အဆိပ်ပြင်းပဒူ အကိုက်ခံ လိုက်ရသည့် ပြည်သူ့အချစ်တော် ဒါရိုက်တာကိုပေါက်

အဆိပ်ပြင်းပဒူ အကိုက်ခံ လိုက်ရသည့် ပြည်သူ့အချစ်တော် ဒါရိုက်တာကိုပေါက်

ပြည်သူ့ဘက်တော်သားကြီးတစ်ဦးဖြစ်တဲ့ဒါရိုက်တာကိုပေါက်က လွတ်မြောက်နယ်မြေတစ်နေရာကနေ PDF ရဲဘော်တွေအတွက်လိုအပ်သမျှ ကူညီဖြည့်ဆည်းပေးနေရှာသူပါ ..အဓိက တာဝန်ယူလုပ်ကိုင်ပေးနေတာကတော့အစားအသောက်အတွက် စားဖိုမှုးကြီးပေါ့..မနေ့က ထုံးစံအတိုင်း ရှားရှားပါးပါးအသားဟင်းလေးရခိုက်မို့ ပျော်ရွှင်စွာနဲ့ချက်ပြုတ်နေတုန်း ပဒူအကိုက်ခံလိုက်ရပါတယ်

” လက်မှာပူကနဲရှိန်းကနဲ့ဖြစ်သွားပြီးလက်ကလှုပ်လို့မရတော့ဘူး.. တဖြည်းဖြည်းအဆိပ်က တံတောင်ဆစ်ရောက်လာတယ်တံတောင်ဆစ်ကနေ လက်မောင်းရင်းရောက်လာတယ် လက်တစ်ခုလုံးထုံကျင်လာပြီးဘယ်လိုမှ နေလို့မရတော့ဘူး ဒါနဲ့ပဲ ဆေးထိုးဖို့ပြေးရတော့တယ် CDM ဆရာမတစ်ယောက်ကအဆိပ်ဖြေဆေးထိုးပေးလိုက်တော့မှ

သက်သာသွားတာပြန်လည်းရောက်ရော တစ်ကိုယ်လုံးချမ်းတုန်လာပြီး အဆိပ်အရှိန်ကြောင့် အဖျားကတက်လာတယ် လည်ချောင်းတွေခြောက်ပြီးရေဆာသလိုကြီး တစ်ညလုံးဖြစ်တာ.. လက်ကအကိုက်တော့ကျသွားပေမယ့် တစ်ညလုံးဖျားတယ်ဒီမနက်တော့အတော်သက်သာသွားပါပြီ..လို့ဆိုခဲ့ပြီး အကိုက်ခံရတဲ့ပဒူအမျိုးအစားကိုတော့

” ကျနော့်ကို ကိုက်တဲ့ပဒူက တွေ့နေကျ အနီရောင်ပဒူမဟုတ်ဘူး..အမဲရောင်နဲ့အဝါရောင်စပ်ကျား..ဟင်းချက်နေတာကို ဘေးမှာအသားတွေလာစားနေတာ ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ အသားစားပဒူပေါ့ ..ဒေသခံတွေ အပြောအရ သူ့အဆိပ်ဘယ်လောက်ပြင်းသလဲဆိုရင် ခေါင်းကိုတုတ်မိရင် ဆံပင်တွေပါဖြူကုန်တာတဲ့ ဟုတ်မဟုတ်တော့ မသိဘူး.. မနေ့ကတော့ အတော်ခံလိုက်ရတယ်” လို့
ဒါရိုက်တာကိုပေါက်က ပြောပြခဲ့သည်။

Zawgyi

အဆိပ္ျပင္းပဒူ အကိုက္ခံ လိုက္ရသည့္ ျပည္သူ႔အခ်စ္ေတာ္ ဒါ႐ိုက္တာကိုေပါက္

ျပည္သူ႔ဘက္ေတာ္သားႀကီးတစ္ဦးျဖစ္တဲ့ဒါ႐ိုက္တာကိုေပါက္က လြတ္ေျမာက္နယ္ေျမတစ္ေနရာကေန PDF ရဲေဘာ္ေတြအတြက္လိုအပ္သမွ် ကူညီျဖည့္ဆည္းေပးေနရွာသူပါ ..အဓိက တာဝန္ယူလုပ္ကိုင္ေပးေနတာကေတာ့အစားအေသာက္အတြက္ စားဖိုမႈးႀကီးေပါ့..မေန႔က ထုံးစံအတိုင္း ရွားရွားပါးပါးအသားဟင္းေလးရခိုက္မို႔ ေပ်ာ္႐ႊင္စြာနဲ႔ခ်က္ျပဳတ္ေနတုန္း ပဒူအကိုက္ခံလိုက္ရပါတယ္

” လက္မွာပူကနဲရွိန္းကနဲ႔ျဖစ္သြားၿပီးလက္ကလႈပ္လို႔မရေတာ့ဘူး.. တျဖည္းျဖည္းအဆိပ္က တံေတာင္ဆစ္ေရာက္လာတယ္တံေတာင္ဆစ္ကေန လက္ေမာင္းရင္းေရာက္လာတယ္ လက္တစ္ခုလုံးထုံက်င္လာၿပီးဘယ္လိုမွ ေနလို႔မရေတာ့ဘူး ဒါနဲ႔ပဲ ေဆးထိုးဖို႔ေျပးရေတာ့တယ္ CDM ဆရာမတစ္ေယာက္ကအဆိပ္ေျဖေဆးထိုးေပးလိုက္ေတာ့မွ

သက္သာသြားတာျပန္လည္းေရာက္ေရာ တစ္ကိုယ္လုံးခ်မ္းတုန္လာၿပီး အဆိပ္အရွိန္ေၾကာင့္ အဖ်ားကတက္လာတယ္ လည္ေခ်ာင္းေတြေျခာက္ၿပီးေရဆာသလိုႀကီး တစ္ညလုံးျဖစ္တာ.. လက္ကအကိုက္ေတာ့က်သြားေပမယ့္ တစ္ညလုံးဖ်ားတယ္ဒီမနက္ေတာ့အေတာ္သက္သာသြားပါၿပီ..လို႔ဆိုခဲ့ၿပီး အကိုက္ခံရတဲ့ပဒူအမ်ိဳးအစားကိုေတာ့

” က်ေနာ့္ကို ကိုက္တဲ့ပဒူက ေတြ႕ေနက် အနီေရာင္ပဒူမဟုတ္ဘူး..အမဲေရာင္နဲ႔အဝါေရာင္စပ္က်ား..ဟင္းခ်က္ေနတာကို ေဘးမွာအသားေတြလာစားေနတာ ဂြၽတ္ဂြၽတ္ ဂြၽတ္ဂြၽတ္နဲ႔ အသားစားပဒူေပါ့ ..ေဒသခံေတြ အေျပာအရ သူ႔အဆိပ္ဘယ္ေလာက္ျပင္းသလဲဆိုရင္ ေခါင္းကိုတုတ္မိရင္ ဆံပင္ေတြပါျဖဴကုန္တာတဲ့ ဟုတ္မဟုတ္ေတာ့ မသိဘူး.. မေန႔ကေတာ့ အေတာ္ခံလိုက္ရတယ္” လို႔ဒါ႐ိုက္တာကိုေပါက္က ေျပာျပခဲ့သည္။

Leave a Reply

Your email address will not be published.