မိဘကျေးဇူးသိတတ်တဲ့ သားသမီး ဘယ်တော့မှမဆင်းရဲပါ
မိဘကျေးဇူးသိတတ်တဲ့ သားသမီး ဘယ်တော့မှမဆင်းရဲပါ
မိဘတွေဟာသားသမီးတွေ အပေါ်သူတို့တတ်တဲ့ ပညာသူတို့သိတဲ့ အသိတွေ သူတို့ မျှော်လင့်ချက်တွေ ကိုသားသမီးတွေကို မျှဝေပေးခဲ့ကြတယ်။လိုက်နာသူရှိသလို မလိုက်နာတဲ့သူတွေလည်းရှိပါတယ်
ကိုယ့်မိဘတွေက ကုန်ရောင်း ကုန်ဝယ်အလုပ်သာလုပ်တတ်တော့ဒီအလုပ်ပဲ အမွေပေးခဲ့တယ်လေ။ငယ်ငယ်က စျေးဆိုင်သွားရမှာစိတ်အညစ်ဆုံး မနက်မိုးလင်းတာနဲ့အဖေက လွဲပြီးတစ်အိမ်လုံး အိပ်ရာထ ရတယ်။တခါမှ ကျောင်းပိတ်လည်း နံနက် ၇ နာရီအထိမအိပ်ခဲ့ရဘူး
အမေက ပျင်းတဲ့စိတ်ဖြစ်မှာ စိုးတယ်။မိသားစု အကုန်သူနေရာနဲ့သူအလုပ် လုပ်စေတယ် အလုပ် လုပ်တဲ့ အရွယ်ရောက်တော့တခြား အလုပ်ပေးမလုပ်ဘူး မိဘ စျေးရောင်းတဲ့အလုပ်ပဲလုပ်ခိုင်းတယ်
စျေးသည် ဆိုတာလက်စို ပါးစပ်စိုပေါ့ မလှူတတ်ရင် စျေးရောင်းဆိုသလိုပါပဲ စေတနာနဲ့ အလုပ်လုပ်ခဲ့ရင်အကျိုးပေးကောင်းတယ် အလုပ်ကို မပျင်းနဲ့အချိန်တွေကုန်လို့အသက်ကြီးလာရင်ပိုက်ဆံမရှိရင် ဘယ်သူ့အနားမှ ကပ်မရပါဘူး
မိဘရှိလို့ အပျင်းထူနေရင်မိဘတွေ မရှိတော့တဲ့အခါ ဘယ်သူက လုပ်ကျွေးမှာလည်း။ဒီလို အတွေးတွေ ငယ်ငယ်ကတည်း ကိုယ့်စိတ်မှာ ရှိလို့ အလုပ်ကို မပျင်းတက်တာ။အရွယ်ရောက်နေတဲ့သားသမီးက မိဘ ကို ချက်ကျွေးတယ်။ သားသမီးက မိဘတွေကိုဘယ်လိုဂရုစိုက်ပြုစုလုပ်ကျွေးခြင်းကမိဘတွေကိုကျေးဇူးဆပ်တာပ
ကိုယ်သိတက်တဲ့အရွယ်ကစပြီးမိဘကို ပြုစုလုပ်ကျွေးခဲ့ပါတယ် အမေချက်တဲ့ထမင်းထက်ကိုယ်ချက်တဲ့ထမင်းကိုမိဘတွေကို ကျွေးခဲ့တာပါ။ကိုယ်တကယ် မိဘနေရာရောက်ခဲ့ရင်ဒါမှမဟုတ်အသက်ကြီးလာရင်သူများ ခိုင်းခံရတဲ့ဘဝမဖြစ်ရအောင်ကိုယ့် ကျေးဇူးရှင်တွေကိုကျေးဇူးသိတက်ပါလို့ဆန္ဒပြုရင်း…။
Zawgyi
ဈေးသည် ဆိုတာလက်စို ပါးစပ်စိုပေါ့ မလှူတတ်ရင် ဈေးရောင်းဆိုသလိုပါပဲ စေတနာနဲ့ အလုပ်လုပ်ခဲ့ရင်အကျိုးပေးကောင်းတယ် အလုပ်ကို မပျင်းနဲ့အချိန်တွေကုန်လို့အသက်ကြီးလာရင်ပိုက်ဆံမရှိရင် ဘယ်သူ့အနားမှ ကပ်မရပါဘူး
Leave a Reply
Your email address will not be published. Required fields are marked *