နိုင်ငံရေးကို ဗန်းပြပြီး အပြောနဲ့အလုပ် လုံးဝမညီခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်ရှုံချခြင်းကို ခံနေရတဲ့ နွယ်ဒါလီထွန်း

နိုင်ငံရေးကို ဗန်းပြပြီး အပြောနဲ့အလုပ် လုံးဝမညီခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်ရှုံချခြင်းကို ခံနေရတဲ့ နွယ်ဒါလီထွန်း

သရုပ်ဆောင် နွယ်ဒါလီထွန်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူလမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်အတော်ကြာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ဂျူလိုင်လလောက်က Facebook ပေါ်တွင် ပို့စ်တစ်ခု ရေးသားခဲ့ဖူးပါတယ်။

ဒါကတော့ ၅၀၅(က) ပြုတ်ဖို့အတွက် ခံဝန်ကတိထိုးပြီး အိမ်မှာအေးဆေးပြန်နေသူများထဲတွင် သူမ မပါကြောင်းပွင့်ပွင့်လင်းလင်း အသိပေးလာခဲ့တဲ့ စာလေးတစ်ခု ဖြစ်ပါတယ်။ ” ဒီလမ်းကို လူများလို့ လိုက်လျှောက်ခဲ့တာမဟုတ်ဘူး။ လက်နက်ရှိရင် ဘာမဆို လုပ်လို့ရတယ်ထင်နေတဲ့ အာဏာရှင်စနစ်ကို မကြိုက်လို့တော်လှန်တာ။ ပြည်သူကို ထီမထင်ဘဲ ငါတို့ကြိုက်တာလုပ်မယ် မကျေနပ်ရင် သတ်ပစ်မယ်ဆိုတဲ့ နိုင်ငံကို လုပ်ချင်တာလုပ်နေတဲ့ အာဏာရှင်ကို အနာဂာတ်ကလေးတွေဆီ မသွားနိုင်အောင်လို့ ငါတို့အနာခံပြီး ရပ်တန့်ပစ်နေတာ” ဆိုပြီးရေးသားခဲ့ဖူးတာ ဖြစ်ပါတယ်။

ဒီလိုတွေ ရေးပြီး မကြာခင်မှာပဲ သူမကိုယ်တိုင် ၅၀၅(က) ပြုတ်ဖို့ ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ရပြီး အခုချိန်မှာတော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေပြီ ဖြစ်ပါတယ်။ ပရိသတ်တစ်ချို့ကလည်း နိုင်ငံရေးကို ဗန်းပြပြီး အပြောနဲ့အလုပ် လုံးဝမညီခဲ့တဲ့အတွက် ဝေဖန်ရှုံ့ချနေကြတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ဒီပို့စ်အောက်မှာ ရေးသားပေးခဲ့ကြပါဦးနော်။

Zawgyi

ႏိုင္ငံေရးကို ဗန္းျပၿပီး အေျပာနဲ႔အလုပ္ လုံးဝမညီခဲ့တဲ့အတြက္ ပရိသတ္ေတြရဲ႕ ေဝဖန္ရႈံခ်ျခင္းကို ခံေနရတဲ့ ႏြယ္ဒါလီထြန္း

သ႐ုပ္ေဆာင္ ႏြယ္ဒါလီထြန္းကေတာ့ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူလမ္းေပၚထြက္ၿပီး ဆႏၵျပခဲ့တာေၾကာင့္ စစ္ေကာင္စီဘက္မွ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆို အေရးယူခဲ့တာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္အေတာ္ၾကာ ေဘးကင္းရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနခဲ့ရတာ ျဖစ္ပါတယ္။ သူမဟာ လြန္ခဲ့တဲ့ ဂ်ဴလိုင္လေလာက္က Facebook ေပၚတြင္ ပို႔စ္တစ္ခု ေရးသားခဲ့ဖူးပါတယ္။

ဒါကေတာ့ ၅၀၅(က) ျပဳတ္ဖို႔အတြက္ ခံဝန္ကတိထိုးၿပီး အိမ္မွာေအးေဆးျပန္ေနသူမ်ားထဲတြင္ သူမ မပါေၾကာင္းပြင့္ပြင့္လင္းလင္း အသိေပးလာခဲ့တဲ့ စာေလးတစ္ခု ျဖစ္ပါတယ္။ ” ဒီလမ္းကို လူမ်ားလို႔ လိုက္ေလွ်ာက္ခဲ့တာမဟုတ္ဘူး။ လက္နက္ရွိရင္ ဘာမဆို လုပ္လို႔ရတယ္ထင္ေနတဲ့ အာဏာရွင္စနစ္ကို မႀကိဳက္လို႔ေတာ္လွန္တာ။ ျပည္သူကို ထီမထင္ဘဲ ငါတို႔ႀကိဳက္တာလုပ္မယ္ မေက်နပ္ရင္ သတ္ပစ္မယ္ဆိုတဲ့ ႏိုင္ငံကို လုပ္ခ်င္တာလုပ္ေနတဲ့ အာဏာရွင္ကို အနာဂာတ္ကေလးေတြဆီ မသြားႏိုင္ေအာင္လို႔ ငါတို႔အနာခံၿပီး ရပ္တန႔္ပစ္ေနတာ” ဆိုၿပီးေရးသားခဲ့ဖူးတာ ျဖစ္ပါတယ္။

ဒီလိုေတြ ေရးၿပီး မၾကာခင္မွာပဲ သူမကိုယ္တိုင္ ၅၀၅(က) ျပဳတ္ဖို႔ ခံဝန္ကတိ လက္မွတ္ေရးထိုးခဲ့ရၿပီး အခုခ်ိန္မွာေတာ့ ပုံမွန္အတိုင္း သြားလာလႈပ္ရွားေနၿပီ ျဖစ္ပါတယ္။ ပရိသတ္တစ္ခ်ိဳ႕ကလည္း ႏိုင္ငံေရးကို ဗန္းျပၿပီး အေျပာနဲ႔အလုပ္ လုံးဝမညီခဲ့တဲ့အတြက္ ေဝဖန္ရႈံ႕ခ်ေနၾကတာ ျဖစ္ပါတယ္။ ကဲ ပရိသတ္ႀကီးရဲ႕ အျမင္ေတြကိုလည္း ဒီပို႔စ္ေအာက္မွာ ေရးသားေပးခဲ့ၾကပါဦးေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *