မင်းကိုနိုင်ကို “အဲ့ကောင် ဘယ်ရောက်နေလဲ” ဆိုပီးမေးလိုက်တဲ့ မင်းအုပ်စိုး
မင်းကိုနိုင်ကို “အဲ့ကောင် ဘယ်ရောက်နေလဲ” ဆိုပီးမေးလိုက်တဲ့ မင်းအုပ်စိုး
သူဘယ်မှာလဲ ကျောင်းနံရံတဝိုက်မှာ ဒေါင်းအလံတွေပြန်စိုက်မယ်ဆိုပြီး ကျောင်းသားလေးတွေကို မြှောက်ပေးခဲ့တဲ့ကောင်
တွဲတိုင်းမှာ စက်ခေါင်းရှိတယ်ဆိုတဲ့စကားနဲ့ ပြည်သူတွေကိုမြှောက်ပေးခဲ့တဲ့ကောင်
အဆုံးသတ်တိုက်ပွဲ နိုင်ကိုနိုင်ရမယ်ဆိုပြီး လူငယ်လေးတွေကိုသေတွင်းထဲ မရောက်ရောက်အောင်စကားလုံးတွေနဲ့ နားပေါင်းများစွာကိုအဆိပ်ခတ်ခဲ့တဲ့ကောင်
စစ်မှန်တဲ့ယုံကြည်ချက် ရဲရင့်ပြတ်သားတဲ့လုပ်ရပ်တွေနဲ့ တစ်ချို့ ကျောင်းသားလေးတွေ
တစ်ချို့ လူငယ်လေးတွေ တောထဲကိုရောက် သေရွာကိုရောက်နေကြချိန်မှာ အများပိုင်နာမည်တစ်ခုကို မောင်ပိုင်စီးထားတဲ့ကောင်
အသက်ငါးဆယ်ကျော်တဲ့အထိ ကျောင်းသားဆိုတဲ့ခေါင်းစဉ်အောက်မှာ အရေခွံတစ်ခုကိုခြုံပြီး အယောင်ဆောင်နေခဲ့တဲ့ကောင်
မင်းကိုနိုင်လို့ သူ့ကိုသူ အမည်သညာ သတ်မှတ်ထားတဲ့ကောင်
မြန်မာတစ်ပြည်လုံး ပူလောင်ခြင်းတွေ သောကတွေ စိုးထိတ်ခြင်းတွေ မရေရာမသေချာခြင်းတွေ ခံပြင်းတောက်ခေါက်သံတွေနဲ့ ဖုံးလွှမ်းနေချိန်မှာ
အဲဒီကောင် ဘယ်ရောက်နေလဲ
အဲဒီကောင် ဘာတွေလုပ်နေလဲ
အဲဒီကောင်မှာ ဘာတွေပိုင်ဆိုင်ထားပြီလဲဆိုတာ
သိတဲ့သူများရှိရင် တခြားသူတွေဗဟုသုတရစေဖို့
အနည်းအပါးလောက် ပြောပြပေးကြပါလားဗျာ ။ ။
မင်းအုပ်စိုး
Zawgyi
မင်းအုပ်စိုး
Leave a Reply
Your email address will not be published.