အမေရိကန်ရှိ လောကချမ်းသာစေတီတွင် မြန်မာနိုင်ငံအတွက် ဘာသာပေါင်းစုံ ဆုတောင်း

အမေရိကန်ရှိ လောကချမ်းသာစေတီတွင် မြန်မာနိုင်ငံအတွက် ဘာသာပေါင်းစုံ ဆုတောင်း

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက နယူးဂျာစီပြည်နယ်၊ နယူးဂျာစီ လောကချမ်းသာစေတီတော်တွင် အမိမြန်မာပြည်ငြိမ်းချမ်း‌စေရန် ရည်စူးပြီး ဆီမီး ၉၀,၀၀၀ ပူဇော်ကာ ဘာသာပေါင်းစုံ တိုင်းရင်းသားများက ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

အောက်တိုဘာလ ၁၇ရက် ညပိုင်းက သီတင်းကျွတ် အထိမ်းအမှတ်အနေဖြင့် ဆီမီးပူဇော်ထွန်းညှိကြခြင်းဖြစ်ပြီး ယခုဆုတောင်းပွဲမှာ စတုတ္ထအကြိမ်မြောက် ဆု‌တောင်းပွဲ ဖြစ်ကြောင်းသိရသည်။

လူမျိုး ဘာသာမရွေး စားသုံးနိုင်ရန် စတုဒီသာပွဲ လာရောက်လှူဒါန်းသူ အလှူရှင် ၁၀ ဦးခန့် နှင့် ဘာသာပေါင်းစုံ တိုင်းရင်းသားညီအကိုမောင်နှမများ ၇၅၀ ကျော် ပါဝင်ဆုတောင်း ကုသိုလ် ယူကြသည်။

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *