တစ်ချိန်က ပုံရိပ်လေးတွေကြည့်ရင်း ခင်ပွန်းဖြစ်သူနဲ့ ပြန်ဆုံခွင့်ရချင်ကြောင်း ရင်ဖွင့်လာတဲ့ ကိုပေါက်ဇနီး
ဒါရိုက်တာကိုပေါက်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီးအနုပညာလောကမှာ နေရာတစ်ခုကိုရယူထားကာပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။
ကိုပေါက်က ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း တစ်ထောင့်တစ်နေရာကနေအားကြိုးမာန်တက်ပါဝင်ကာလူထုလှုပ်ရှားမှုတွေမျိုးစုံကို တက် တက်ကြွကြွလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် အခုချိန်မှာတော့ ကိုပေါက်ကဖမ်းဝရမ်းထုတ်ခံထားရတာကြောင့်မိသားစုနဲ့ ခွဲခွာပြီးထွက်ပြေးတိမ်း ရှောင်နေရပါတယ် ။
ပရိသတ်တွေရော မိတ်ဆွေတွေကပါ ကိုပေါက်တို့ မိသားစုလေး အမြန်ပြန်ဆုံနိုင်ဖို့ကိုလည်းဆုတောင်းပေးနေကြတာ ဒီနေ့အထိပါပဲ။အခုလည်း ဇနီးဖြစ်သူက ဒီနှစ် သီတင်းကျွတ်ကာလလေးမှာ မိသားစု အတူတူ မရှိနိုင်တာကြောင့် အတိုင်းမသိ
ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြောင်းကို တစ်ချိန်ကအမှတ်တရလေးတွေနဲ့ အတူ ” ဒီနှစ် သီတင်းကျွတ်မှာမိသားစုတွေမစုံရပေမယ့် တန် ဆောင်တိုင်မီးထွန်းပွဲမှာပြန်ဆုံရရင်သိပ်ကောင်းမှာပဲ ”ရေးသားထားရာပရိသတ်ကြီးအ တွက်ပြန်လည်ဖော်ပြပေးရင်းအမြန်ပြန်ဆုံနိုင်ကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
Zawgyi