ထန်တလန်မီးရှို့မှုများကို ကုလတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြော တင်ပြ

ထန်တလန်မီးရှို့မှုများကို ကုလတွင် သံအမတ်ကြီးတင်ပြ

ထန်တလန်မြို့ မီးရှို့မှု အပါအဝင် စစ်ကောင်စီက ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာက ချက်ချင်း အရေးယူရေး ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြော တင်ပြ

ရန်ကုန်၊ အောက်တိုဘာ ၃၀

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့ စစ်ကောင်စီက မီးရှို့မှုအပါအဝင် စစ်ကောင်စီက ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍

နိုင်ငံတကာက ချက်ချင်းအရေးယူရန် ယနေ့ ကျင်းပသော ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြ ပြောဆိုကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက် ( မြန်မာစံတော်ချိန် အောက်တိုဘာလ ၃၀ ရက်နေ့) အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပသော ၇၆ ကြိမ်မြောက်

ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီအစည်းအဝေး၌ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်သူများအား စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ

အကာအကွယ်ပေးနိုင်ရေးအတွက် အမြန်ဆုံးအရေးယူဆောင်ရွက်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

သံအမတ်ကြီးဦးကျော်မိုးထွန်းက

(က) စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်လျက်ရှိကြောင်း၊

(၉) လအတွင်း ဥပဒေမဲ့ ဖမ်းဆီးခံရသူ (၉,၀၀၀) ကျော်နှင့် သတ်ဖြတ်ခံရသူ (၁,၂၀၀) ခန့် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် စစ်တပ်မှ

နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြောင့် လူပေါင်း (၈၀) ကျော် သေဆုံးခဲ့ရကြောင်း၊

(ခ) ပြည်သူများ၏ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်မှစ၍ အသက်ရှင်ရပ်တည်ခွင့်အထိ အခွင့် အရေးများအားလုံး ချိုးဖောက်ခံနေကြရကြောင်း၊ ရက်စက်ကြမ်းကြုတ်မှုများမှာလည်း ပိုမိုဆိုးရွားလျက်ရှိကြောင်း၊

(ဂ) စစ်တပ်အနေဖြင့် အင်အားကြီးမားသော စစ်ဆင်ရေးကို မုတ်သုန်ရာသီကုန်ဆုံးချိန်တွင် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊

ယင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံ အမြောက်အများအား ပစ်မှတ်ထားကြောင်း၊ ထိုသို့ အင်အား အဆမတန် အသုံးပြုပြီး၊

အဆင်အခြင်မဲ့တိုက်ခိုက်ခြင်းများမှာ သွေးထွက်သံယိုမှုများ၊ ပိုမို စိုးရိမ်ဖွယ် လူ့အခွင့်အရေးအခြေအနေများနှင့် ဖြစ်ရပ်ဆိုးများကို ဖန်တီးလာဉီးမည် ဖြစ်ကြောင်း၊

(ဃ) မည်သို့ပင်ဆိုစေ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ တရားမျှတမှု ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး

စံနှုန်းများနှင့်ညီသော တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတို့အတွက် အရာအားလုံးပေးဆပ်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊

(င) ကုလသမဂ္ဂနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာရာဇဝတ်မှု ခုံရုံး (ICC) ၏ တရားစီရင်မှုကို လက်ခံခြင်းတို့မှာ

အမျိုးသားညီညွတ်ရေးအစိုးရ၏ သိသာထင်ရှားသော ကြိုးပမ်းမှုများ ဖြစ်ကြောင်း၊ ထို့ပြင် ရိုဟင်ဂျာများအရေးကိစ္စ ဖြေရှင်းရေးအတွက် မူဝါဒတစ်ရပ်ကို ချမှတ်ကြေညာထားပြီးဖြစ်ကြောင်း၊

(စ) ယခုကဲ့သို့ နိုင်ငံအတွက်သမိုင်းတွင်မည့် အလှည့်အပြောင်းကာလတွင် ပြည်သူများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ ခိုင်မာသော အားပေးထောက်ခံမှုကိုလိုအပ်ပါကြောင်း၊

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ အပြည့်အဝပြန်လည်ရရှိချိန်အထိ မြန်မာနိုင်ငံ အရေးကိစ္စအား လူ့အခွင့်အရေးကောင်စီ၏ အာဂျင်ဒါတွင် ထိပ်ဆုံး၌

ဆက်လက်ထားရှိပေးရန်နှင့် နိုင်ငံအသီးသီးနှင့် ကုလသမဂ္ဂအနေဖြင့် ပြည်သူများနှင့်အတူရပ်တည်ကြရန် မေတ္တာရပ်ခံပါကြောင်း၊

(ဆ) ယင်းသို့ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရမှ ကိုယ်စားလှယ်များအား လူ့အခွင့်အရေးကောင်စီကဲ့သို့ နိုင်ငံတကာအစည်းအဝေးပွဲများတွင်

ပါဝင်စေခြင်းအားဖြင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ပြည်သူ့အသံကို ပိုမုကြားသိနိုင်ပြီး၊ ပြည်တွင်းကြိုးပမ်းအားထုတ်မှုများကို ထိရောက်စွာ ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း၊

(ဇ) ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ဖြစ်စဉ်သည် အာဏာသိမ်းမှုဖြစ်ကြောင်း၊ အာဏာသိမ်းမှုဟု ကိုးကားပြောဆိုစေလိုကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်သူများအားလုံးမှာ

အချိန်နှင့်အမျှ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောပြစ်မှုများကို ခံစားနေရကြောင်း၊ ယနေ့တစ်နေ့တည်းတွင် ချင်းပြည်နယ်၊

ထန်တလန်မြို့၌ စစ်တပ်မှ ဘုရားကျောင်း (၂) ကျောင်း အပါအဝင် အိမ်ခြေတစ်ရာကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊

(ဈ) ပြည်သူများအား ရက်စက်ကြမ်းကြုတ်မှုများမှ ကာကွယ်ရန် နိုင်ငံတကာ၏ အလေးအနက် အာရုံစိုက်မှုနှင့် အရေးယူဆောင်ရွက်မှုတို့အား အလွန်အမင်း လိုအပ်လျက်ရှိကြောင်း၊

ကုလ သမဂ္ဂ၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြတ်သားသောအချိန်နှင့် တပြေးညီ အရေးယူဆောင်ရွက်မှုအတွက် လွန်စွာအချိန်နှောင်းနေပြီဖြစ်ကြောင်း၊

အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်ပြသွားသည်။

Zawgyi

ထန္တလန္မီးရႈိ႕မႈမ်ားကို ကုလတြင္ သံအမတ္ႀကီးတင္ျပ

ထန္တလန္ၿမိဳ႕ မီးရႈိ႕မႈ အပါအဝင္ စစ္ေကာင္စီက က်ဴးလြန္ေသာ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားကို ႏိုင္ငံတကာက ခ်က္ခ်င္း အေရးယူေရး ကုလသမဂၢအေထြေထြညီလာခံတြင္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း မိန႔္ခြန္းေျပာ တင္ျပ

ရန္ကုန္၊ ေအာက္တိုဘာ ၃၀

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕တြင္ ေအာက္တိုဘာလ ၂၉ ရက္ေန႔ စစ္ေကာင္စီက မီးရႈိ႕မႈအပါအဝင္ စစ္ေကာင္စီက က်ဴးလြန္ေသာ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားႏွင့္ပတ္သက္၍

ႏိုင္ငံတကာက ခ်က္ခ်င္းအေရးယူရန္ ယေန႔ က်င္းပေသာ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံတြင္ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက တင္ျပ ေျပာဆိုေၾကာင္း သိရွိရသည္။

ေအာက္တိုဘာလ ၂၉ ရက္ ( ျမန္မာစံေတာ္ခ်ိန္ ေအာက္တိုဘာလ ၃၀ ရက္ေန႔) အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕တြင္ က်င္းပေသာ ၇၆ ႀကိမ္ေျမာက္

ကုလသမဂၢအေထြေထြညီလာခံ၏ မ်က္ႏွာစုံညီအစည္းအေဝး၌ ႏိုင္ငံတကာအသိုက္အဝန္းအေနျဖင့္ ျပည္သူမ်ားအား စစ္တပ္၏ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားမွ

အကာအကြယ္ေပးႏိုင္ေရးအတြက္ အျမန္ဆုံးအေရးယူေဆာင္႐ြက္ရန္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေမတၱာရပ္ခံလိုက္ျခင္းျဖစ္သည္။

သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက

(က) စစ္တပ္မွ အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္ ႀကီးေလးေသာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား က်ဴးလြန္လ်က္ရွိေၾကာင္း၊

(၉) လအတြင္း ဥပေဒမဲ့ ဖမ္းဆီးခံရသူ (၉,၀၀၀) ေက်ာ္ႏွင့္ သတ္ျဖတ္ခံရသူ (၁,၂၀၀) ခန႔္ ရွိေၾကာင္း၊ ျမန္မာႏိုင္ငံ၏ အေနာက္ေျမာက္ပိုင္းတြင္ စစ္တပ္မွ

နယ္ေျမရွင္းလင္းျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိၿပီး၊ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈမ်ားေၾကာင့္ လူေပါင္း (၈၀) ေက်ာ္ ေသဆုံးခဲ့ရေၾကာင္း၊

(ခ) ျပည္သူမ်ား၏ လြတ္လပ္စြာ ဆႏၵေဖာ္ထုတ္ခြင့္မွစ၍ အသက္ရွင္ရပ္တည္ခြင့္အထိ အခြင့္ အေရးမ်ားအားလုံး ခ်ိဳးေဖာက္ခံေနၾကရေၾကာင္း၊ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားမွာလည္း ပိုမိုဆိုး႐ြားလ်က္ရွိေၾကာင္း၊

(ဂ) စစ္တပ္အေနျဖင့္ အင္အားႀကီးမားေသာ စစ္ဆင္ေရးကို မုတ္သုန္ရာသီကုန္ဆုံးခ်ိန္တြင္ ေဆာင္႐ြက္ရန္ စီစဥ္ထားေၾကာင္း၊

ယင္းမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ ေဒသခံ အေျမာက္အမ်ားအား ပစ္မွတ္ထားေၾကာင္း၊ ထိုသို႔ အင္အား အဆမတန္ အသုံးျပဳၿပီး၊

အဆင္အျခင္မဲ့တိုက္ခိုက္ျခင္းမ်ားမွာ ေသြးထြက္သံယိုမႈမ်ား၊ ပိုမို စိုးရိမ္ဖြယ္ လူ႔အခြင့္အေရးအေျခအေနမ်ားႏွင့္ ျဖစ္ရပ္ဆိုးမ်ားကို ဖန္တီးလာဉီးမည္ ျဖစ္ေၾကာင္း၊

(ဃ) မည္သို႔ပင္ဆိုေစ ျပည္သူမ်ားအေနျဖင့္ စစ္အာဏာရွင္စနစ္ အဆုံးသတ္ေရး၊ တရားမွ်တမႈ ေဖာ္ေဆာင္ေရးႏွင့္ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရး

စံႏႈန္းမ်ားႏွင့္ညီေသာ တိုင္းျပည္ျပန္လည္တည္ေဆာက္ေရးတို႔အတြက္ အရာအားလုံးေပးဆပ္ေဆာင္႐ြက္ရန္ သႏၷိ႒ာန္ခ်ထားေၾကာင္း၊

(င) ကုလသမဂၢႏွင့္ နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ႏိုင္ငံတကာရာဇဝတ္မႈ ခုံ႐ုံး (ICC) ၏ တရားစီရင္မႈကို လက္ခံျခင္းတို႔မွာ

အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ သိသာထင္ရွားေသာ ႀကိဳးပမ္းမႈမ်ား ျဖစ္ေၾကာင္း၊ ထို႔ျပင္ ႐ိုဟင္ဂ်ာမ်ားအေရးကိစၥ ေျဖရွင္းေရးအတြက္ မူဝါဒတစ္ရပ္ကို ခ်မွတ္ေၾကညာထားၿပီးျဖစ္ေၾကာင္း၊

(စ) ယခုကဲ့သို႔ ႏိုင္ငံအတြက္သမိုင္းတြင္မည့္ အလွည့္အေျပာင္းကာလတြင္ ျပည္သူမ်ားအေနျဖင့္ ႏိုင္ငံတကာအသိုက္အဝန္း၏ ခိုင္မာေသာ အားေပးေထာက္ခံမႈကိုလိုအပ္ပါေၾကာင္း၊

ျမန္မာႏိုင္ငံတြင္ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးတို႔ အျပည့္အဝျပန္လည္ရရွိခ်ိန္အထိ ျမန္မာႏိုင္ငံ အေရးကိစၥအား လူ႔အခြင့္အေရးေကာင္စီ၏ အာဂ်င္ဒါတြင္ ထိပ္ဆုံး၌

ဆက္လက္ထားရွိေပးရန္ႏွင့္ ႏိုင္ငံအသီးသီးႏွင့္ ကုလသမဂၢအေနျဖင့္ ျပည္သူမ်ားႏွင့္အတူရပ္တည္ၾကရန္ ေမတၱာရပ္ခံပါေၾကာင္း၊

(ဆ) ယင္းသို႔ေဆာင္႐ြက္ရာတြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရမွ ကိုယ္စားလွယ္မ်ားအား လူ႔အခြင့္အေရးေကာင္စီကဲ့သို႔ ႏိုင္ငံတကာအစည္းအေဝးပြဲမ်ားတြင္

ပါဝင္ေစျခင္းအားျဖင့္ ႏိုင္ငံတကာ အသိုက္အဝန္းအေနျဖင့္ ျပည္သူ႔အသံကို ပိုမုၾကားသိႏိုင္ၿပီး၊ ျပည္တြင္းႀကိဳးပမ္းအားထုတ္မႈမ်ားကို ထိေရာက္စြာ ပံ့ပိုးႏိုင္မည္ျဖစ္ေၾကာင္း၊

(ဇ) ေဖေဖၚဝါရီလ (၁) ရက္ေန႔ ျဖစ္စဥ္သည္ အာဏာသိမ္းမႈျဖစ္ေၾကာင္း၊ အာဏာသိမ္းမႈဟု ကိုးကားေျပာဆိုေစလိုေၾကာင္း၊ ျမန္မာႏိုင္ငံရွိ ျပည္သူမ်ားအားလုံးမွာ

အခ်ိန္ႏွင့္အမွ် စစ္တပ္၏ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားႏွင့္ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္ေသာျပစ္မႈမ်ားကို ခံစားေနရေၾကာင္း၊ ယေန႔တစ္ေန႔တည္းတြင္ ခ်င္းျပည္နယ္၊

ထန္တလန္ၿမိဳ႕၌ စစ္တပ္မွ ဘုရားေက်ာင္း (၂) ေက်ာင္း အပါအဝင္ အိမ္ေျခတစ္ရာေက်ာ္ မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း၊

(ဈ) ျပည္သူမ်ားအား ရက္စက္ၾကမ္းၾကဳတ္မႈမ်ားမွ ကာကြယ္ရန္ ႏိုင္ငံတကာ၏ အေလးအနက္ အာ႐ုံစိုက္မႈႏွင့္ အေရးယူေဆာင္႐ြက္မႈတို႔အား အလြန္အမင္း လိုအပ္လ်က္ရွိေၾကာင္း၊

ကုလ သမဂၢ၊ အထူးသျဖင့္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ၏ ျပတ္သားေသာအခ်ိန္ႏွင့္ တေျပးညီ အေရးယူေဆာင္႐ြက္မႈအတြက္ လြန္စြာအခ်ိန္ေႏွာင္းေနၿပီျဖစ္ေၾကာင္း၊

အျမန္ဆုံးအေရးယူ ေဆာင္႐ြက္ေပးရန္ ေမတၱာရပ္ခံပါေၾကာင္း ကုလသမဂၢအေထြေထြညီလာခံသို႔ တင္ျပသြားသည္။

Leave a Reply

Your email address will not be published.