ထန်တလန်မြို့အတွက် လက်တုံ့ပြန်သွားမည့်အဖွဲ့ပေါ်လာပြီ
ချင်းပြည်နယ်၊ ထန်တလန်မြို့ လူနေအိမ်များအား အကြမ်းဖက် မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မဟာမိတ် ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ပြောသည်။
“ထန်တလန်ဒေသခံတွေနဲ့ ကျွန်တော်တို့ တစ်သားတည်း ရှိနေမယ်။ စစ်ကောင်စီကိုလည်း စစ်ကောင်စီကိုလည်း ပြင်းပြင်းထန်ထန်နဲ့ လက်တုံ့ပြန်သွားမယ်လို့ ပြောချင်ပါတယ်”ဟု YDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
ချင်းဒေသအတွင်းရှိ ထန်တလန်နှင့် ဟားခါးဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် မကြာမီ မဟာမိတ် ပူးပေါင်းသွားရန်ရှိနေပြီး စစ်ရေးအသေးစိတ်ကို ထုတ်ဖော်မပြောကြားလိုသေးကြောင်း ၄င်းက ပြောသည်။
ထန်တလန်မြို့ပေါ် လူနေအိမ်များကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သော အာဏာသိမ်း စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်အပေါ် ရှုတ် ချကြောင်းလည်း YDF တပ်ဖွဲ့က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး ထန်တလန် မြို့ပေါ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ မီးတင်ရှို့မှု များကြောင့် ဘုရားကျောင်း နှစ်ကျောင်း အပါ အဝင် ဇုန်မွှန် ရပ်ကွက်တွင် နေအိမ် ၅၆ လုံး၊ လုံတာလ် ရပ်ကွက်တွင် အိမ်သုံးလုံး၊
Biakinn ရပ်ကွက်တွင် အိမ်အလုံး ၃၀ ၊ Market ရပ်ကွက်တွင် အိမ် ၅၂ လုံး နှင့် TABC ရပ်ကွက်တွင် အိမ် ၂၂ လုံး စုစုပေါင်း အိမ် ၁၆၃ လုံး လောင်ကျွမ်း ခဲ့ကြောင်း CDF – ထန်တလန် အဖွဲ့က ကောက်ယူထားသော စာရင်းများအရ သိရသည်
Zawgyi
ထန္တလန္ၿမိဳ႕အတြက္ လက္တုံ႔ျပန္သြားမည့္အဖြဲ႕ေပၚလာၿပီ
ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ လူေနအိမ္မ်ားအား အၾကမ္းဖက္ မီးရႈိ႕ဖ်က္ဆီးသြားသည့္ စစ္ေကာင္စီ၏ လုပ္ရပ္အေပၚ ေဒသတြင္း ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ မဟာမိတ္ ပူးေပါင္းၿပီး ျပင္းျပင္းထန္ထန္ လက္တုံ႔ျပန္သြားမည္ဟု ေယာေဒသကာကြယ္ေရးတပ္ဖြဲ႕ YDF က ေျပာသည္။
“ထန္တလန္ေဒသခံေတြနဲ႔ ကြၽန္ေတာ္တို႔ တစ္သားတည္း ရွိေနမယ္။ စစ္ေကာင္စီကိုလည္း စစ္ေကာင္စီကိုလည္း ျပင္းျပင္းထန္ထန္နဲ႔ လက္တုံ႔ျပန္သြားမယ္လို႔ ေျပာခ်င္ပါတယ္”ဟု YDF တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ခ်င္းေဒသအတြင္းရွိ ထန္တလန္ႏွင့္ ဟားခါးေဒသကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ားႏွင့္ မၾကာမီ မဟာမိတ္ ပူးေပါင္းသြားရန္ရွိေနၿပီး စစ္ေရးအေသးစိတ္ကို ထုတ္ေဖာ္မေျပာၾကားလိုေသးေၾကာင္း ၄င္းက ေျပာသည္။
ထန္တလန္ၿမိဳ႕ေပၚ လူေနအိမ္မ်ားကို လက္နက္ႀကီးမ်ားျဖင့္ ရည္႐ြယ္ခ်က္ရွိရွိ ပစ္ခတ္ခဲ့ေသာ အာဏာသိမ္း စစ္ေကာင္စီတပ္၏ အၾကမ္းဖက္ လုပ္ရပ္အေပၚ ရႈတ္ ခ်ေၾကာင္းလည္း YDF တပ္ဖြဲ႕က ယေန႔ရက္စြဲျဖင့္ ထုတ္ျပန္ထားသည္။
ယမန္ေန႔ နံနက္ပိုင္းက စတင္ၿပီး ထန္တလန္ ၿမိဳ႕ေပၚတြင္ စစ္တပ္က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈ၊ မီးတင္ရႈိ႕မႈ မ်ားေၾကာင့္ ဘုရားေက်ာင္း ႏွစ္ေက်ာင္း အပါ အဝင္ ဇုန္မႊန္ ရပ္ကြက္တြင္ ေနအိမ္ ၅၆ လုံး၊ လုံတာလ္ ရပ္ကြက္တြင္ အိမ္သုံးလုံး၊
Biakinn ရပ္ကြက္တြင္ အိမ္အလုံး ၃၀ ၊ Market ရပ္ကြက္တြင္ အိမ္ ၅၂ လုံး ႏွင့္ TABC ရပ္ကြက္တြင္ အိမ္ ၂၂ လုံး စုစုေပါင္း အိမ္ ၁၆၃ လုံး ေလာင္ကြၽမ္း ခဲ့ေၾကာင္း CDF – ထန္တလန္ အဖြဲ႕က ေကာက္ယူထားေသာ စာရင္းမ်ားအရ သိရသည္