စခန်းဟောင်းလေးကိုပြန်ရောက်ခဲ့ပြီးအမှတ်တရတွေကိုပြောပြလာတဲ့ ထားထက်ထက်

စခန်းဟောင်းလေးကိုပြန်ရောက်ခဲ့ပြီးအမှတ်တရတွေကိုပြောပြလာတဲ့ ထားထက်ထက်

လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်မတို့ စတည်ခဲ့တဲ့ စခန်းရဲ့အပါတ်စဉ် (၃) သင်တန်းဆင်းပွဲ ကို ပြန်သွားဖြစ်ခဲ့ပါတယ်

လုံခြုံရေးအရ စခန်းကနေ ထွက်ခွါခဲ့ရပေမယ့် အဲ့ဒီနေရာလေးက အမှတ်တရပေါင်း များစွာနဲ့ပါ.နံနက်လင်းချိန် သွေးသစ္စာသီချင်းဆိုပြီးတာနဲ့ ရတဲ့ ၁၀ မိနစ်လောက်ကို ရအောင်ပြန်အိပ်ကြတဲ့ ကိုတယောတို့ အိုင်တီတို့ စတဲ့ ညီအကို တွေ.အိမ်သာ ၃ ခန်း ကို လူ ၆၀ လောက် တန်းစီ ကြရတာတွေကျွန်မက မျက်နှာသစ်ဖို့ ရေဖွင့်ရင်း ပိုက်ပြုတ်ပြီး တကိုယ်လုံးရွှဲကုန်တာကို လှမ်းရယ်နေတဲ့ ကိုတယောပြုတ်နေတဲ့ ရေပိုက် ကို ဆက်လိုက် ၊ နောက်တနေရာက ထပ်ပြုတ်လိုက် ၊ ထပ်ဆက်လိုက် ဖြစ်ခဲ့ရတာတွေ…

ဖုန်းတွေရဲ့ နှိုးစက်ကြောင့် အမြဲ ဘူနေတဲ့ ဆရာမဒုစရိုက် တဲဟောင်း နဲ့ ကျိုးကြီး ကျိုးလေးတို့ အဖွဲ့တွေ… ပြောရရင် မကုန်တော့ပါဘူးတစ်ယောက်ချင်းစီက အစ အသေးစိတ် အမှတ်တရရှိပါတယ်…အမြဲ ပြန်တွေးဖြစ်နေတဲ့ မိသားစုလို နေရာဟောင်းလေး ဆီ ပြန်ရတဲ့ အခါ နွေးထွေးသလို တိုးတက်မှုတွေကြောင့် အမြဲ ကျေနပ်ရတဲ့ နေရာလေး…

သင်တန်း အပါတ်စဉ် ၃ ခု ရှိခဲ့ပြီ …လေ့ကျင့်ပေးပြီးသူ ထောင်ဂဏန်း နီးပါးရှိခဲ့ပြီ .PDF တပ်တော် က အသိအမှတ်ပြု ရဲဘော်ကြီးတွေ အပြင် သင်တန်းနည်းပြ ပြန်ဖြစ်နေပြီဖြစ်တဲ့ ဂုဏ်ယူစရာ ရှေ့အပါတ်စဉ်တွေက ထူးချွန်ရဲဘော်တွေ…အိမ်နဲ့ဝေးနေပေမယ့် မိသားစုဆီ ပြန်ရောက်ရသလို နွေးထွေးစွာ ကြိုကြတဲ့ အကို ၊ မောင် ၊ အမ ၊ ညီမ ၊ နှမ တွေကျေးဇူးတင် ချစ်ခင်ရပါတယ် …

ကျွန်မ ထွက်လာခဲ့တဲ့ အခါ မိုးရိက္ခာ နဲ့ ရံပုံငွေ နိုင်သလောက် ထောက်တယ် ဆိုပေမယ့် မောင်လေး Dr. Ready နဲ့ မောင်လေး ခေါခေါ တို့ရဲ့ ရံပုံငွေရရှိရေး ကြိုးစားမှု ကြောင့် စခန်းဟာ ကျွန်မတို့ရှိစဉ်ကထက် ပိုပြီးတိုးတက်လာခဲ့တယ်…

လေးစားကျေးဇူးတင် ဂုဏ်ပြုတယ်နော် ငါ့မောင်တို့… ( စိတ်ထဲ အမြဲရှိပါတယ် )ရုံးအဖွဲ့ ကလဲ တကယ်ကို တိုးတက်အောင် စီမံခန့်ခွဲနိုင်ခဲ့သလို သူတို့ နောက်က ဆက်ခံတဲ့ ရုံးအဖွဲ့သစ်ကို စနစ်တကျ လွှဲပြောင်းလက်ခံ လုပ်ပေးခဲ့တာကလဲ ဂုဏ်ယူစရာကောင်းပါတယ်…

အမ… ကျွန်တော် ရှိုင်းပါ တဲ့ … Shine Htet Zawလက်အုပ်လေး ချီလို့ ကျွန်တော် တို့ကို ကူနိုင်တာကူပါနော် တဲ့ …မိဘ က အမွေပြတ်စွန့်လွှတ် ခံရတာ တွေ့လို့ Facebook မှာ လူတွေ သတိထားမိတဲ့ စခန်းက fundraiser အသစ် မောင်လေး…

နွေဦးတော်လှန်ရေးသာ မပေါ်ပေါက်ခဲ့ရင် မိသားစု နဲ့ နွေးနွေးထွေးထွေးရှိနေရမယ် ကလေး…မျက်နှာက ကလေးရုပ် မပျောက်သေး…သူက စခန်းတခုလုံးရဲ့ fund အတွက် တာဝန်ယူမယ့် ကျွန်မတို့ရဲ့ မျိုးဆက်သစ် လူငယ်…မိဘ အဆုံးအမကောင်း နဲ့ ကြီးရတဲ့ ကလေးမှန်း သိသာလိုက်တာ… အင်မတန် ယဉ်ကျေးတဲ့ မောင်လေး…

လေးစားတယ် မောင်လေးရေ …ကူနိုင်သမျှ ကူပါ့မယ် လို့ ကတိပေးခဲ့သလို တပ်ခွဲရုံးက အသစ်ဖွင့်ထားတဲ့ page ကို လဲ share ပေးပါ့မယ်…ဒီစာကတော့ လေးစားရတဲ့ ရဲဘော်မောင်ယဉ်ကျေးအကြောင်းကို ကြွားလိုက်တဲ့ အကြွားပို့စ် လို့သာ မှတ်သားပြီး စခန်း ကို တိုက်ရိုက် ပံ့ပိုးကြပါလို့ မေတ္တာရပ်ခံလိုက်ရပါတယ် ရှင် …

ကိုယ့်ထက် တော်တဲ့ ယဉ်ကျေးတဲ့ စိတ်ထားပြည့်ဝတဲ့ နောက်မျိုးဆက်ကို တာဝန်တွေ လက်ဆင့်ကမ်းခွင့် ရနေတာကိုက ကျွန်မတို့ တော်လှန်ရေးအတွက် အားတက်စရာပါပဲ…

ထားထက်ထက် 15 October 2021

Zawgyi

စခန္းေဟာင္းေလးကိုျပန္ေရာက္ခဲ့ၿပီးအမွတ္တရေတြကိုေျပာျပလာတဲ့ ထားထက္ထက္

လြန္ခဲ့တဲ့ ရက္ပိုင္းက ကြၽန္မတို႔ စတည္ခဲ့တဲ့ စခန္းရဲ႕အပါတ္စဥ္ (၃) သင္တန္းဆင္းပြဲ ကို ျပန္သြားျဖစ္ခဲ့ပါတယ္

လုံၿခဳံေရးအရ စခန္းကေန ထြက္ခြါခဲ့ရေပမယ့္ အဲ့ဒီေနရာေလးက အမွတ္တရေပါင္း မ်ားစြာနဲ႔ပါ.နံနက္လင္းခ်ိန္ ေသြးသစၥာသီခ်င္းဆိုၿပီးတာနဲ႔ ရတဲ့ ၁၀ မိနစ္ေလာက္ကို ရေအာင္ျပန္အိပ္ၾကတဲ့ ကိုတေယာတို႔ အိုင္တီတို႔ စတဲ့ ညီအကို ေတြ.အိမ္သာ ၃ ခန္း ကို လူ ၆၀ ေလာက္ တန္းစီ ၾကရတာေတြကြၽန္မက မ်က္ႏွာသစ္ဖို႔ ေရဖြင့္ရင္း ပိုက္ျပဳတ္ၿပီး တကိုယ္လုံး႐ႊဲကုန္တာကို လွမ္းရယ္ေနတဲ့ ကိုတေယာျပဳတ္ေနတဲ့ ေရပိုက္ ကို ဆက္လိုက္ ၊ ေနာက္တေနရာက ထပ္ျပဳတ္လိုက္ ၊ ထပ္ဆက္လိုက္ ျဖစ္ခဲ့ရတာေတြ…

ဖုန္းေတြရဲ႕ ႏႈိးစက္ေၾကာင့္ အၿမဲ ဘူေနတဲ့ ဆရာမဒုစ႐ိုက္ တဲေဟာင္း နဲ႔ က်ိဳးႀကီး က်ိဳးေလးတို႔ အဖြဲ႕ေတြ… ေျပာရရင္ မကုန္ေတာ့ပါဘူးတစ္ေယာက္ခ်င္းစီက အစ အေသးစိတ္ အမွတ္တရရွိပါတယ္…အၿမဲ ျပန္ေတြးျဖစ္ေနတဲ့ မိသားစုလို ေနရာေဟာင္းေလး ဆီ ျပန္ရတဲ့ အခါ ေႏြးေထြးသလို တိုးတက္မႈေတြေၾကာင့္ အၿမဲ ေက်နပ္ရတဲ့ ေနရာေလး…

သင္တန္း အပါတ္စဥ္ ၃ ခု ရွိခဲ့ၿပီ …ေလ့က်င့္ေပးၿပီးသူ ေထာင္ဂဏန္း နီးပါးရွိခဲ့ၿပီ .PDF တပ္ေတာ္ က အသိအမွတ္ျပဳ ရဲေဘာ္ႀကီးေတြ အျပင္ သင္တန္းနည္္းျပ ျပန္ျဖစ္ေနၿပီျဖစ္တဲ့ ဂုဏ္ယူစရာ ေရွ႕အပါတ္စဥ္ေတြက ထူးခြၽန္ရဲေဘာ္ေတြ…အိမ္နဲ႔ေဝးေနေပမယ့္ မိသားစုဆီ ျပန္ေရာက္ရသလို ေႏြးေထြးစြာ ႀကိဳၾကတဲ့ အကို ၊ ေမာင္ ၊ အမ ၊ ညီမ ၊ ႏွမ ေတြေက်းဇူးတင္ ခ်စ္ခင္ရပါတယ္ …

ကြၽန္မ ထြက္လာခဲ့တဲ့ အခါ မိုးရိကၡာ နဲ႔ ရံပုံေငြ ႏိုင္သေလာက္ ေထာက္တယ္ ဆိုေပမယ့္ ေမာင္ေလး Dr. Ready နဲ႔ ေမာင္ေလး ေခါေခါ တို႔ရဲ႕ ရံပုံေငြရရွိေရး ႀကိဳးစားမႈ ေၾကာင့္ စခန္းဟာ ကြၽန္မတို႔ရွိစဥ္ကထက္ ပိုၿပီးတိုးတက္လာခဲ့တယ္…

ေလးစားေက်းဇူးတင္ ဂုဏ္ျပဳတယ္ေနာ္ ငါ့ေမာင္တို႔… ( စိတ္ထဲ အၿမဲရွိပါတယ္ )႐ုံးအဖြဲ႕ ကလဲ တကယ္ကို တိုးတက္ေအာင္ စီမံခန႔္ခြဲႏိုင္ခဲ့သလို သူတို႔ ေနာက္က ဆက္ခံတဲ့ ႐ုံးအဖြဲ႕သစ္ကို စနစ္တက် လႊဲေျပာင္းလက္ခံ လုပ္ေပးခဲ့တာကလဲ ဂုဏ္ယူစရာေကာင္းပါတယ္…

အမ… ကြၽန္ေတာ္ ရႈိင္းပါ တဲ့ … Shine Htet Zawလက္အုပ္ေလး ခ်ီလို႔ ကြၽန္ေတာ္ တို႔ကို ကူႏိုင္တာကူပါေနာ္ တဲ့ …မိဘ က အေမြျပတ္စြန႔္လႊတ္ ခံရတာ ေတြ႕လို႔ Facebook မွာ လူေတြ သတိထားမိတဲ့ စခန္းက fundraiser အသစ္ ေမာင္ေလး…ေႏြဦးေတာ္လွန္ေရးသာ မေပၚေပါက္ခဲ့ရင္ မိသားစု နဲ႔ ေႏြးေႏြးေထြးေထြးရွိေနရမယ္ ကေလး…မ်က္ႏွာက ကေလး႐ုပ္ မေပ်ာက္ေသး…

သူက စခန္းတခုလုံးရဲ႕ fund အတြက္ တာဝန္ယူမယ့္ ကြၽန္မတို႔ရဲ႕ မ်ိဳးဆက္သစ္ လူငယ္…မိဘ အဆုံးအမေကာင္း နဲ႔ ႀကီးရတဲ့ ကေလးမွန္း သိသာလိုက္တာ… အင္မတန္ ယဥ္ေက်းတဲ့ ေမာင္ေလး…ေလးစားတယ္ ေမာင္ေလးေရ …ကူႏိုင္သမွ် ကူပါ့မယ္ လို႔ ကတိေပးခဲ့သလို တပ္ခြဲ႐ုံးက အသစ္ဖြင့္ထားတဲ့ page ကို လဲ share ေပးပါ့မယ္…

ဒီစာကေတာ့ ေလးစားရတဲ့ ရဲေဘာ္ေမာင္ယဥ္ေက်းအေၾကာင္းကို ႂကြားလိုက္တဲ့ အႂကြားပို႔စ္ လို႔သာ မွတ္သားၿပီး စခန္း ကို တိုက္႐ိုက္ ပံ့ပိုးၾကပါလို႔ ေမတၱာရပ္ခံလိုက္ရပါတယ္ ရွင္ …ကိုယ့္ထက္ ေတာ္တဲ့ ယဥ္ေက်းတဲ့ စိတ္ထားျပည့္ဝတဲ့ ေနာက္မ်ိဳးဆက္ကို တာဝန္ေတြ လက္ဆင့္ကမ္းခြင့္ ရေနတာကိုက ကြၽန္မတို႔ ေတာ္လွန္ေရးအတြက္ အားတက္စရာပါပဲ…

ထားထက္ထက္ 15 October 2021

Leave a Reply

Your email address will not be published.