မမြူးကြွ မလှပ စောက်သံဆိုးတွေနဲ့ ဘောမ ဂီတည (ရုပ်သံ)
မမြူးကြွ မလှပ စောက်သံဆိုးတွေနဲ့ ဘောမ ဂီတည
(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)
💔ဂီတချိုးဖဲ့ဖျက်ဆီးသူများ။
တော်ရုံလောက်နဲ့တော့မပြောချင်ပါဘူး။
ခုဟာကတော့ ပရိသတ်ကိုမထီမဲ့မြင်လုပ်တာ
လွန်လွန်းအားကြီးတယ်ထင်လို့။
MRTV ဆိုတာနိုင်ငံတော်အဆင့် ရုပ်/သံ။
ဒီလို channel ကထုတ်လွှင့်ပြသမယ့် ဂီတဆိုတာဟာ (စံ) ဖြစ်နေသင့်တယ်။
စံ မဖြစ်ရင်တောင် အမှားအယွင်းကင်းပြီး
အသင့် အတင့်အရည်အသွေးတော့ရှိသင့်တယ်။
😀ခုဟာကြီးကတော့ ပြီးပြီးရော မှတကယ့်
ပြီးပြီးရော လုပ်ထားတာ။
သီချင်းဆိုတတ်တဲ့သူက တစ်ယောက်ပဲပါတယ်။
(သူသည်လည်း အကယ်ဒမီရုပ်ရှင် မင်းသားကြီးမို့သာ၊
နင်လားငါလားကောင်းတဲ့ထဲ ပါတာတော့မဟုတ်ဘူး)။
ကျန်တာတွေကတော့ အားမနာတမ်း
ပြောရမယ်ဆိုရင် ဂီတနဲ့လားလားမှမသက်ဆိုင်
လုံးဝမဆိုတတ်တဲ့ဟာတွေကိုထည့်ထားတာ။
💔အသံတစ်ခုရဲ့ကာလာတို့၊ ပါဝါတို့ မရှိချင်
နေပါစေဦး။ သီချင်းဘယ်လိုဆိုရမယ်ဆိုတဲ့
သညာသိလေး အခြေခံလေးတော့ရှိပြီး Note
တည့်ရုံလေးတော့ဆိုတတ်တဲ့သူတွေကိုသာ
ခေါ်သုံးသင့်ပါတယ်။
လမ်းဘေးမှာ ဝါးဆစ်ဘူး ၂ လုံးကိုမြေမှာ
ဘယ်ညာထုပြီး သီချင်းတွေဆို၊တောင်းရမ်း
စားသောက်ရတဲ့သူတွေတောင် သူတို့ထက်
တော့ ဆိုတာကောင်းသေးတယ်။
အသံ Tone/ Colour လုံးဝမရှိဘူး။
အသံနိမ့်မြင့် Note လုံးဝမသိဘူး။
🤣ဝါးဆစ်ဘူး လမ်းဘေးဂီတလောက်တောင်မှ
နားဝင်ပီယံမရှိတဲ့ဟာတွေကို တခုတ်တရ
ရိုက်ပြတာကတော့ MRTV ဟာဆိုးလွန်းတယ်။
ကြိုသွင်းထားတာကြီးကို playback ဖွင့်ပြီး
ရိုက်ကူးပြီးမှ ပြန်လွှင့်တာကို Live လို့လိမ်တာ
ကိုတော့ နားလည်ပေးပါတယ်။
ဒီခေတ်ကာလကြီးမှာ ရတဲ့လူပဲခေါ်ပြီး
သီချင်းဖြစ်ရင်ပြီးရောလို့ လုပ်ထားရတာမို့
အဆိုသံက Auto tune လုပ်ထားတာကြီး
ပေါ်ပေါ်ထင်ထင်ဖြစ်နေတာကိုလည်းခွင့်လွှတ်
ပေးလို့ရပါတယ်။
စန္ဒရားလှထွတ် လက်ရာ (အဖော်မွန်) ရဲ့
၃:၁၅ မိနစ် နေရာမှာ သီချင်းဆိုတဲ့ ခပ်ဝဝ
မိန်းမက အဆိုသံထွက်ပြီးမှ မိုက်ကိုင်တဲ့လက်
ကမန်းကတမ်းပြန်တင်ရတာကို လူတွေက
Commentရေးပြီးဆဲကြတာတပျော်တပါးကြီး။
MRTV က အရှက်မရှိတင်ထားတဲ့ အဲဒီ
သီချင်း clip တွေရဲ့အောက်က (ကောင်းတာ
တစ်ခုကလေးမျှမပါသော) comment များ
ထဲမှာ ဘယ်တော့မှမမေ့နိုင်အောင်မှတ်မိ
သွားစေတဲ့ ပြောင်မြောက်လှတဲ့ comment
တစ်ခုကတော့…
” သံပုံးကိုခွေးသေးပန်းတာကမှ နားထောင်လို့
ကောင်းသေးတယ် ” တဲ့ ။
🟥သီဆိုတဲ့သူတွေကိုတော့ ဘယ်သူ ဘာ
ပြောပြော ဆိုရရင်ပြီးရော ဆိုတဲ့စိတ်နဲ့ လာဆို
ကြမှန်းသိလို့ အထူးအထွေမဝေဖန်လိုပါဘူး။
အဓိကပြောချင်တာက ဌာနကစီစဉ်သူ။
❓ဘာလို့ဒီလိုကြီးလုပ်ပေးတာလဲ။
ဝန်ထမ်းမို့၊အထက်လူကြီးက စီစဉ်ခိုင်းလို့
လုပ်ပေးရတာဆိုရင်လည်း ဆိုတတ်တဲ့သူတွေ
ရွေးခေါ်ပေးလိုက်လေ။
အရင်မြန်မာ့အသံကအဆိုတော်လေးတွေ
CDM လုပ်ကုန်ကြပေမယ့် လက်ကျန်လည်းရှိပါ
သေးတယ်။ ဥပမာ ရဲရင့်ဝေလွင်။ သူဟာ
အသံသိပ်ကောင်းတဲ့အဆိုတော်ပဲ။သူ့ကို
၃ ပုဒ်လောက်ဆိုခိုင်း။
အပြင်ကခေါ်ရမယ့် ပြင်ပတေးသံရှင်
၅ ယောက်လောက်ရှာလိုက်။
နာမည်ကြီးတွေကိုမမက်နဲ့။ အခုချိန်မှာသူတို့
ကို ရွှေပေးခေါ်ရင်တောင်မလာဘူး။ နာမည်
မကြီးပေမယ့် TV ထဲပါချင်သူအဆိုတော်
အသေးအနုတ် မထင်မရှားထဲကရှာ။
အဲဒီထဲက နာမည်ကြီးကြီး၊မကြီးကြီး
တကယ်ဆိုတတ်တဲ့၊ သီချင်းတွေကို ဖျက်ဆီး
မပစ်မယ့်သူကိုဆိုခိုင်း။
အခု (ဂီတဖျက်ဆီးရေးမယ်) မိန်းမဝဝကြီး
တွေကို စိတ်အာသာပြေသွားအောင် ဝင်ကခိုင်း။
ဒါဆိုရင် နာမည်ရှိသူပါစေချင်တဲ့ အထက်က
လူကြီးဆန္ဒလည်းပြည့်ရော။
သီချင်းလည်းမဆိုတတ်ဘူး။ အထီး ဖြစ်
နေလို့ ဝင်ကဖို့လည်း အဆင်မပြေဘူးဆိုရင်
တော့လည်း ဂစ်တာလွယ်ပြီး အတီးသမား
နေရာကဝင်ရိုက်ပစေပေါ့ဗျာ။
ဂစ်တာတီးတတ်စရာမလိုပါဘူး။
စကတည်းက အသံသွင်းပြီးသားသီချင်းကို
Playback ဖွင့်ပြီးလိမ်ရိုက်ထားတာပဲဥစ္စာ။
🤣ကဲ…
ပရိသတ်ရဲ့ မှတ်ချက်ကတော့ ” သံပုံးကို
ခှေးသေးပန်းတဲ့အသံကမှ ပိုနားထောင်ကောင်းဦးမယ် “တဲ့နော် 🤣
🟥ခဏနေ ရေမချိုးခင် သံပုံးကို သေးနဲ့ပန်း
ကြည့်ဦးမှပါ။🤣
🤔(တခု စဉ်းစားမိတယ်။ ဒါကြီးစီစဉ်ပေးတဲ့
သူက တမင်သက်သက် ရွဲပလဲတွေချည်း
သွတ်သွင်းပြီး ပါးပါးလေးကပ်ထည့်လိုက်
တာများလား ပဲ?။ 🍉ဆန်လိုက်တာ😂)
Aung Naing San
Zawgyi
မျမဴးႂကြ မလွပ ေစာက္သံဆိုးေတြနဲ႔ ေဘာမ ဂီတည (႐ုပ္သံ)
မျမဴးႂကြ မလွပ ေစာက္သံဆိုးေတြနဲ႔ ေဘာမ ဂီတည
(႐ုပ္သံဖိုင္ကို ေအာက္တြင္ၾကည့္ရႈပါရန္)
💔ဂီတခ်ိဳးဖဲ့ဖ်က္ဆီးသူမ်ား။
ေတာ္႐ုံေလာက္နဲ႔ေတာ့မေျပာခ်င္ပါဘူး။
ခုဟာကေတာ့ ပရိသတ္ကိုမထီမဲ့ျမင္လုပ္တာ
လြန္လြန္းအားႀကီးတယ္ထင္လို႔။
MRTV ဆိုတာႏိုင္ငံေတာ္အဆင့္ ႐ုပ္/သံ။
ဒီလို channel ကထုတ္လႊင့္ျပသမယ့္ ဂီတဆိုတာဟာ (စံ) ျဖစ္ေနသင့္တယ္။
စံ မျဖစ္ရင္ေတာင္ အမွားအယြင္းကင္းၿပီး
အသင့္ အတင့္အရည္အေသြးေတာ့ရွိသင့္တယ္။
😀ခုဟာႀကီးကေတာ့ ၿပီးၿပီးေရာ မွတကယ့္
ၿပီးၿပီးေရာ လုပ္ထားတာ။
သီခ်င္းဆိုတတ္တဲ့သူက တစ္ေယာက္ပဲပါတယ္။
(သူသည္လည္း အကယ္ဒမီ႐ုပ္ရွင္ မင္းသားႀကီးမို႔သာ၊
နင္လားငါလားေကာင္းတဲ့ထဲ ပါတာေတာ့မဟုတ္ဘူး)။
က်န္တာေတြကေတာ့ အားမနာတမ္း
ေျပာရမယ္ဆိုရင္ ဂီတနဲ႔လားလားမွမသက္ဆိုင္
လုံးဝမဆိုတတ္တဲ့ဟာေတြကိုထည့္ထားတာ။
💔အသံတစ္ခုရဲ႕ကာလာတို႔၊ ပါဝါတို႔ မရွိခ်င္
ေနပါေစဦး။ သီခ်င္းဘယ္လိုဆိုရမယ္ဆိုတဲ့
သညာသိေလး အေျခခံေလးေတာ့ရွိၿပီး Note
တည့္႐ုံေလးေတာ့ဆိုတတ္တဲ့သူေတြကိုသာ
ေခၚသုံးသင့္ပါတယ္။
လမ္းေဘးမွာ ဝါးဆစ္ဘူး ၂ လုံးကိုေျမမွာ
ဘယ္ညာထုၿပီး သီခ်င္းေတြဆို၊ေတာင္းရမ္း
စားေသာက္ရတဲ့သူေတြေတာင္ သူတို႔ထက္
ေတာ့ ဆိုတာေကာင္းေသးတယ္။
အသံ Tone/ Colour လုံးဝမရွိဘူး။
အသံနိမ့္ျမင့္ Note လုံးဝမသိဘူး။
🤣ဝါးဆစ္ဘူး လမ္းေဘးဂီတေလာက္ေတာင္မွ
နားဝင္ပီယံမရွိတဲ့ဟာေတြကို တခုတ္တရ
႐ိုက္ျပတာကေတာ့ MRTV ဟာဆိုးလြန္းတယ္။
ႀကိဳသြင္းထားတာႀကီးကို playback ဖြင့္ၿပီး
႐ိုက္ကူးၿပီးမွ ျပန္လႊင့္တာကို Live လို႔လိမ္တာ
ကိုေတာ့ နားလည္ေပးပါတယ္။
ဒီေခတ္ကာလႀကီးမွာ ရတဲ့လူပဲေခၚၿပီး
သီခ်င္းျဖစ္ရင္ၿပီးေရာလို႔ လုပ္ထားရတာမို႔
အဆိုသံက Auto tune လုပ္ထားတာႀကီး
ေပၚေပၚထင္ထင္ျဖစ္ေနတာကိုလည္းခြင့္လႊတ္
ေပးလို႔ရပါတယ္။
စႏၵရားလွထြတ္ လက္ရာ (အေဖာ္မြန္) ရဲ႕
၃:၁၅ မိနစ္ ေနရာမွာ သီခ်င္းဆိုတဲ့ ခပ္ဝဝ
မိန္းမက အဆိုသံထြက္ၿပီးမွ မိုက္ကိုင္တဲ့လက္
ကမန္းကတမ္းျပန္တင္ရတာကို လူေတြက
Commentေရးၿပီးဆဲၾကတာတေပ်ာ္တပါးႀကီး။
🤣🤣🤣
MRTV က အရွက္မရွိတင္ထားတဲ့ အဲဒီ
သီခ်င္း clip ေတြရဲ႕ေအာက္က (ေကာင္းတာ
တစ္ခုကေလးမွ်မပါေသာ) comment မ်ား
ထဲမွာ ဘယ္ေတာ့မွမေမ့ႏိုင္ေအာင္မွတ္မိ
သြားေစတဲ့ ေျပာင္ေျမာက္လွတဲ့ comment
တစ္ခုကေတာ့…
” သံပုံးကိုေခြးေသးပန္းတာကမွ နားေထာင္လို႔
ေကာင္းေသးတယ္ ” တဲ့ ။
🟥သီဆိုတဲ့သူေတြကိုေတာ့ ဘယ္သူ ဘာ
ေျပာေျပာ ဆိုရရင္ၿပီးေရာ ဆိုတဲ့စိတ္နဲ႔ လာဆို
ၾကမွန္းသိလို႔ အထူးအေထြမေဝဖန္လိုပါဘူး။
အဓိကေျပာခ်င္တာက ဌာနကစီစဥ္သူ။
❓ဘာလို႔ဒီလိုႀကီးလုပ္ေပးတာလဲ။
ဝန္ထမ္းမို႔၊အထက္လူႀကီးက စီစဥ္ခိုင္းလို႔
လုပ္ေပးရတာဆိုရင္လည္း ဆိုတတ္တဲ့သူေတြ
ေ႐ြးေခၚေပးလိုက္ေလ။
အရင္ျမန္မာ့အသံကအဆိုေတာ္ေလးေတြ
CDM လုပ္ကုန္ၾကေပမယ့္ လက္က်န္လည္းရွိပါ
ေသးတယ္။ ဥပမာ ရဲရင့္ေဝလြင္။ သူဟာ
အသံသိပ္ေကာင္းတဲ့အဆိုေတာ္ပဲ။သူ႔ကို
၃ ပုဒ္ေလာက္ဆိုခိုင္း။
အျပင္ကေခၚရမယ့္ ျပင္ပေတးသံရွင္
၅ ေယာက္ေလာက္ရွာလိုက္။
နာမည္ႀကီးေတြကိုမမက္နဲ႔။ အခုခ်ိန္မွာသူတို႔
ကို ေ႐ႊေပးေခၚရင္ေတာင္မလာဘူး။ နာမည္
မႀကီးေပမယ့္ TV ထဲပါခ်င္သူအဆိုေတာ္
အေသးအႏုတ္ မထင္မရွားထဲကရွာ။
အဲဒီထဲက နာမည္ႀကီးႀကီး၊မႀကီးႀကီး
တကယ္ဆိုတတ္တဲ့၊ သီခ်င္းေတြကို ဖ်က္ဆီး
မပစ္မယ့္သူကိုဆိုခိုင္း။
အခု (ဂီတဖ်က္ဆီးေရးမယ္) မိန္းမဝဝႀကီး
ေတြကို စိတ္အာသာေျပသြားေအာင္ ဝင္ကခိုင္း။
ဒါဆိုရင္ နာမည္ရွိသူပါေစခ်င္တဲ့ အထက္က
လူႀကီးဆႏၵလည္းျပည့္ေရာ။
သီခ်င္းလည္းမဆိုတတ္ဘူး။ အထီး ျဖစ္
ေနလို႔ ဝင္ကဖို႔လည္း အဆင္မေျပဘူးဆိုရင္
ေတာ့လည္း ဂစ္တာလြယ္ၿပီး အတီးသမား
ေနရာကဝင္႐ိုက္ပေစေပါ့ဗ်ာ။
ဂစ္တာတီးတတ္စရာမလိုပါဘူး။
စကတည္းက အသံသြင္းၿပီးသားသီခ်င္းကို
Playback ဖြင့္ၿပီးလိမ္႐ိုက္ထားတာပဲဥစၥာ။
ပရိသတ္ရဲ႕ မွတ္ခ်က္ကေတာ့ ” သံပုံးကို
ေခွးေသးပန္းတဲ့အသံကမွ ပိုနားေထာင္ေကာင္းဦးမယ္ “တဲ့ေနာ္ 🤣
🟥ခဏေန ေရမခ်ိဳးခင္ သံပုံးကို ေသးနဲ႔ပန္း
ၾကည့္ဦးမွပါ။🤣
🤔(တခု စဥ္းစားမိတယ္။ ဒါႀကီးစီစဥ္ေပးတဲ့
သူက တမင္သက္သက္ ႐ြဲပလဲေတြခ်ည္း
သြတ္သြင္းၿပီး ပါးပါးေလးကပ္ထည့္လိုက္
တာမ်ားလား ပဲ?။ 🍉ဆန္လိုက္တာ😂)
Aung Naing San