ကလေးတွေကို ဘဝမှာအောင်မြင်အောင် ဂျပန်နိုင်ငံ ပညာရေးစနစ်က ပျိုးထောင်ပေးတဲ့ အချက် (၇) ချက်

ကလေးတွေကို ဘဝမှာအောင်မြင်အောင် ဂျပန်နိုင်ငံ ပညာရေးစနစ်က ပျိုးထောင်ပေးတဲ့ အချက် (၇) ချက်

ဂျပန်နိုင်ငံက ပညာရေးကို အလေးပေးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ တစ်နှစ်ကို ကျောင်းတက်ရက် ၂၁၀ ရက် ရှိပါတယ်။ အမေရိကန်နိုင်ငံမှာတောင် ၁၈၀ ရက်ပဲ ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ အောင်မြင်တဲ့ ပညာရေးစနစ်တွေက အချက်အချို့ကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ခဏတာ အိပ်စက်စေခြင်း

ဂျပန်နိုင်ငံမှာ စာသင်ချိန်အတွင်း ကလေးတွေအိပ်နေတာ ပုံမှန်မြင်ကွင်းပါပဲ။ တခြားနိုင်ငံတွေမှာတော့ စာသင်ချိန် အိပ်တာကို လေးစားမှု မရှိတာ၊ ပျင်းတာ စသဖြင့် ယူဆကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ ခဏတာ အနားပေး အိပ်စက်တာက အာရုံတွေကို ပြန်စုစည်းတာပါ။

၂။ ဂျပန်ကလေးတွေက လေးတန်းမရောက်မချင်း စာမေးပွဲ မဖြေရပါဘူး။

ဒီအချက်က ထူးဆန်းနေပါလိမ့်မယ်။ ဂျပန်တွေရဲ့ရည်မှန်းချက်က ကျောင်းတက်တဲ့ ပထမသုံးနှစ်က ကလေးတွေရဲ့ စာရိတ္တနဲ့ အကျင့်ကောင်းတွေကို ပျိုးထောင်ပေးဖို့ပါ။ ကျောင်းတက်ကာစ ပထမသုံးနှစ်မှာ ကလေးတွေကို စိတ်ထားကောင်းဖို့၊ ကိုယ်ချင်းစာတရားရှိဖို့၊ ကရုဏာထားတတ်ဖို့၊ တိရစ္ဆာန်တွေနဲ့ သဘာဝတရားကို ချစ်တတ်ဖို့၊ လူအချင်းချင်း လေးစားတတ်ဖို့ သင်ကြားပေးပါတယ်။

၃။ ကလေးတွေက ကျောင်းကို သူတို့ကိုယ်တိုင် သန့်ရှင်းရေး လုပ်ရပါတယ်။

တခြားနိုင်ငံတွေမှာတော့ ကျောင်းမှာ သန့်ရှင်းရေးလုပ်ဖို့ သန့်ရှင်းရေးဝန်ထမ်းတွေ ရှိပေမယ့် ဂျပန်နိုင်ငံမှာ မရှိပါဘူး။ ကလေးတွေက ကျောင်းစာသင်ခန်း၊ ကျောင်းစားသောက်ဆိုင်၊ သန့်စင်ခန်းတွေ သန့်ရှင်းဖို့ သူတို့ကိုယ်တိုင် တာဝန်ယူရပါတယ်။ သန့်ရှင်းရေးကို ကလေးတွေ အတူတကွ လုပ်ခိုင်းတာ အဖွဲ့အစည်းစိတ်ဓါတ်နဲ့ လုပ်ဆောင်တတ်အောင်၊ ကလေးအချင်းချင်း လေးစားမှု ထားတတ်အောင်လို့ပါ။

၄။ ကလေးတွေက ဆရာ၊ ဆရာမတွေနဲ့အတူ စာသင်ခန်းထဲမှာ ထမင်းအတူတူ စားကြပါတယ်။

ဒီလို စားခြင်းအားဖြင့် ဆရာနဲ့ တပည့်အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တိုးတက်လာစေပါတယ်။ ဂျပန်နိုင်ငံရေး ပညာရေးစနစ်မှာ ကျောင်းသူကျောင်းသားတွေကို အာဟာရမျှတအောင်၊ ကျန်းမာအောင် ကျွေးပါတယ်။ ဂျပန်နိုင်ငံက မူလတန်းကျောင်းနဲ့ junior အထက်တန်းကျောင်းတွေမှာ အစားအစာကို ကျန်းမာရေး နားလည်တဲ့ပညာရှင်တွေက menu ဆွဲပေးပြီး အရည်အချင်း ပြည့်ဝတဲ့ စားဖိုမှူးတွေက ချက်ပြုတ်ပေးကြပါတယ်။

၅။ ဂျပန်နိုင်ငံက ကလေးတွေက ကျောင်းဆင်းရင် ကိုယ်ပိုင်းကျောင်းတွေကို တက်ကြပါသေးတယ်။

အစိုးရကျောင်းကို ၆ နာရီတက်ပြီးတော့ ကိုယ်ပိုင်ကျောင်းတွေမှာ အသစ်အဆန်းတွေကို ဆက်လက်လေ့လာ ကြပါတယ်။ ကိုယ်ပိုင်ကျောင်းက အတန်းတွေက ညနေခင်းတွေမှာ စာသင်ကြပါတယ်။ အဲဒီအခါ အထက်တန်းကျောင်း ကောင်းကောင်းကို ဝင်ခွင့်ရသွားပါတယ်။ ဂျပန်နိုင်ငံက ကျောင်းသူကျောင်းသားတွေက စနေ၊ တနင်္ဂနွေအပြင် အားလပ်ရက်တွေမှာပါ ကျောင်းတက် စာလေ့လာကြပါတယ်။

၆။ ဂျပန်နိုင်ငံ ကျောင်းသူကျောင်းသားတွေက ကျောင်းစာအပြင် ကဗျာနဲ့ ဂျပန်လက်ရေးအတတ်ကိုလည်း သင်ကြားကြပါတယ်။

ဂျပန်လက်ရေးအတတ်ကို Shodo လို့ခေါ်ပြီး စာဖတ်သူကို ခံစားချက်တွေ ပေးနိုင်တဲ့ Haiku ကဗျာရေးနည်းကိုလည်း သင်ကြားကြပါတယ်။ ဒီအတန်းနှစ်တန်းကို သင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ရာစုနှစ်ပေါင်းများစွာ ရှည်ကြာလာတဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာကို လေးစားတတ်အောင်လို့ပါ။

၇။ ကျောင်းသူကျောင်းသားတွေက တူညီဝတ်စုံကို ဝတ်ဆင်ကြပါတယ်။

ကျောင်းဝတ်စုံကို တစ်ညီတစ်ညာတည်း ဝတ်တဲ့အခါ ဘယ်မိသားစုကနေ ဆင်းသက်လာပါစေ၊ အားလုံးက အတူတကွ ဖြစ်သွားပါတယ်။ အဝတ်အစားထက် ကိုယ်ပိုင်အရည်အချင်းကို အားကိုးတတ်လာအောင် သင်ကြားပေးခြင်းလည်း ဖြစ်ပါတယ်။

Bonus

ဂျပန်နိုင်ငံက ကျောင်းတွေမှာ အရောင်တွေကိုလည်း သင်ကြားပေးပါတယ်။

ကလေးတွေကိုယ်တိုင် ရင်းနှီးပြီးသား အရောင်တွေကို ရောစပ်ပြီး အရောင်အသစ်တွေကို ဖန်တီးစေပါတယ်။ ဆနာက်ပိုင်းမှာတော့ အရောင်ရောစပ်ပုံ သီအိုရီတွေကို သင်ကြားပေးပါတယ်။

Zombie (Lovemedia)

ကေလးေတြကို ဘဝမွာေအာင္ျမင္ေအာင္ ဂ်ပန္နိုင္ငံ ပညာေရးစနစ္က ပ်ိဳးေထာင္ေပးတဲ့ အခ်က္ (၇) ခ်က္

ဂ်ပန္နိုင္ငံက ပညာေရးကို အေလးေပးတဲ့ နိုင္ငံတစ္နိုင္ငံ ျဖစ္ပါတယ္။ ဂ်ပန္နိုင္ငံမွာ တစ္ႏွစ္ကို ေက်ာင္းတက္ရက္ ၂၁၀ ရက္ ရွိပါတယ္။ အေမရိကန္နိုင္ငံမွာေတာင္ ၁၈၀ ရက္ပဲ ရွိပါတယ္။ ဂ်ပန္နိုင္ငံရဲ႕ ေအာင္ျမင္တဲ့ ပညာေရးစနစ္ေတြက အခ်က္အခ်ိဳ႕ကို love media ကေန ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ခဏတာ အိပ္စက္ေစျခင္း

ဂ်ပန္နိုင္ငံမွာ စာသင္ခ်ိန္အတြင္း ကေလးေတြအိပ္ေနတာ ပုံမွန္ျမင္ကြင္းပါပဲ။ တျခားနိုင္ငံေတြမွာေတာ့ စာသင္ခ်ိန္ အိပ္တာကို ေလးစားမႈ မရွိတာ၊ ပ်င္းတာ စသျဖင့္ ယူဆၾကပါတယ္။ ဂ်ပန္နိုင္ငံမွာေတာ့ ခဏတာ အနားေပး အိပ္စက္တာက အာ႐ုံေတြကို ျပန္စုစည္းတာပါ။

၂။ ဂ်ပန္ကေလးေတြက ေလးတန္းမေရာက္မခ်င္း စာေမးပြဲ မေျဖရပါဘူး။

ဒီအခ်က္က ထူးဆန္းေနပါလိမ့္မယ္။ ဂ်ပန္ေတြရဲ႕ရည္မွန္းခ်က္က ေက်ာင္းတက္တဲ့ ပထမသုံးႏွစ္က ကေလးေတြရဲ႕ စာရိတၱနဲ႕ အက်င့္ေကာင္းေတြကို ပ်ိဳးေထာင္ေပးဖို႔ပါ။ ေက်ာင္းတက္ကာစ ပထမသုံးႏွစ္မွာ ကေလးေတြကို စိတ္ထားေကာင္းဖို႔၊ ကိုယ္ခ်င္းစာတရားရွိဖို႔၊ က႐ုဏာထားတတ္ဖို႔၊ တိရစ္ဆာန္ေတြနဲ႕ သဘာဝတရားကို ခ်စ္တတ္ဖို႔၊ လူအခ်င္းခ်င္း ေလးစားတတ္ဖို႔ သင္ၾကားေပးပါတယ္။

၃။ ကေလးေတြက ေက်ာင္းကို သူတို႔ကိုယ္တိုင္ သန႔္ရွင္းေရး လုပ္ရပါတယ္။

တျခားနိုင္ငံေတြမွာေတာ့ ေက်ာင္းမွာ သန႔္ရွင္းေရးလုပ္ဖို႔ သန႔္ရွင္းေရးဝန္ထမ္းေတြ ရွိေပမယ့္ ဂ်ပန္နိုင္ငံမွာ မရွိပါဘူး။ ကေလးေတြက ေက်ာင္းစာသင္ခန္း၊ ေက်ာင္းစားေသာက္ဆိုင္၊ သန႔္စင္ခန္းေတြ သန႔္ရွင္းဖို႔ သူတို႔ကိုယ္တိုင္ တာဝန္ယူရပါတယ္။ သန႔္ရွင္းေရးကို ကေလးေတြ အတူတကြ လုပ္ခိုင္းတာ အဖြဲ႕အစည္းစိတ္ဓါတ္နဲ႕ လုပ္ေဆာင္တတ္ေအာင္၊ ကေလးအခ်င္းခ်င္း ေလးစားမႈ ထားတတ္ေအာင္လို႔ပါ။

၄။ ကေလးေတြက ဆရာ၊ ဆရာမေတြနဲ႕အတူ စာသင္ခန္းထဲမွာ ထမင္းအတူတူ စားၾကပါတယ္။

ဒီလို စားျခင္းအားျဖင့္ ဆရာနဲ႕ တပည့္အၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရး တိုးတက္လာေစပါတယ္။ ဂ်ပန္နိုင္ငံေရး ပညာေရးစနစ္မွာ ေက်ာင္းသူေက်ာင္းသားေတြကို အာဟာရမွ်တေအာင္၊ က်န္းမာေအာင္ ေကြၽးပါတယ္။ ဂ်ပန္နိုင္ငံက မူလတန္းေက်ာင္းနဲ႕ junior အထက္တန္းေက်ာင္းေတြမွာ အစားအစာကို က်န္းမာေရး နားလည္တဲ့ပညာရွင္ေတြက menu ဆြဲေပးၿပီး အရည္အခ်င္း ျပည့္ဝတဲ့ စားဖိုမႉးေတြက ခ်က္ျပဳတ္ေပးၾကပါတယ္။

၅။ ဂ်ပန္နိုင္ငံက ကေလးေတြက ေက်ာင္းဆင္းရင္ ကိုယ္ပိုင္းေက်ာင္းေတြကို တက္ၾကပါေသးတယ္။

အစိုးရေက်ာင္းကို ၆ နာရီတက္ၿပီးေတာ့ ကိုယ္ပိုင္ေက်ာင္းေတြမွာ အသစ္အဆန္းေတြကို ဆက္လက္ေလ့လာ ၾကပါတယ္။ ကိုယ္ပိုင္ေက်ာင္းက အတန္းေတြက ညေနခင္းေတြမွာ စာသင္ၾကပါတယ္။ အဲဒီအခါ အထက္တန္းေက်ာင္း ေကာင္းေကာင္းကို ဝင္ခြင့္ရသြားပါတယ္။ ဂ်ပန္နိုင္ငံက ေက်ာင္းသူေက်ာင္းသားေတြက စေန၊ တနဂၤႏြေအျပင္ အားလပ္ရက္ေတြမွာပါ ေက်ာင္းတက္ စာေလ့လာၾကပါတယ္။

၆။ ဂ်ပန္နိုင္ငံ ေက်ာင္းသူေက်ာင္းသားေတြက ေက်ာင္းစာအျပင္ ကဗ်ာနဲ႕ ဂ်ပန္လက္ေရးအတတ္ကိုလည္း သင္ၾကားၾကပါတယ္။

ဂ်ပန္လက္ေရးအတတ္ကို Shodo လို႔ေခၚၿပီး စာဖတ္သူကို ခံစားခ်က္ေတြ ေပးနိုင္တဲ့ Haiku ကဗ်ာေရးနည္းကိုလည္း သင္ၾကားၾကပါတယ္။ ဒီအတန္းႏွစ္တန္းကို သင္ေပးရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ ရာစုႏွစ္ေပါင္းမ်ားစြာ ရွည္ၾကာလာတဲ့ ယဥ္ေက်းမႈနဲ႕ ရိုးရာကို ေလးစားတတ္ေအာင္လို႔ပါ။

၇။ ေက်ာင္းသူေက်ာင္းသားေတြက တူညီဝတ္စုံကို ဝတ္ဆင္ၾကပါတယ္။

ေက်ာင္းဝတ္စုံကို တစ္ညီတစ္ညာတည္း ဝတ္တဲ့အခါ ဘယ္မိသားစုကေန ဆင္းသက္လာပါေစ၊ အားလုံးက အတူတကြ ျဖစ္သြားပါတယ္။ အဝတ္အစားထက္ ကိုယ္ပိုင္အရည္အခ်င္းကို အားကိုးတတ္လာေအာင္ သင္ၾကားေပးျခင္းလည္း ျဖစ္ပါတယ္။

Bonus

ဂ်ပန္နိုင္ငံက ေက်ာင္းေတြမွာ အေရာင္ေတြကိုလည္း သင္ၾကားေပးပါတယ္။

ကေလးေတြကိုယ္တိုင္ ရင္းႏွီးၿပီးသား အေရာင္ေတြကို ေရာစပ္ၿပီး အေရာင္အသစ္ေတြကို ဖန္တီးေစပါတယ္။ ဆနာက္ပိုင္းမွာေတာ့ အေရာင္ေရာစပ္ပုံ သီအိုရီေတြကို သင္ၾကားေပးပါတယ္။

Zombie (Lovemedia)

Leave a Reply

Your email address will not be published. Required fields are marked *