ဘဝကို အကောင်းဆုံး ကျော်ဖြတ်နေတဲ့ ကျော်ကျော်နန္ဒ

အလုပ်မှန်သမျှ ဂုဏ်ရှိစွာဆိုတဲ့ စကားအတိုင်း ရိုးသားစွာ ရှာဖွေလုပ်ကိုင်ရင်း ဘဝကို အကောင်းဆုံး ကျော်ဖြတ်နေတဲ့ ကျော်ကျော်နန္ဒ

ကျော်ကျော်နန္ဒကိုတော့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော် ။ သူမတူတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေကို အံ့သြသွားအောင် အမြဲဖန်တီးနိုင်လွန်းတဲ့ ကျော်ကျော်နန္ဒကတော့ သီချင်းတွေလည်းထွက်ရှိခဲ့ပြီး ပရိသတ်တွေကတော့ ဝေဖန်သူ တစ်ဝက် အားပေးသူတစ်ဝက်ပါပဲ။

ကျော်ကျော်နန္ဒကတော့ ဒီကာလတွေမှာ အလုပ်အကိုင်တွေ ရပ်နားထားရပေမယ့်လည်း သူရှာဖွေစုဆောင်းထားတာလေးတွေနဲ့ တတ်နိုင်သလောက်တော့ အချို့နေရာတွေမှာ အလှူအတန်းတွေ ပြုလုပ်လျက်ရှိပါတယ် ။ဒါကြောင့်လည်း သူ့ကို လေးစားချီးကျူးခဲ့ကြတာလည်းဖြစ်ပါတယ် ။

အခုလည်း အလုပ်မှန်သမျှ ဂုဏ်ရှိစွာဆိုတဲ့ စကား အတိုင်း ရိုးသားစွာရှာဖွေ လုပ်ကိုင်ရင်း ဘဝကို အကောင်းဆုံး ကျော်ဖြတ်နေကြောင်း ဖော်ပြလာတာတွေ့ရပါတယ် ။ ဘယ်လိုအလုပ်ပဲ ဖြစ်နေပါစေ ရိုးသားစွာရှာဖွေလုပ်ကိုင်ရင်ကိုပဲ ဘယ်လောက်တန်ဖိုးပဲ ရရ ကိုယ့်ချွေးနှဲစာလေးကို တန်ဖိုးထား ကျေနပ်ပီတိဖြစ်ကြတာပါပဲ ။

ပရိသတ်ကြီးအတွက် ဘဝကို ရိုးသားကြိုးစားစွာ ဖြတ်သန်းနေတဲ့ ကျော်ကျော်နန္ဒရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်

Zawgyi





Leave a Reply

Your email address will not be published.