ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့
******************************
တစ်ခါက ရွာတစ်ရွာမှာလူ၂ယောက် တစ်နေကုန်စကားများငြင်းခုန်နေကြတယ်။ တစ်ယောက်က ၈x၃=၂၁ လို့ပြောတယ်။ နောက်တစ်ယောက်က “မဟုတ်ဘူး မှားနေတယ်။ ၈x၃=၂၄ မှ အမှန်” ဆိုပြီး စကားများကြတာ ရွာသူကြီးအိမ်ရောက်လာကြတယ်။
သူကြီးက ဖြစ်စဉ်ကိုနားထောင်ပြီး၂၄ လို့ပြောတဲ့သူကို ကြိမ်ဒဏ်ပေးခိုင်းလိုက်တယ်။ ရိုက်ခံရတဲ့သူကမကျေမနပ်နဲ့ သူကြီးကို ပြန်ပြောတယ်။ သူမမှားဘဲနဲ့ ဘာလို့ ကြိမ်ဒဏ်ပေးခံရသလဲပေါ့။
သူကြီးကပြောတယ် ၈x၃ =၂၁ လို့ပြောတဲ့သူနဲ့ တစ်နေ ကုန် ငြင်းခုန်ပြီးစကားများနိုင်ရအောင် မင်းလောက်အသိဉာဏ်မရှိတဲ့သူကို အပြစ်မပေးရင် ဘယ်သူ့ကို အပြစ်ပေးရမလဲဆိုပြီး ပြောပါတယ်။
ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာလည်း ဒီလိုလူတွေနဲ့ အမြဲတွေ့ရတတ်ပါတယ်။ လျှာအရိုးမရှိတိုင်းပေါက်တတ်ကရတွေပြောပြီး သူထင်ရာပဲအမြဲမှန်တယ်လို့ထင်နေတတ်တဲ့သူနဲ့ ပြိုင်ငြင်းရင် ပါးစပ် ( ၁၀) ပေါက်လောက်ပါလဲ ပြိုင်ငြင်းနိုင်မှာမဟုတ်ပါဘူး။
နောက်ဆုံး ဒုက္ခရောက်ပြီး ဉာဏ်မရှိတဲ့လူက ကိုယ်ဖြစ်သွားနိုင်ပါတယ်။ ဒီအတိုင်းလွှတ်ထားလိုက်တာကပိုအဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် ဉာဏ် မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့
မူရင်း – Credit
Zawgyi
ဉာဏ္မရွိတဲ့သူနဲ႕ ၿပိဳင္မျငင္းပါနဲ႕
******************************
တစ္ခါက ႐ြာတစ္႐ြာမွာလူ၂ေယာက္ တစ္ေနကုန္စကားမ်ားျငင္းခုန္ေနၾကတယ္။ တစ္ေယာက္က ၈x၃=၂၁ လို႔ေျပာတယ္။ ေနာက္တစ္ေယာက္က “မဟုတ္ဘူး မွားေနတယ္။ ၈x၃=၂၄ မွ အမွန္” ဆိုၿပီး စကားမ်ားၾကတာ ႐ြာသူႀကီးအိမ္ေရာက္လာၾကတယ္။
သူႀကီးက ျဖစ္စဥ္ကိုနားေထာင္ၿပီး၂၄ လို႔ေျပာတဲ့သူကို ႀကိမ္ဒဏ္ေပးခိုင္းလိုက္တယ္။ ရိုက္ခံရတဲ့သူကမေက်မနပ္နဲ႕ သူႀကီးကို ျပန္ေျပာတယ္။ သူမမွားဘဲနဲ႕ ဘာလို႔ ႀကိမ္ဒဏ္ေပးခံရသလဲေပါ့။
သူႀကီးကေျပာတယ္ ၈x၃ =၂၁ လို႔ေျပာတဲ့သူနဲ႕ တစ္ေန ကုန္ ျငင္းခုန္ၿပီးစကားမ်ားနိုင္ရေအာင္ မင္းေလာက္အသိဉာဏ္မရွိတဲ့သူကို အျပစ္မေပးရင္ ဘယ္သူ႕ကို အျပစ္ေပးရမလဲဆိုၿပီး ေျပာပါတယ္။
ကြၽန္ေတာ္တို႔ ေဘးပတ္ဝန္းက်င္မွာလည္း ဒီလိုလူေတြနဲ႕ အၿမဲေတြ႕ရတတ္ပါတယ္။ လွ်ာအရိုးမရွိတိုင္းေပါက္တတ္ကရေတြေျပာၿပီး သူထင္ရာပဲအၿမဲမွန္တယ္လို႔ထင္ေနတတ္တဲ့သူနဲ႕ ၿပိဳင္ျငင္းရင္ ပါးစပ္ ( ၁၀) ေပါက္ေလာက္ပါလဲ ၿပိဳင္ျငင္းနိုင္မွာမဟုတ္ပါဘူး။
ေနာက္ဆုံး ဒုကၡေရာက္ၿပီး ဉာဏ္မရွိတဲ့လူက ကိုယ္ျဖစ္သြားနိုင္ပါတယ္။ ဒီအတိုင္းလႊတ္ထားလိုက္တာကပိုအဆင္ေျပနိုင္ပါတယ္။ ဒါေၾကာင့္ ဉာဏ္ မရွိတဲ့သူနဲ႕ ၿပိဳင္မျငင္းပါနဲ႕
မူရင္း – Credit