ကြံ့ခိုင်ရေးပါတီကိုမထောက်ခံလျှင် နောက်ထပ်ထန်တလန်မြို့လိုမျိူးထပ်ပေါ်ပေါက်လာမယ်လို့ခြိမ်းချောက်လိုက်တဲ့

ကြံ့ခိုင်ရေးပါတီကိုမထောက်ခံလျှင် နောက်ထပ်ထန်တလန်မြို့လိုမျိူးထပ်ပေါ်ပေါက်လာမယ်လို့ခြိမ်းချောက်လိုက်တဲ့

ထန်တလန်မြို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီးနောက် ကြံ့ခိုင်ရေးပါတီပြောရေး ဆိုခွင့်ရှိသူနှင့် စစ်တပ်လော်ဘီများက လူမှုကွန်ရက်တွင် အောင်ပွဲခံ၊ စစ်ကောင်စီအနေဖြင့် မြို့ရွာများ ထပ်မံဖျက်ဆီးရမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ အောက်တိုဘာ ၃၀

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးပြီးနောက် ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်၊ စစ်တပ်ထောက်ခံသူ လော်ဘီ တပ်ကြပ်ကြီး ဖိုးစီ၊ စစ်တပ်ထောက်ခံသူ ဟန်ငြိမ်းဦးတို့က လူမှုကွန်ရက်များမှတစ်ဆင့် အောင်ပွဲခံခဲ့ပြီး စစ်ကောင်စီအနေဖြင့် မြို့ရွာများကို ထပ်မံ ဖျက်ဆီးရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ရေးသားမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ထန်တလန်မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံနေရသည့် ထန်တလန်မြို့နယ်ကဲ့သို့ ထပ်မံ ဖျက်ဆီးခံရမည့် မြို့နယ်များ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း USDP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က လူမှုကွန်ရက်မှတဆင့် ခြိမ်းခြောက်ရေးသားသည်။”ဖြစ်မှ မျက်ရည်မခြူနှင့် အာဘန်ဝေါ မြို့ပြစစ် ပျောက်ကြားစစ်ဆိုပြီး ဂြိုလ်ဆက်ကြွရင် ထန်တလန်ကို ကြည့်ထားကြ၊ နောက်ထပ် ထန်တလန်တွေ ထပ် ထပ်ပြီးပေါ်လာမယ်” ဟု ကြံ့ခိုင်ရေးပါတီမှ နန်းမြမြမီမီဇော်က ဖေ့ဘုတ်စ်လူမှုကွန်ရက်တွင် ရေးသားထားသည်။

အလားတူ စစ်တပ် ထောက်ခံ လော်ဘီ တပ်ကြပ်ကြီး ဖိုးစည်က စစ်ကောင်စီ ၏ထန်တလန်မြို့ မီးရှို့မှုကို ထောက်ခံလိုက်ပြီး ရွာများကိုပါ အမြစ်လှန်ရန် တယ်လီဂရမ်တွင် ခြိမ်းခြောက်ရေးသားထားသည်။ “တယောက်ကျရင် ၁၀ ဆပြန်ယူ၊ ဒီရွာ အဝင်လမ်းဆွဲမိုင်းမိရင် အဲဒီရွာကို အမြစ်ပါလှန်။ အဲလိုသာ ကျင့်သုံးပေး။ အကျိုးစီးပွားထိခိုက်တဲ့ အရာမှန်သမျှ နောက်ဆုတ်သွားလိမ့်မယ်” ဟု ရေးသားထားသည်။

ဆက်လက်၍ “စခန်းတွေ ဝင်စီးပြီး ဒိုဇာနဲ့ ဖျက်ဆီးခဲ့တုန်းက ဒီလိုအသံမထွက်ခဲ့ကြပါဘူး။ အိမ်လေး ၃ လုံးလောက် မီးလောင်တာနဲ့ ပထွေးသိအောင် ငယ်သံပါပါနဲ့ အော်တော့တာပဲ” ဟု စစ်လော်ဘီ တပ်ကြပ်ကြီးဖိုးစီက ဆက်လက် ရေးသားသည်။ အလားတူ စစ်လော်ဘီ ဟန်ငြိမ်းဦးက ထန်တလန်မြို့ကို စစ်တပ်က မီးလောင်တိုက်သွင်းခဲ့မှုအပေါ် ပျော်ရွှင်ရမည်ဖြစ်သည်ဟု ရေးသားထားသည်။

“စစ်ကိုဖိတ်ခေါ်ခြင်း အကျိုး မိန်းမလို မိန်းမရ နဲ့ အိမ်တွေ အကာအကွယ်ယူပြီး တိုက်ကွက်ဖော် PDF စောက်ရူးတွေရဲ့ အကျိုးခံစားစမ်း၊ အားမနာနဲ့ ပျော်ချပစ်” ဟု တယ်လီဂရမ် လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေထားသည်။ ထန်တလန်မြို့တွင် အိမ်ခြေ ၁၆၃ လုံးနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၂ ခုကို စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ် မီးရှို့၍ မီးလောင်ပြာကျသွားပြီး လက်ရှိအချိန်တွင်လည်း မီးဆက်လက် လောင်ကျွမ်းနေဆဲဖြစ်သည်။

Zawgyi

ႀကံ့ခိုင္ေရးပါတီကိုမေထာက္ခံလွ်င္ ေနာက္ထပ္ထန္တလန္ၿမိဳ႕လိုမ်ိဴးထပ္ေပၚေပါက္လာမယ္လို႔ၿခိမ္းေခ်ာက္လိုက္တဲ့

ထန္တလန္ၿမိဳ႕ကို စစ္ေကာင္စီက မီးရႈိ႕ဖ်က္ဆီးၿပီးေနာက္ ႀကံ့ခိုင္ေရးပါတီေျပာေရး ဆိုခြင့္ရွိသူႏွင့္ စစ္တပ္ေလာ္ဘီမ်ားက လူမႈကြန္ရက္တြင္ ေအာင္ပြဲခံ၊ စစ္ေကာင္စီအေနျဖင့္ ၿမိဳ႕႐ြာမ်ား ထပ္မံဖ်က္ဆီးရမည္ဟု ၿခိမ္းေျခာက္

ရန္ကုန္၊ ေအာက္တိုဘာ ၃၀

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ကို စစ္ေကာင္စီတပ္ဖြဲ႕က မီးရႈိ႕ဖ်က္ဆီးၿပီးေနာက္ ႀကံ့ခိုင္ေရးပါတီေျပာေရးဆိုခြင့္ရွိသူ နန္းျမျမမီမီေဇာ္၊ စစ္တပ္ေထာက္ခံသူ ေလာ္ဘီ တပ္ၾကပ္ႀကီး ဖိုးစီ၊ စစ္တပ္ေထာက္ခံသူ ဟန္ၿငိမ္းဦးတို႔က လူမႈကြန္ရက္မ်ားမွတစ္ဆင့္ ေအာင္ပြဲခံခဲ့ၿပီး စစ္ေကာင္စီအေနျဖင့္ ၿမိဳ႕႐ြာမ်ားကို ထပ္မံ ဖ်က္ဆီးရမည္ျဖစ္ေၾကာင္း ၿခိမ္းေျခာက္ေရးသားမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရွိရသည္။

ထန္တလန္ၿမိဳ႕လုံးကြၽတ္နီးပါး မီးရႈိ႕ဖ်က္ဆီးခံေနရသည့္ ထန္တလန္ၿမိဳ႕နယ္ကဲ့သို႔ ထပ္မံ ဖ်က္ဆီးခံရမည့္ ၿမိဳ႕နယ္မ်ား ေပၚေပါက္လာမည္ျဖစ္ေၾကာင္း USDP ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒၚနန္းျမျမမီမီေဇာ္က လူမႈကြန္ရက္မွတဆင့္ ၿခိမ္းေျခာက္ေရးသားသည္။”ျဖစ္မွ မ်က္ရည္မျခဴႏွင့္ အာဘန္ေဝါ ၿမိဳ႕ျပစစ္ ေပ်ာက္ၾကားစစ္ဆိုၿပီး ၿဂိဳလ္ဆက္ႂကြရင္ ထန္တလန္ကို ၾကည့္ထားၾက၊ ေနာက္ထပ္ ထန္တလန္ေတြ ထပ္ ထပ္ၿပီးေပၚလာမယ္” ဟု ႀကံ့ခိုင္ေရးပါတီမွ နန္းျမျမမီမီေဇာ္က ေဖ့ဘုတ္စ္လူမႈကြန္ရက္တြင္ ေရးသားထားသည္။

အလားတူ စစ္တပ္ ေထာက္ခံ ေလာ္ဘီ တပ္ၾကပ္ႀကီး ဖိုးစည္က စစ္ေကာင္စီ ၏ထန္တလန္ၿမိဳ႕ မီးရႈိ႕မႈကို ေထာက္ခံလိုက္ၿပီး ႐ြာမ်ားကိုပါ အျမစ္လွန္ရန္ တယ္လီဂရမ္တြင္ ၿခိမ္းေျခာက္ေရးသားထားသည္။ “တေယာက္က်ရင္ ၁၀ ဆျပန္ယူ၊ ဒီ႐ြာ အဝင္လမ္းဆြဲမိုင္းမိရင္ အဲဒီ႐ြာကို အျမစ္ပါလွန္။ အဲလိုသာ က်င့္သုံးေပး။ အက်ိဳးစီးပြားထိခိုက္တဲ့ အရာမွန္သမွ် ေနာက္ဆုတ္သြားလိမ့္မယ္” ဟု ေရးသားထားသည္။

ဆက္လက္၍ “စခန္းေတြ ဝင္စီးၿပီး ဒိုဇာနဲ႔ ဖ်က္ဆီးခဲ့တုန္းက ဒီလိုအသံမထြက္ခဲ့ၾကပါဘူး။ အိမ္ေလး ၃ လုံးေလာက္ မီးေလာင္တာနဲ႔ ပေထြးသိေအာင္ ငယ္သံပါပါနဲ႔ ေအာ္ေတာ့တာပဲ” ဟု စစ္ေလာ္ဘီ တပ္ၾကပ္ႀကီးဖိုးစီက ဆက္လက္ ေရးသားသည္။ အလားတူ စစ္ေလာ္ဘီ ဟန္ၿငိမ္းဦးက ထန္တလန္ၿမိဳ႕ကို စစ္တပ္က မီးေလာင္တိုက္သြင္းခဲ့မႈအေပၚ ေပ်ာ္႐ႊင္ရမည္ျဖစ္သည္ဟု ေရးသားထားသည္။

“စစ္ကိုဖိတ္ေခၚျခင္း အက်ိဳး မိန္းမလို မိန္းမရ နဲ႔ အိမ္ေတြ အကာအကြယ္ယူၿပီး တိုက္ကြက္ေဖာ္ PDF ေစာက္႐ူးေတြရဲ႕ အက်ိဳးခံစားစမ္း၊ အားမနာနဲ႔ ေပ်ာ္ခ်ပစ္” ဟု တယ္လီဂရမ္ လူမႈကြန္ရက္တြင္ ေရးသားျဖန႔္ေဝထားသည္။ ထန္တလန္ၿမိဳ႕တြင္ အိမ္ေျခ ၁၆၃ လုံးႏွင့္ ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္း ၂ ခုကို စစ္ေကာင္စီတပ္မ်ားက လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ မီးရႈိ႕၍ မီးေလာင္ျပာက်သြားၿပီး လက္ရွိအခ်ိန္တြင္လည္း မီးဆက္လက္ ေလာင္ကြၽမ္းေနဆဲျဖစ္သည္။

Leave a Reply

Your email address will not be published.