ဖေဖေ့ကိုသတိရလို့ ဓာတ်ပုံကြည့်ပြီး ပုံစံတူအရုပ်လေးလုပ်ကာ အလွမ်းဖြေနေရတယ်ဆိုတဲ့ ကလေးမလေးတစ်ယောက်

ဖေဖေ့ကိုသတိရလို့ ဓာတ်ပုံကြည့်ပြီး ပုံစံတူအရုပ်လေးလုပ်ကာ အလွမ်းဖြေနေရတယ်ဆိုတဲ့ ကလေးမလေးတစ်ယောက်

ဖေဖော်ဝါရီလကတည်းက ပြုလုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာတော့ လူကြီးလူငယ်မရွေး တက်တက်ကြွကြွ ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ် ။ ခွန်အားရှိသလောက် အတတ်နိုင်ဆုံး ကြိုးစားနေကြတဲ့ ပြည်သူတွေက နေ့ဘက်မှာရော ညဘက်မှာပါ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေလည်း ရှိလာခဲ့ပြီဖြစ်တာကြောင့် စိတ်မကောင်းစရာဖြစ်ရပ်တွေကို ကြုံတွေ့လာရတာပဲ ဖြစ်ပါတယ် ။အခုလည်း ပြည်သူတစ်ယောက်က “ဖေဖေကိုသတိရလို့တဲ့ ဖေဖေ့ပုံလေးကို အရုပ်လေးလုပ်ထားတယ် ဦးတဲ့ 😭😭😭😭 သမီးရယ်” ဆိုပြီး ပုံရိပ်တစ်ချို့ကို မျှဝေထားတာ ဖြစ်ပါတယ် ။

ဒီပုံထဲမှာတော့ ကလေးမလေးတစ်ယောက်က ကွယ်လွန်သွားပြီဖြစ်တဲ့ သူမရဲ့ဖခင်ကို သတိရလွမ်းဆွတ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကလေးမလေးက ဖခင်ဖြစ်သူရဲ့ဓာတ်ပုံကိုကြည့်ပြီး ပုံစံတူ အရုပ်လေးတစ်ရုပ်ပြုလုပ်ကာ အလွမ်းဖြေနေတာပဲ ဖြစ်ပါတယ် ။

ကလေးမလေးက သူမလုပ်ထားတဲ့အရုပ်လေးကိုကိုင်ပြီး ဖခင်ဖြစ်သူရဲ့ဓာတ်ပုံနဲ့ အင်္ကျီချထားတဲ့နေရာမှာ ထိုင်နေခဲ့တာ ဖြစ်ပါတယ် ။ ဖခင်ကိုသတိရစိတ်နဲ့ ပုံဖော်ခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ ဂျုံအရုပ်လေးက တကယ့်ကို စိတ်မကောင်းဖြစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ဒီကလေးရဲ့ပုံတွေကို တင်ခဲ့တဲ့သူရဲ့Post အောက်မှာလည်း ပြည်သူတွေက ကလေးအတွက် အားပေးနှစ်သိမ့်စကားတွေ ပြောပေးခဲ့ကြတာလည်း ဖြစ်ပါတယ် ။ ဖခင်ကိုသတိရလို့ ပုံစံတူအရုပ်လုပ်ရင်း အလွမ်းဖြေနေတဲ့ ကလေးမလေးရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi

ေဖေဖ့ကိုသတိရလို႔ ဓာတ္ပုံၾကည့္ၿပီး ပုံစံတူအ႐ုပ္ေလးလုပ္ကာ အလြမ္းေျဖေနရတယ္ဆိုတဲ့ ကေလးမေလးတစ္ေယာက္

ေဖေဖာ္ဝါရီလကတည္းက ျပဳလုပ္ခဲ့တဲ့ လူထုလႈပ္ရွားမႈပြဲေတြမွာေတာ့ လူႀကီးလူငယ္မေ႐ြး တက္တက္ႂကြႂကြ ပါဝင္လာခဲ့ၾကတာ ျဖစ္ပါတယ္ ။ ခြန္အားရွိသေလာက္ အတတ္နိုင္ဆုံး ႀကိဳးစားေနၾကတဲ့ ျပည္သူေတြက ေန႕ဘက္မွာေရာ ညဘက္မွာပါ နည္းလမ္းမ်ိဳးစုံနဲ႕ ဆႏၵထုတ္ေဖာ္ေနၾကတာ ျဖစ္ပါတယ္ ။

ဒါေပမဲ့လည္း လူထုလႈပ္ရွားမႈျပဳလုပ္ရင္းနဲ႕ အသက္ေပးသြားခဲ့ရတဲ့ ျပည္သူေတြလည္း ရွိလာခဲ့ၿပီျဖစ္တာေၾကာင့္ စိတ္မေကာင္းစရာျဖစ္ရပ္ေတြကို ႀကဳံေတြ႕လာရတာပဲ ျဖစ္ပါတယ္ ။အခုလည္း ျပည္သူတစ္ေယာက္က “ေဖေဖကိုသတိရလို႔တဲ့ ေဖေဖ့ပုံေလးကို အ႐ုပ္ေလးလုပ္ထားတယ္ ဦးတဲ့ 😭😭😭😭 သမီးရယ္” ဆိုၿပီး ပုံရိပ္တစ္ခ်ိဳ႕ကို မွ်ေဝထားတာ ျဖစ္ပါတယ္ ။

ဒီပုံထဲမွာေတာ့ ကေလးမေလးတစ္ေယာက္က ကြယ္လြန္သြားၿပီျဖစ္တဲ့ သူမရဲ႕ဖခင္ကို သတိရလြမ္းဆြတ္ေနတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ကေလးမေလးက ဖခင္ျဖစ္သူရဲ႕ဓာတ္ပုံကိုၾကည့္ၿပီး ပုံစံတူ အ႐ုပ္ေလးတစ္႐ုပ္ျပဳလုပ္ကာ အလြမ္းေျဖေနတာပဲ ျဖစ္ပါတယ္ ။

ကေလးမေလးက သူမလုပ္ထားတဲ့အ႐ုပ္ေလးကိုကိုင္ၿပီး ဖခင္ျဖစ္သူရဲ႕ဓာတ္ပုံနဲ႕ အကၤ်ီခ်ထားတဲ့ေနရာမွာ ထိုင္ေနခဲ့တာ ျဖစ္ပါတယ္ ။ ဖခင္ကိုသတိရစိတ္နဲ႕ ပုံေဖာ္ခဲ့တဲ့ ကေလးတစ္ေယာက္ရဲ႕ ဂ်ဳံအ႐ုပ္ေလးက တကယ့္ကို စိတ္မေကာင္းျဖစ္စရာေကာင္းေနတာပဲ ျဖစ္ပါတယ္ ။

ဒါေၾကာင့္ ဒီကေလးရဲ႕ပုံေတြကို တင္ခဲ့တဲ့သူရဲ႕Post ေအာက္မွာလည္း ျပည္သူေတြက ကေလးအတြက္ အားေပးႏွစ္သိမ့္စကားေတြ ေျပာေပးခဲ့ၾကတာလည္း ျဖစ္ပါတယ္ ။ ဖခင္ကိုသတိရလို႔ ပုံစံတူအ႐ုပ္လုပ္ရင္း အလြမ္းေျဖေနတဲ့ ကေလးမေလးရဲ႕ပုံရိပ္ေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *