ဒိုင်းကိုင်ရင်း အသက်ပေးသွားခဲ့ရတဲ့ မြောက်ဥက္ကလာက သူရဲကောင်း ကိုစန်းဌေး

ဒိုင်းကိုင်ရင်း အသက်ပေးသွားခဲ့ရတဲ့ မြောက်ဥက္ကလာက သူရဲကောင်း ကိုစန်းဌေး

ဒိုင်းကိုင်ရင်း အသက်ပေးသွားခဲ့ရတဲ့ မြောက်ဥက္ကလာက သူရဲကောင်းရဲ့မိသားစုလေးကိုကူညီပေးကြဖို့ တောင်းဆိုလာတဲ့ ပြည်သူတစ်ချို့

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ကျဆုံးသွားတဲ့ ပြည်သူတွေ များပြားခဲ့တာကြောင့် အားလုံးက စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းကြေကွဲခဲ့ရတာပဲ ဖြစ်ပါတယ် ။

မတ်လ (၁၄)ရက်နေ့မှာ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုစန်းဌေးအောင် (ခ) ကိုပိစိကလည်း တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်ခဲ့သူ ဖြစ်ပါတယ် ။ မြောက်ဥက္ကလာမှာနေထိုင်တဲ့ ကိုစန်းဌေးက ရှေ့တန်းကနေ ဒိုင်းကိုင်ပြီး ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ် ။

ရဲရင့်တဲ့စိတ်ဓာတ်ရှိသူဖြစ်ပြီး ပြည်သူတွေကိုကာကွယ်ဖို့ အရှေ့ထွက်ခဲ့တဲ့ ကိုစန်းဌေးကို ပြည်သူတွေကလည်း သူရဲကောင်းအဖြစ် အသိအမှတ်ပြုရင်း ချီးကျူးလေးစားနေကြတာ ဖြစ်ပါတယ် ။ ပြည်သူတစ်ချို့ကလည်း ကိုစန်းဌေးရဲ့မိသားစုကို အလှူငွေတွေသွားရောက်ပေးအပ်ရင်းနဲ့ တစ်ခြားသူတွေပါ လှူဒါန်းလို့ရအောင် အသိပေးပြောပြခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်သွားတဲ့ သူရဲကောင်းက မြောက်ဥက္ကလာမြို့နယ်၊ မေယု (၁) လမ်းမှာနေထိုင်ခဲ့ကြောင်းပြောပြပြီး သူ့ရဲ့မိသားစုကို ကိုယ်တိုင်သွားလှူချင်တဲ့သူတွေအတွက် လိပ်စာကိုပါ လမ်းညွှန်ပေးထားတာ ဖြစ်ပါတယ် ။

ကိုစန်းဌေးရဲ့သူငယ်ချင်းတစ်ယောက်ကတော့ “မြောက်ဥက္ကလာ မြရတနာသပိတ်ကြောင်းမှာ ရဲဝံ့စွာ ချီတတ်ရင်း ကျဆုံးသွားတဲ့ ကျွန်တော့် သူငယ်ချင်းအတွက် အလှူငွေကောက်ခံပါတယ်ခင်ဗျာ မိသားစုကလည်း အဆင်မပြေတာကြောင့် နာရေးအတွက် အကူညီလိုအပ်နေပါသောကြောင့် ဝိုင်းဝန်းကူညီကြပါဦးခင်ဗျာ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အကူအညီတောင်းခံလာခဲ့တာ ဖြစ်ပါတယ် ။

အခုချိန်မှာတော့ သူရဲကောင်း ကိုစန်းဌေးကို ရေဝေးသုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ခဲ့ပြီးပြီဆိုပေမယ့်လည်း ကျန်ရစ်ခဲ့တဲ့သူ့ရဲ့မိသားစုက ကူညီမယ့်သူတွေ လိုအပ်နေဆဲ ဖြစ်ပါတယ် ။ ဒါကြောင့် ပရိသတ်တွေလည်း သဒ္ဓါတရားနည်းများမဆို ကုသိုလ်ပါဝင်လို့ရအောင် မြောက်ဥက္ကလာက သူရဲကောင်းရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Zawgyi

ဒိုင္းကိုင္ရင္း အသက္ေပးသြားခဲ့ရတဲ့ ေျမာက္ဥကၠလာက သူရဲေကာင္း ကိုစန္းေဌး

ဒိုင္းကိုင္ရင္း အသက္ေပးသြားခဲ့ရတဲ့ ေျမာက္ဥကၠလာက သူရဲေကာင္းရဲ႕မိသားစုေလးကိုကူညီေပးၾကဖို႔ ေတာင္းဆိုလာတဲ့ ျပည္သူတစ္ခ်ိဳ႕

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာေတာ့ က်ဆုံးသြားတဲ့ ျပည္သူေတြ မ်ားျပားခဲ့တာေၾကာင့္ အားလုံးက စိတ္မေကာင္းျဖစ္ၿပီး ဝမ္းနည္းေၾကကြဲခဲ့ရတာပဲ ျဖစ္ပါတယ္ ။

မတ္လ (၁၄)ရက္ေန႔မွာ အသက္ေပးသြားခဲ့ရတဲ့ ျပည္သူေတြထဲက တစ္ဦးျဖစ္တဲ့ ကိုစန္းေဌးေအာင္ (ခ) ကိုပိစိကလည္း တစ္ေထာင့္တစ္ေနရာကေန တာဝန္ေက်ပြန္ခဲ့သူ ျဖစ္ပါတယ္ ။ ေျမာက္ဥကၠလာမွာေနထိုင္တဲ့ ကိုစန္းေဌးက ေရွ႕တန္းကေန ဒိုင္းကိုင္ၿပီး ျပည္သူေတြနဲ႔အတူ ဆႏၵထုတ္ေဖာ္ခဲ့တာ ျဖစ္ပါတယ္ ။

ရဲရင့္တဲ့စိတ္ဓာတ္ရွိသူျဖစ္ၿပီး ျပည္သူေတြကိုကာကြယ္ဖို႔ အေရွ႕ထြက္ခဲ့တဲ့ ကိုစန္းေဌးကို ျပည္သူေတြကလည္း သူရဲေကာင္းအျဖစ္ အသိအမွတ္ျပဳရင္း ခ်ီးက်ဴးေလးစားေနၾကတာ ျဖစ္ပါတယ္ ။ ျပည္သူတစ္ခ်ိဳ႕ကလည္း ကိုစန္းေဌးရဲ႕မိသားစုကို အလႉေငြေတြသြားေရာက္ေပးအပ္ရင္းနဲ႔ တစ္ျခားသူေတြပါ လႉဒါန္းလို႔ရေအာင္ အသိေပးေျပာျပခဲ့တာ ျဖစ္ပါတယ္။

ကြယ္လြန္သြားတဲ့ သူရဲေကာင္းက ေျမာက္ဥကၠလာၿမိဳ႕နယ္၊ ေမယု (၁) လမ္းမွာေနထိုင္ခဲ့ေၾကာင္းေျပာျပၿပီး သူ႔ရဲ႕မိသားစုကို ကိုယ္တိုင္သြားလႉခ်င္တဲ့သူေတြအတြက္ လိပ္စာကိုပါ လမ္းၫႊန္ေပးထားတာ ျဖစ္ပါတယ္ ။

ကိုစန္းေဌးရဲ႕သူငယ္ခ်င္းတစ္ေယာက္ကေတာ့ “ေျမာက္ဥကၠလာ ျမရတနာသပိတ္ေၾကာင္းမွာ ရဲဝံ့စြာ ခ်ီတတ္ရင္း က်ဆုံးသြားတဲ့ ကြၽန္ေတာ့္ သူငယ္ခ်င္းအတြက္ အလႉေငြေကာက္ခံပါတယ္ခင္ဗ်ာ မိသားစုကလည္း အဆင္မေျပတာေၾကာင့္ နာေရးအတြက္ အကူညီလိုအပ္ေနပါေသာေၾကာင့္ ဝိုင္းဝန္းကူညီၾကပါဦးခင္ဗ်ာ” ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္ အကူအညီေတာင္းခံလာခဲ့တာ ျဖစ္ပါတယ္ ။

အခုခ်ိန္မွာေတာ့ သူရဲေကာင္း ကိုစန္းေဌးကို ေရေဝးသုသာန္သို႔ ပို႔ေဆာင္ သၿဂႋဳဟ္ခဲ့ၿပီးၿပီဆိုေပမယ့္လည္း က်န္ရစ္ခဲ့တဲ့သူ႔ရဲ႕မိသားစုက ကူညီမယ့္သူေတြ လိုအပ္ေနဆဲ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ပရိသတ္ေတြလည္း သဒၶါတရားနည္းမ်ားမဆို ကုသိုလ္ပါဝင္လို႔ရေအာင္ ေျမာက္ဥကၠလာက သူရဲေကာင္းရဲ႕အေၾကာင္းကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *