောင်း အလဲတွေ ကြုံတွေ့လာရတတ်ပါသည်။ ခက်ခဲကြန့်ကြာ နေသည့်ကိစ္စများ အဆင် ပြေသွားမည်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီကောင်းများ ရရှိလိမ့်မည်။ စပ်တူလုပ်ငန်း တွေလည်း စီစဉ်ရတတ် ပါသည်။

မိသားစုအတွင်း အဆင်မပြေ ဖြစ်နေတဲ့ကိစ္စတစ်ခု အဆင်ပြေသွားပါ မယ်။ ပစ္စည်းတစ်ခု အဝယ်၊ အရောင်းကိစ္စများမှာတော့ ညှိမရ၊ နှိုင်းမရဆိုတာ မျိုးတွေ ဖြစ်နေရ တတ်ပါသည်။

အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေ၊ စိတ်ချမ်းသာရမည်။ အိမ်ထောင် မရှိ သေးသောသူများ မင်္ဂလာကိစ္စများ စီစဉ် ရတတ်ပါသည်။ ရောဂါတစ်ခု ပျောက်မှန်းမသိ ပျောက်သွားတတ် ပါသည်။

ဆရာသမား၊ ကြီးကဲသူတွေရဲ့ အထင်အမြင်လွဲခြင်းများကိုလည်း ခံစားရတတ်ပါသည်။ သွားရင်း၊ လာရင်းနဲ့ အန္တရာယ်ကြုံကာ အမှုပွားရတာမျိုးတွေလည်း ကြုံတွေ့နေရတတ်ပါသည်။ ဝန်ထမ်းများ နေရာရလွယ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေရဲ့ထောက်ခံခြင်းကိုရတတ်ပါတယ်။တစ်ပါးသူ တွေရဲ့ အခက်အခဲတွေကိုလဲ ကူညီနိုင်ပါ လိမ့် မယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ မိမိရဲ့ကြိုးစားလိုမှုကြောင့်အဆင်ပြေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/2/8 အထူးဟော စိတ်ကြည်နူးပျော်ရွှင်ရမည်။ ယတြာ အကြော်စုံဘုရားကပ်လှူပါ။

ကြာသပတေး

ဒီကာလတွေမှာတော့ မိမိအတွက်အကြပ်အတည်းအခက်အခဲတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတာတွေလုပ်ကိုင်သူများ ဥပဒေရဲ့အဆုံးအမကိုခံယူရတတ်ပါတယ်။

ခွဲစိပ်ကုသရမဲ့သူများ အောင်မြင်မှု တွေရလွယ်ပါတယ်။ ကောင်းသောအပြောင်းအလဲတွေ ထူးထူးခြားခြား ဖြစ်လာတတ်ပါသည်။ အထူးသဖြင့် အတွေး အခေါ် ပိုင်းဆိုင်ရာ၊ ခံယူချက်ပိုင်းဆိုင်ရာ စိတ်သဘောထား အပြောင်းအလဲတွေ ဖြစ်ပေါ်လာတတ်ပါသည်။

အလုပ် မှာ လည်း ကောင်းသောအပြောင်းအလဲတွေ ကြုံတွေ့ရတတ်ပါတယ်။ အိမ်သူ၊ အိမ်သားအချင်းချင်း စကား များ ရန် ဖြစ် ရတတ်ပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း ကြီးကဲသူတွေကို အကြောင်းပြပြီး အဆင်မပြေမှု ကြီးစွာ ဖြစ်တတ်ပါတယ်။ ရပ်ဝေးကပစ္စည်းတွေလည်း ဝင်လာတတ်ပါတယ်။

ခက်ခဲထစ်ငေါ့နေတဲ့ အရောင်းအဝယ် ကိစ္စ တွေ အထူးအောင်မြင်သွားပါမယ်။ မိတ်ဆွေကောင်းတွေရဲ့ ထိရောက်တဲ့ အကူအညီကောင်းတွေလည်း ရရှိ ပါမယ်။ ကျန်းမာရေးကတော့ တစ်ရှောင်ရှောင် ဖြစ်နေရတတ်ပါတယ်။

အိမ်ကိုလာတဲ့လူနာ ဧည့်သည်များကိုလည်း ကူညီရ တတ်ပါတယ်။ ဆွေမျိုး၊ မိတ်ဆွေရင်းများထဲက ကြီးကဲသူတစ်ဦး အမှုအခင်းများ ကြုံတွေ့ရတတ်ပါတယ်။ ပညာရေး ကတော့ ကံကမပေးတာကြောင့် ဉာဏ်ဝီရိယတွေစိုက်ထုတ်ရလိမ့်မယ်။

အကျိုးပေးဂဏန်း 2/3/9 အထူးဟော ကံအားနည်းနေပါတယ်။ ယတြာ ငွေ၂၀၀ခန့်ပံ့သကူပစ်ပါ။

သောကြာ

ဒီကာလအတွင်းငွေကုန်ကြေးကျတွေများနေရတတ်ပါတယ်။ တစ်ခုကောင်းတာကတော့ အဓိဌာန်ဝင်ခြင်း တွေ၊ စေတီတွေလှည့်ပြီး ပုတီးစိပ်တာမျိုးတွေကတော့ ဒီလိုနေ့ရက်တွေမှာလုပ်ဆောင်မယ်ဆိုရင် အကျိုးထူး တတ် ပါတယ်။

သံယောဇဉ် အရမ်းများနေသူဆိုအလုပ်မဖြစ်ပါဘူး။ အလုပ်ပေါ်အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခြေ အနေ ကောင်း ရလဒ်ကောင်းတွေရှိပါလိမ်မ့ယ်။ မိမိဆုံးဖြတ်ချက်တွေက တွေဝေနေ တတ်ပါတယ်။

စားဝတ် နေရေးပြေလည်ဖို့ငွေနောက်ပဲလိုက်ရမလား ။ပညာရမဲ့အလုပ်တွေပဲလုပ်ရမလားစသည်ဖြင့် တွေဝေဒွိဟ ဖြစ်ရတာ တွေ များတတ်ပါတယ်။ ရပ်ဝေးသွားပြီး စီးပွားရှာခြင်းများ အဆင်ပြေဖို့မလွယ်ပါဘူး။

စပ်တူ အလုပ်တွေဆို ရှယ်ယာ ဝင်တွေနှုတ်ထွက်သွား တတ်ပါတယ်။ သူတစ်ပါး တွေပြောစကားကိုမယုံပါနဲ့ ။ မျက်မြင်ကိုယ်တွေ့မဟုတ်တဲ့ ကိစ္စ တွေကို ဘယ်သူကိုမှယုံပြီးလက်မခံလိုက်ပါနဲ့။

ငွေချေးတာမျိုး စုမဲစုတာမျိုးတွေကိုလက်ရှောင်သင့်တဲ့နေ့ရက်တွေ ပါပဲ။ ကျန်းမာရေးကတော့အညံ့အဆိုးမတွေ့လောက်အောင်နည်းပါ တယ်။ ကျန်းမာရေးကောင်းမှာပါ။

အချစ်ရေး ကတော့ အကောင်းဘက်ကို များပါတယ်။ ချစ်လွန်းအားကြီးပြီး သဝန်တိုတဲ့ကိစ္စတွေပေါ်လာရင်တော့ ပြဿနာဖြစ်ရ တတ်ပါ တယ်။

အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်က အိမ်မကပ်တာမျိုးတွေရှိနေတတ်ပါတယ်။ ပညာရေး နဲ့ပတ်သက် ပြီးတော့အထူးကောင်းတယ်။

အကျိုးပေးဂဏန်း 0/6/3 အထူးဟော ဆုံးဖြတ်ချက်တွေခိုင်မာဖို့လိုပါတယ်။ ယတြာ သရက်ချဉ်သုပ်ဘုရားကပ်လှူလိုက်ပါ။

စနေ

ဒီကာလတွေမှာတော့စထားပြီး ပြီးဆုံးအောင်မလုပ်ဖြစ်သေးတဲ့ကိစ္စတွေကို ဒီနေ့မှာပြန်လည်လုပ်ကိုင်ကြည့် လိုက်ပါ။ သေချာ ပေါက်အဆင်ပြေတတ်ပါတယ်။

စက်ကားများဝယ်မယ်ဆိုရင်လဲ ဒီနေ့ရက်တွေမှာဝယ်လို့အလွန်ပဲ ကောင်း နေတတ် ပါတယ်။သူတစ်ပါးတွေရဲ့ပြဿနာများ အခက်အခဲများကို မိမိက အကြံပေးလိုက်တာနဲ့ အဆင်ပြေ သွားတတ်ပါတယ်။

သူငယ်ချင်း၊ မိတ်ဆွေ၊ မောင်နှမသားချင်းများအတွက် ဆုံးဖြတ်ရခက်တဲ့ သို့လောသို့လော အခြေအနေ မျိုး တွေ လည်း ကြုံတွေ့ရတတ်ပါတယ်။ အလုပ်နှစ်မျိုး၊ ဝင်ငွေနှစ်ခု ဖြစ်လာပါမယ်။

အရေးကြီးသော ကိစ္စတွေ နှစ်မျိုး နှစ်ခု တစ်ပြိုင်နက်တည်း ကြုံလာတတ်၊ ဖြေရှင်းရတတ်ပါတယ်။ ငွေရေး၊ ကြေးရေးနှင့် ပတ်သက် ပြီး သေချာပေါက် ဝင်ရမှာတွေ လွဲသွား၊ ချော်သွားရတတ်ပါတယ်။

ငွေကြေးစာရင်းဇယား၊ အမှားအယွင်းတွေ အရှုပ် အထွေး တွေ လည်း ဖြစ်လာရတတ် ပါတယ်။ နိုင်ငံရပ်ခြား၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာတော့ စိတ်စနိုး စနောင့် ဖြစ်ရ တတ်ပါ တယ်။

အချစ်ရေးကတော့ ချစ်သူနဲ့ နားလည်မှုတွေယူလို့မရဘဲ စိတ်ဝမ်းကွဲတဲ့အထိဖြစ်ရ တတ်ပါတယ်။ အိမ်ထောင်ရေး ကတော့ အနည်းငယ်ကတောက်ကဆတွေများနေရတတ်ပါတယ်။

သိပ်ဆိုးဆိုးဝါးဝါး တော့ မရှိပါဘူး။ ပညာရေး ကတော့ ကောင်းမွန်အဆင်ပြေနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/5/8 အထူးဟော စီးပွားရေး၊အလုပ်အကိုင်ကောင်းမည်။ ယတြာ နွားနို့ပူပူလေးဘုရားကပ်လှူပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှကင်းဝေးနိုင်ကြပါစေ။ အဓမ္မကို ဓမ္မကအမြန်တွန်းလှန်နိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695/09 44 5555 695

Zawgyi

၇ ရက္သားသမီးမ်ား ေဟာစာတမ္း (19.3.2021 မွ 25.3.2021 အထိ)

19.Mar.2021 မွ 25.Mar.2021 အထိ တစ္ပတ္စာ ၇ ရက္သားသမီးမ်ား ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္းမိမိတို႔ အေနနဲ႔စူးစမ္းစိတ္ေတြ၊စပ္စုတတ္တဲ့စိတ္ေတြကိုပ်ိဳးေထာင္ပါ။ အဲဒီစိတ္ေတြကပဲ မိမိကိုအဆင္ေျပေအာင္လုပ္ေပးပါလိမ့္မယ္။ ထိုင္မေနပါနဲ႔။ ငိုင္မေနပါနဲ႔။

ေဈးဝယ္သူေတြကိုထိုင္မေစာင့္ပါနဲ႔။မိမိ ကိုယ္တိုင္ ေဈးဝယ္သူေတြဆီသြားပါ။ ရွယ္ယာလုပ္ငန္းလုပ္ကိုင္ၾကသူမ်ား ဒီကာလမွာေတာ့ တိုင္တိုင္ပင္ပင္ လုပ္ ကိုင္ေစခ်င္ပါတယ္။ စိတ္ဝမ္းကြဲလြယ္ပါတယ္။

မိတ္ေဆြေတြကိုအားကိုးလို႔မရပါဘူး။ အေရးႀကီးတဲ့ အလုပ္ေတြ လည္း လစ္ဟင္းခြၽတ္ေခ်ာ္သြားတတ္ပါသည္။ အလုပ္မွာ အထစ္အေင့ါေတြ မ်ားေနရတတ္ပါသည္။ မိဘဆရာသမား တို႔ရဲ႕ အျမင္မၾကည္လင္ျခင္းကို ခံစားရတတ္ပါသည္။

သူမ်ားေငြနဲ႔ပတ္သက္ၿပီးျပႆနာတတ္ရတတ္ ပါတယ္။ အသင္းအဖြဲ႕ကေငြေတြကိုလက္မခံလိုက္ပါနဲ႔။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ စိတ္ခ်မ္းသာစရာ သတင္း စကားေကာင္းေတြ ၾကားေနရတတ္ပါသည္။

အခ်စ္ေရးနယ္ ပယ္မွာ ခ်စ္သူရွိရဲ႕နဲ႔ေနာက္ထပ္တစ္ေယာက္ကို အီစီ ကလီ မလုပ္မိပါေစနဲ႔။ ေပ်ာ္႐ႊင္ဖြယ္ရာ ခရီးေတြလည္း သြားလာရတတ္ပါသည္။

ဝမ္းသာစရာ၊ စာေတြ၊ သတင္းေတြ လည္း ေရာက္လာရတတ္ပါသည္။ ေငြေရး၊ ေၾကးေရးအတြက္လည္း အင္မတန္ကို စိတ္ခ်မ္း သာရမည္။ က်န္းမာ ေရး မဆိုးပါဘူး။

မတ္တပ္ဖ်ား၊မတ္တပ္နာေလာက္ပါပဲ။ ပညာေရး၊ သင္တန္း အစီအစဥ္ေတြမွာ စိတ္မပါဘဲ ျဖစ္လာ ရတတ္ပါသည္။

အက်ိဳးေပးဂဏန္း 5/6/8 အထူးေဟာ အနည္းငယ္ ပူပန္ရတတ္ပါတယ္။ ယၾတာ လိုအပ္တဲ့ေနရာမွာသစ္ပင္စိုက္ပါ။

တနလၤာ

ဒီကာလအတြင္းမိမိတို႔အေနနဲ႔ အခ်ိန္ကိုစီမံခန႔္ခြဲတတ္ဖို႔လိုပါတယ္။ အဓိကနဲ႔သာမညကိုခြဲျခားတတ္ဖို႔လိုပါ တယ္။ အလုပ္ေတြမ်ားေနတတ္ပါတယ္။ အလုပ္မွာေရာအိမ္မွာေရာလုပ္စရာေတြပုံေနတတ္ပါတယ္။

စိတ္ထဲ ဘာကိုမွစိတ္ႏွစ္မရသလိုျဖစ္ေနတတ္ပါတယ္။ေပါ့ေပါ့ေနခ်င္စိတ္ေတြျဖစ္ေပၚေနတတ္ပါတယ္။ အလုပ္မ်ားသူမ်ား ဘာကို focus ထားရမလဲ ဆိုတာမသိသလိုျဖစ္ေနတတ္ပါတယ္။

ထြက္ေနတဲ့ေငြေတြ၊ ပစၥည္းေတြ ျပန္ဝင္လာႏိုင္ ပါသည္။ ရပ္ထားရတဲ့ အလုပ္ေတြလည္း ျပန္လုပ္ရမည္။ မနာလို၍ အေႏွာက္အယွက္ေပးသူမ်ားလည္း ႀကဳံေတြ႕ရ တတ္ပါသည္။

တမင္ရန္စ ေႏွာက္ယွက္ တာမ်ိဳးေတြလည္း ခံစားရတတ္ပါသည္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ မတင္မက် အေျခအေနမ်ိဳးေတြလည္း ႀကဳံရပါလိမ့္မည္။ က်န္းမာေရး ညံ့ေနသူမ်ား ျပန္ၿပီး နာလန္ထလာ ပါလိမ့္မည္။

ေရခ်ိဳးမွားတာ၊ အပူေလာင္တာေတြ ျဖစ္တတ္ပါသည္။ ေကာင္းေသာခရီးေတြလည္း သြားလာရတတ္ ပါသည္။ ေငြအတြက္လည္း စိတ္ခ်မ္းသာရတတ္ပါသည္။

ေဆြမ်ိဳးကိစၥ၊ ေငြေရးေၾကးေရးကိစၥ ေတြကို အေၾကာင္းျပဳ ၍ ခရီးေဝးသြားလာရကိန္းမ်ား ျဖစ္တတ္ပါသည္။ အိမ္သား တစ္ေယာက္ လိမ့္က်၊ ေခ်ာ္လဲ၊ ခိုက္မိတတ္ပါသည္။

အိမ္ေထာင္ေရးမွာေတာ့ အညံ့မရွိ သေလာက္ပါပဲ။ ပညာေရးမွာေတာ့ မိမိကိုယ္တိုင္သင္ယူခ်င္စိတ္အားနည္း ေန တတ္ပါတယ္။

အက်ိဳးေပးဂဏန္း 0/6/7 အထူးေဟာ အလုပ္ရႈပ္ရမည္ ယၾတာ သရက္သီးသနပ္ ဘုရားကပ္လႉပါ။

အဂၤါ

ဒီကာလအတြင္း မိမိအတြက္ကံအင္အားေကာင္းေနတတ္ပါတယ္။ စိတ္ခ်မ္းသာစရာေတြ၊ တိုးတတ္ေအာင္ ျမင္ျခင္းေတြကို ႀကဳံရတတ္ပါတယ္။ အလုပ္ေတြနဲ႔ပက္သက္ၿပီး စိတ္ကူးသစ္နဲ႔လုပ္ပါ။

နည္းပညာအေျခခံတဲ့ ခ်ဲ႕ထြင္ မႈ ေတြကိုလုပ္ေဆာင္ပါ။ အလုပ္အဆက္အသြယ္ေကာင္းေတြ အခြင့္အလမ္းေကာင္းေတြလည္း ေပၚေပါက္လာရ တတ္ပါသည္။ ဘာသာေရးနဲ႔ ပတ္သက္တဲ့ အလုပ္ေတြလည္း လုပ္ကိုင္ရတတ္ပါသည္။

မိန္မႀကီးတစ္ေယာက္ရဲ႕ အကူအညီ ေကာင္း မ်ားကိုလည္း ရရွိႏိုင္ပါသည္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမ်ားမွာေတာ့ ညႇိႏႈိင္းမရတာေတြ ျဖစ္ေစရတတ္ပါသည္။ ေရွ႕တိုးရခက္၊ ေနာက္ဆုတ္ရခက္ အေျခအေနမ်ိဳးေတြလည္း ႀကဳံလာရေစတတ္ပါသည္။

လူႀကီးေတြ ဝင္ရႈတ္လို႔ အပူမီးေတြ ပြားေစတဲ့ ကိန္းမ်ိဳးလည္း ႀကဳံေတြ႕ေနရတတ္ပါသည္။ အေသးစားစီးပြားေရး မ်ား၊အလတ္စားစီးပြားေရးမ်ား ပိုမိုအဆင္ေျပမႈေတြရွိတတ္ ပါတယ္။

က်န္းမာေရးကေတာ့ အညံ့အဆိုးကင္းေနပါ လိမ့္ မယ္။မ်က္စိအာ႐ုံစိုက္ၿပီးလုပ္ကိုင္ရသူမ်ားဒီကာလမွာ မ်က္႐ိုးကိုက္တတ္ပါတယ္။ ပတ္ဝန္းက်င္ေကာင္း ၊မိတ္ေဆြေကာင္းေတြရဲ႕အကူအညီ ေတြကိုရတတ္ပါတယ္။

အိမ္တြင္းေရးမွာေတာ့ သားသမီးေၾကာင့္ စကားအေျခ အတင္မ်ားေနရတတ္ပါတယ္။ ပညာေရးကံအထူး ေကာင္းပါတယ္။ ႀကိဳးစားသမွ် အရာထင္မွာပါ။

အက်ိဳးေပးဂဏန္း 1/3/7 အထူးေဟာ ကံျမင့္မားေနမည္။ ယၾတာ ထီးနီသုံးလက္ ေမြးနံေထာင့္မွာလႉပါ။

ဗုဒၶဟူး / ရာဟု

ဒီကာလမွာေတာ့ ေပ်ာ္စရာကိစၥေလးေတြႀကဳံရတတ္ပါတယ္။ လက္ေဆာင္ေတြရလြယ္တဲ့ေန႔ရက္ေတြပါပဲ။ ကံေကာင္းေနတာကေတာ့ စိတ္ထဲေတာင္းတေနတာေလးေတြ ျပည့္ဝလာတတ္ပါတယ္။

ေကာင္းေသာ အေျပာင္း အလဲေတြ ႀကဳံေတြ႕လာရတတ္ပါသည္။ ခက္ခဲၾကန႔္ၾကာ ေနသည့္ကိစၥမ်ား အဆင္ ေျပသြားမည္။ အမ်ိဳးသမီးတစ္ဦးရဲ႕ အကူအညီေကာင္းမ်ား ရရွိလိမ့္မည္။ စပ္တူလုပ္ငန္း ေတြလည္း စီစဥ္ရတတ္ ပါသည္။

မိသားစုအတြင္း အဆင္မေျပ ျဖစ္ေနတဲ့ကိစၥတစ္ခု အဆင္ေျပသြားပါ မယ္။ ပစၥည္းတစ္ခု အဝယ္၊ အေရာင္းကိစၥမ်ားမွာေတာ့ ညႇိမရ၊ ႏႈိင္းမရဆိုတာ မ်ိဳးေတြ ျဖစ္ေနရ တတ္ပါသည္။

အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ အဆင္ေျပ၊ စိတ္ခ်မ္းသာရမည္။ အိမ္ေထာင္ မရွိ ေသးေသာသူမ်ား မဂၤလာကိစၥမ်ား စီစဥ္ ရတတ္ပါသည္။ ေရာဂါတစ္ခု ေပ်ာက္မွန္းမသိ ေပ်ာက္သြားတတ္ ပါသည္။

ဆရာသမား၊ ႀကီးကဲသူေတြရဲ႕ အထင္အျမင္လြဲျခင္းမ်ားကိုလည္း ခံစားရတတ္ပါသည္။ သြားရင္း၊ လာရင္းနဲ႔ အႏၲရာယ္ႀကဳံကာ အမႈပြားရတာမ်ိဳးေတြလည္း ႀကဳံေတြ႕ေနရတတ္ပါသည္။ ဝန္ထမ္းမ်ား ေနရာရလြယ္ပါတယ္။

လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ေထာက္ခံျခင္းကိုရတတ္ပါတယ္။တစ္ပါးသူ ေတြရဲ႕ အခက္အခဲေတြကိုလဲ ကူညီႏိုင္ပါ လိမ့္ မယ္။ ပညာေရးနဲ႔ပတ္သက္ၿပီးေတာ့လဲ မိမိရဲ႕ႀကိဳးစားလိုမႈေၾကာင့္အဆင္ေျပပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/2/8 အထူးေဟာ စိတ္ၾကည္ႏူးေပ်ာ္႐ႊင္ရမည္။ ယၾတာ အေၾကာ္စုံဘုရားကပ္လႉပါ။

ၾကာသပေတး

ဒီကာလေတြမွာေတာ့ မိမိအတြက္အၾကပ္အတည္းအခက္အခဲေတြကို ရင္ဆိုင္ရတတ္ပါတယ္။ ဥပေဒနဲ႔ မလြတ္ကင္းတာေတြလုပ္ကိုင္သူမ်ား ဥပေဒရဲ႕အဆုံးအမကိုခံယူရတတ္ပါတယ္။

ခြဲစိပ္ကုသရမဲ့သူမ်ား ေအာင္ျမင္မႈ ေတြရလြယ္ပါတယ္။ ေကာင္းေသာအေျပာင္းအလဲေတြ ထူးထူးျခားျခား ျဖစ္လာတတ္ပါသည္။ အထူးသျဖင့္ အေတြး အေခၚ ပိုင္းဆိုင္ရာ၊ ခံယူခ်က္ပိုင္းဆိုင္ရာ စိတ္သေဘာထား အေျပာင္းအလဲေတြ ျဖစ္ေပၚလာတတ္ပါသည္။

အလုပ္ မွာ လည္း ေကာင္းေသာအေျပာင္းအလဲေတြ ႀကဳံေတြ႕ရတတ္ပါတယ္။ အိမ္သူ၊ အိမ္သားအခ်င္းခ်င္း စကား မ်ား ရန္ ျဖစ္ ရတတ္ပါတယ္။

အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလည္း ႀကီးကဲသူေတြကို အေၾကာင္းျပၿပီး အဆင္မေျပမႈ ႀကီးစြာ ျဖစ္တတ္ပါတယ္။ ရပ္ေဝးကပစၥည္းေတြလည္း ဝင္လာတတ္ပါတယ္။

ခက္ခဲထစ္ေငါ့ေနတဲ့ အေရာင္းအဝယ္ ကိစၥ ေတြ အထူးေအာင္ျမင္သြားပါမယ္။ မိတ္ေဆြေကာင္းေတြရဲ႕ ထိေရာက္တဲ့ အကူအညီေကာင္းေတြလည္း ရရွိ ပါမယ္။ က်န္းမာေရးကေတာ့ တစ္ေရွာင္ေရွာင္ ျဖစ္ေနရတတ္ပါတယ္။

အိမ္ကိုလာတဲ့လူနာ ဧည့္သည္မ်ားကိုလည္း ကူညီရ တတ္ပါတယ္။ ေဆြမ်ိဳး၊ မိတ္ေဆြရင္းမ်ားထဲက ႀကီးကဲသူတစ္ဦး အမႈအခင္းမ်ား ႀကဳံေတြ႕ရတတ္ပါတယ္။ ပညာေရး ကေတာ့ ကံကမေပးတာေၾကာင့္ ဉာဏ္ဝီရိယေတြစိုက္ထုတ္ရလိမ့္မယ္။

အက်ိဳးေပးဂဏန္း 2/3/9 အထူးေဟာ ကံအားနည္းေနပါတယ္။ ယၾတာ ေငြ၂၀၀ခန႔္ပံ့သကူပစ္ပါ။

ေသာၾကာ

ဒီကာလအတြင္းေငြကုန္ေၾကးက်ေတြမ်ားေနရတတ္ပါတယ္။ တစ္ခုေကာင္းတာကေတာ့ အဓိဌာန္ဝင္ျခင္း ေတြ၊ ေစတီေတြလွည့္ၿပီး ပုတီးစိပ္တာမ်ိဳးေတြကေတာ့ ဒီလိုေန႔ရက္ေတြမွာလုပ္ေဆာင္မယ္ဆိုရင္ အက်ိဳးထူး တတ္ ပါတယ္။

သံေယာဇဥ္ အရမ္းမ်ားေနသူဆိုအလုပ္မျဖစ္ပါဘူး။ အလုပ္ေပၚအာ႐ုံစိုက္ႏိုင္မွာမဟုတ္ပါဘူး။ ဒါေပမဲ့ အေျခ အေန ေကာင္း ရလဒ္ေကာင္းေတြရွိပါလိမ္မ့ယ္။ မိမိဆုံးျဖတ္ခ်က္ေတြက ေတြေဝေန တတ္ပါတယ္။

စားဝတ္ ေနေရးေျပလည္ဖို႔ေငြေနာက္ပဲလိုက္ရမလား ။ပညာရမဲ့အလုပ္ေတြပဲလုပ္ရမလားစသည္ျဖင့္ ေတြေဝဒြိဟ ျဖစ္ရတာ ေတြ မ်ားတတ္ပါတယ္။ ရပ္ေဝးသြားၿပီး စီးပြားရွာျခင္းမ်ား အဆင္ေျပဖို႔မလြယ္ပါဘူး။

စပ္တူ အလုပ္ေတြဆို ရွယ္ယာ ဝင္ေတြႏႈတ္ထြက္သြား တတ္ပါတယ္။ သူတစ္ပါး ေတြေျပာစကားကိုမယုံပါနဲ႔ ။ မ်က္ျမင္ကိုယ္ေတြ႕မဟုတ္တဲ့ ကိစၥ ေတြကို ဘယ္သူကိုမွယုံၿပီးလက္မခံလိုက္ပါနဲ႔။

ေငြေခ်းတာမ်ိဳး စုမဲစုတာမ်ိဳးေတြကိုလက္ေရွာင္သင့္တဲ့ေန႔ရက္ေတြ ပါပဲ။ က်န္းမာေရးကေတာ့အညံ့အဆိုးမေတြ႕ေလာက္ေအာင္နည္းပါ တယ္။ က်န္းမာေရးေကာင္းမွာပါ။

အခ်စ္ေရး ကေတာ့ အေကာင္းဘက္ကို မ်ားပါတယ္။ ခ်စ္လြန္းအားႀကီးၿပီး သဝန္တိုတဲ့ကိစၥေတြေပၚလာရင္ေတာ့ ျပႆနာျဖစ္ရ တတ္ပါ တယ္။

အိမ္ေထာင္ေရးကေတာ့ အိမ္ေထာင္ဘက္က အိမ္မကပ္တာမ်ိဳးေတြရွိေနတတ္ပါတယ္။ ပညာေရး နဲ႔ပတ္သက္ ၿပီးေတာ့အထူးေကာင္းတယ္။

အက်ိဳးေပးဂဏန္း 0/6/3 အထူးေဟာ ဆုံးျဖတ္ခ်က္ေတြခိုင္မာဖို႔လိုပါတယ္။ ယၾတာ သရက္ခ်ဥ္သုပ္ဘုရားကပ္လႉလိုက္ပါ။

စေန

ဒီကာလေတြမွာေတာ့စထားၿပီး ၿပီးဆုံးေအာင္မလုပ္ျဖစ္ေသးတဲ့ကိစၥေတြကို ဒီေန႔မွာျပန္လည္လုပ္ကိုင္ၾကည့္ လိုက္ပါ။ ေသခ်ာ ေပါက္အဆင္ေျပတတ္ပါတယ္။

စက္ကားမ်ားဝယ္မယ္ဆိုရင္လဲ ဒီေန႔ရက္ေတြမွာဝယ္လို႔အလြန္ပဲ ေကာင္း ေနတတ္ ပါတယ္။သူတစ္ပါးေတြရဲ႕ျပႆနာမ်ား အခက္အခဲမ်ားကို မိမိက အႀကံေပးလိုက္တာနဲ႔ အဆင္ေျပ သြားတတ္ပါတယ္။

သူငယ္ခ်င္း၊ မိတ္ေဆြ၊ ေမာင္ႏွမသားခ်င္းမ်ားအတြက္ ဆုံးျဖတ္ရခက္တဲ့ သို႔ေလာသို႔ေလာ အေျခအေန မ်ိဳး ေတြ လည္း ႀကဳံေတြ႕ရတတ္ပါတယ္။ အလုပ္ႏွစ္မ်ိဳး၊ ဝင္ေငြႏွစ္ခု ျဖစ္လာပါမယ္။

အေရးႀကီးေသာ ကိစၥေတြ ႏွစ္မ်ိဳး ႏွစ္ခု တစ္ၿပိဳင္နက္တည္း ႀကဳံလာတတ္၊ ေျဖရွင္းရတတ္ပါတယ္။ ေငြေရး၊ ေၾကးေရးႏွင့္ ပတ္သက္ ၿပီး ေသခ်ာေပါက္ ဝင္ရမွာေတြ လြဲသြား၊ ေခ်ာ္သြားရတတ္ပါတယ္။

ေငြေၾကးစာရင္းဇယား၊ အမွားအယြင္းေတြ အရႈပ္ အေထြး ေတြ လည္း ျဖစ္လာရတတ္ ပါတယ္။ ႏိုင္ငံရပ္ျခား၊ လူမ်ိဳးျခားနဲ႔ ပတ္သက္တဲ့ကိစၥေတြမွာေတာ့ စိတ္စႏိုး စေနာင့္ ျဖစ္ရ တတ္ပါ တယ္။

အခ်စ္ေရးကေတာ့ ခ်စ္သူနဲ႔ နားလည္မႈေတြယူလို႔မရဘဲ စိတ္ဝမ္းကြဲတဲ့အထိျဖစ္ရ တတ္ပါတယ္။ အိမ္ေထာင္ေရး ကေတာ့ အနည္းငယ္ကေတာက္ကဆေတြမ်ားေနရတတ္ပါတယ္။

သိပ္ဆိုးဆိုးဝါးဝါး ေတာ့ မရွိပါဘူး။ ပညာေရး ကေတာ့ ေကာင္းမြန္အဆင္ေျပေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 3/5/8 အထူးေဟာ စီးပြားေရး၊အလုပ္အကိုင္ေကာင္းမည္။ ယၾတာ ႏြားႏို႔ပူပူေလးဘုရားကပ္လႉပါ။

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွကင္းေဝးႏိုင္ၾကပါေစ။ အဓမၼကို ဓမၼကအျမန္တြန္းလွန္ႏိုင္ ၾကပါေစ။

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695/09 44 5555 695

Leave a Reply

Your email address will not be published. Required fields are marked *