သံအမတ်ကြီးဦး‌ကျောမိုးထွန်းက မြန်မာ့အရေးမှာ ကုလအနေဖြင့် ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချဖို့လိုနေပြီဟုပြောဆို

သံအမတ်ကြီးဦး‌ကျောမိုးထွန်းက မြန်မာ့အရေးမှာ ကုလအနေဖြင့် ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချဖို့လိုနေပြီဟုပြောဆို

မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ အချိန်နဲ့တပြေးညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၉ ရက် မနေ့ကမနက်ပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားတာပါ။

“ပြည်သူအားလုံးရဲ့ အခြေခံလူ့အခွင့်အရေးတွေအပေါ် ကမ္ဘာက အလေးထားအာရုံစိုက်မှုရဖို့နဲ့ ပြည်သူတွေအပေါ် စစ်တပ်က ရက်စက်စွာပြုမှုနေတာတွေကို တားဆီးဖို့အတွက် ကုသလမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေက အသေအချာလိုအပ်နေပါတယ်။ ကုလသမဂ္ဂရဲ့ အချိန်နဲ့တပြေးညီ ပြတ်သားစွာအရေးယူမှုတွေ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ချက်တွေက နောက်ကျနေပြီဖြစ်ပါတယ်”

မြန်မာနိုင်ငံရဲ့ သမိုင်းဝင်အလှည့်အပြောင်းကာလမှာ ပြည်သူတွေအတွက် နိုင်ငံတကာရဲ့ ခိုင်မာတဲ့ထောက်ခံအားပေးမှုလိုနေပြီး မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြန်ရချိန်အထိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အာဂျင်ဒါထိပ်ဆုံးမှာ မြန်မာ့အရေးကိုထားပေးဖို့ကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ တရားစီရင်မှုကို လက်ခံသွားမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောဆိုထားပြီး ရိုဟင်ဂျာအရေးအတွက် မူဝါဒချမှတ်ထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင်စစ်တပ်အာဏာသိမ်းပြီး ၉ လအတွင်း ဖမ်းဆီး၊ သတ်ဖြတ်ခံရမှုတွေ ရှိတဲ့အကြောင်းနဲ့ မနေ့ကချင်းပြည်နယ်၊ ထန်တလန်မြို့က ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းအပါအဝင် အိမ်ခြေအများအပြား မီးရှို့ခံရမှုနဲ့ပတ်သက်လို့လည်း ဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။

Zawgyi

သံအမတ္ႀကီးဦး‌ေက်ာမိုးထြန္းက ျမန္မာ့အေရးမွာ ကုလအေနျဖင့္ ဆုံးျဖတ္ခ်က္ျပတ္ျပတ္သားသားခ်ဖို႔လိုေနၿပီဟုေျပာဆို

ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ကုလသမဂၢရဲ႕ ျပတ္သားတဲ့ဆုံးျဖတ္ခ်က္ေတြ အခ်ိန္နဲ႔တေျပးညီ လိုအပ္ေနတယ္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက ေျပာၾကားလိုက္ပါတယ္။

ေအာက္တိုဘာ ၂၉ ရက္ မေန႔ကမနက္ပိုင္းက အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ ကုလသမဂၢ႐ုံးခ်ဳပ္မွာ က်င္းပေနတဲ့ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံမွာ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက ေျပာၾကားတာပါ။

“ျပည္သူအားလုံးရဲ႕ အေျခခံလူ႔အခြင့္အေရးေတြအေပၚ ကမာၻက အေလးထားအာ႐ုံစိုက္မႈရဖို႔နဲ႔ ျပည္သူေတြအေပၚ စစ္တပ္က ရက္စက္စြာျပဳမႈေနတာေတြကို တားဆီးဖို႔အတြက္ ကုသလမဂၢရဲ႕ လုပ္ေဆာင္ခ်က္ေတြက အေသအခ်ာလိုအပ္ေနပါတယ္။ ကုလသမဂၢရဲ႕ အခ်ိန္နဲ႔တေျပးညီ ျပတ္သားစြာအေရးယူမႈေတြ အထူးသျဖင့္ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ လုပ္ေဆာင္ခ်က္ေတြက ေနာက္က်ေနၿပီျဖစ္ပါတယ္”

ျမန္မာႏိုင္ငံရဲ႕ သမိုင္းဝင္အလွည့္အေျပာင္းကာလမွာ ျပည္သူေတြအတြက္ ႏိုင္ငံတကာရဲ႕ ခိုင္မာတဲ့ေထာက္ခံအားေပးမႈလိုေနၿပီး ျမန္မာျပည္မွာ လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီျပန္ရခ်ိန္အထိ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီရဲ႕ အာဂ်င္ဒါထိပ္ဆုံးမွာ ျမန္မာ့အေရးကိုထားေပးဖို႔ကိုလည္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေမတၱာရပ္ခံခဲ့ပါတယ္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) အေနနဲ႔ ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနၿပီး ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး (ICC) ရဲ႕ တရားစီရင္မႈကို လက္ခံသြားမယ္လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေျပာဆိုထားၿပီး ႐ိုဟင္ဂ်ာအေရးအတြက္ မူဝါဒခ်မွတ္ထားၿပီး ျဖစ္တယ္လို႔ဆိုပါတယ္။

ဒါ့အျပင္စစ္တပ္အာဏာသိမ္းၿပီး ၉ လအတြင္း ဖမ္းဆီး၊ သတ္ျဖတ္ခံရမႈေတြ ရွိတဲ့အေၾကာင္းနဲ႔ မေန႔ကခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕က ခရစ္ယာန္ဘုရားေက်ာင္း ႏွစ္ေက်ာင္းအပါအဝင္ အိမ္ေျခအမ်ားအျပား မီးရႈိ႕ခံရမႈနဲ႔ပတ္သက္လို႔လည္း ဦးေက်ာ္မိုးထြန္းက တင္ျပခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *