မောင်တောနယ်စပ် စစ်တပ်နှင့် မွတ်ဆလင် လက်နက် ကိုင်တို့ ပစ်ခတ်မှု ဖြစ်ပွား

မောင်တောနယ်စပ် စစ်တပ်နှင့် မွတ်ဆလင် လက်နက် ကိုင်တို့ ပစ်ခတ်မှု ဖြစ်ပွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇီးပင်ချောင်း ကျေး ရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံစစ်ကြောင်းနှင့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့ကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ယမန်နေ့ အောက်တိုဘာလ ၃၁ ရက် မွန်းလွဲပိုင်းက တဖက်နိုင်ငံမှ စိမ့်ဝင်နေသည့် မွတ်ဆလင် လက်နက်ကိုင် တချို့သည် ဇီးပင်ချောင်းကျေးရွာအနီး တောင်တန်းတွင် တဲထိုးနေထိုင်စဉ် စစ်ကောင်စီတပ်နှင့် ထိတွေ့ကာ ထိုသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။

ယင်းဖြစ်စဉ် အနီးဝန်းကျင်မှ ဒေသခံရွာသားတဦးက “မနေ့က အဲဒီဘက်က သေနတ်သံတွေတော့ ကြားရတယ်။ ကျနော်တို့ သိရသလောက်က ဘင်္ဂလားဘက်က ဝင်လာတဲ့ မွတ်ဆလင် လက်ကိုင်အဖွဲ့နဲ့ စစ်တပ် လှုပ်ရှား စစ်ကြောင်းနဲ့ ပစ်ခတ်မှုဖြစ်တာလို့ ပြောတယ်။ ရဲက ပြောတာကတော့ မွတ်လင်ဘက်က ၅ ဦး သေပြီးတော့ လက်နက် ၁ လက်ရတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မွတ်ဆလင်ဒုက္ခသည်စခန်းတွင် မကြာသေးမီက စခန်းတာဝန်ခံတဦး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး တဖက်နိုင်ငံတွင် ခြေကုပ်ယူနေထိုင်သည့် မွတ်ဆလင် လက်နက်ကိုင်အချင်းချင်းကြား ပဋိ ပက္ခများ ပြင်းထန်နေသည့်အတွက် နှစ်နိုင်ငံနယ်စပ်တွင် မွတ်ဆလင် နက်ကိုင်အဖွဲ့တို့ ခြေရှုပ်နေကြောင်းလည်း သိရသည်။

ထိုသို့ ဖြစ်ပွားခဲ့သည့်အတွက် လက်ရှိအချိန်တွင် အနီးဝန်းကျင်ရှိ ဒေသခံ ရခိုင်တိုင်းရင်းသား ကျေးရွာသားများနှင့် မွတ်ဆလင်ကျေးရွာသားများမှာ စိုးရိမ်မှုများ ရှိနေသလို စစ်ကောင်စီတပ်ဖွဲ့မှာလည်း အင်အား တိုးမြှင့်ချထားကြောင်းလည်း သိရသည်။

Zawgyi

ေမာင္ေတာနယ္စပ္ စစ္တပ္ႏွင့္ မြတ္ဆလင္ လက္နက္ ကိုင္တို႔ ပစ္ခတ္မႈ ျဖစ္ပြား

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ဇီးပင္ေခ်ာင္း ေက်း ႐ြာအနီးတြင္ စစ္ေကာင္စီလက္ေအာက္ခံစစ္ေၾကာင္းႏွင့္ မြတ္ဆလင္ လက္နက္ကိုင္အဖြဲ႕တို႔ ထိေတြ႕ကာ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္း ရရွိသည္။

ယမန္ေန႔ ေအာက္တိုဘာလ ၃၁ ရက္ မြန္းလြဲပိုင္းက တဖက္ႏိုင္ငံမွ စိမ့္ဝင္ေနသည့္ မြတ္ဆလင္ လက္နက္ကိုင္ တခ်ိဳ႕သည္ ဇီးပင္ေခ်ာင္းေက်း႐ြာအနီး ေတာင္တန္းတြင္ တဲထိုးေနထိုင္စဥ္ စစ္ေကာင္စီတပ္ႏွင့္ ထိေတြ႕ကာ ထိုသို႔ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံ ေက်း႐ြာသားမ်ားက ေျပာသည္။

ယင္းျဖစ္စဥ္ အနီးဝန္းက်င္မွ ေဒသခံ႐ြာသားတဦးက “မေန႔က အဲဒီဘက္က ေသနတ္သံေတြေတာ့ ၾကားရတယ္။ က်ေနာ္တို႔ သိရသေလာက္က ဘဂၤလားဘက္က ဝင္လာတဲ့ မြတ္ဆလင္ လက္ကိုင္အဖြဲ႕နဲ႔ စစ္တပ္ လႈပ္ရွား စစ္ေၾကာင္းနဲ႔ ပစ္ခတ္မႈျဖစ္တာလို႔ ေျပာတယ္။ ရဲက ေျပာတာကေတာ့ မြတ္လင္ဘက္က ၅ ဦး ေသၿပီးေတာ့ လက္နက္ ၁ လက္ရတယ္လို႔ ေျပာတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္္ မြတ္ဆလင္ဒုကၡသည္စခန္းတြင္ မၾကာေသးမီက စခန္းတာဝန္ခံတဦး လုပ္ႀကံသတ္ျဖတ္ခံရမႈႏွင့္ ပတ္သက္ၿပီး တဖက္ႏိုင္ငံတြင္ ေျခကုပ္ယူေနထိုင္သည့္ မြတ္ဆလင္ လက္နက္ကိုင္အခ်င္းခ်င္းၾကား ပဋိ ပကၡမ်ား ျပင္းထန္ေနသည့္အတြက္ ႏွစ္ႏိုင္ငံနယ္စပ္တြင္ မြတ္ဆလင္ နက္ကိုင္အဖြဲ႕တို႔ ေျခရႈပ္ေနေၾကာင္းလည္း သိရသည္။

ထိုသို႔ ျဖစ္ပြားခဲ့သည့္အတြက္ လက္ရွိအခ်ိန္တြင္ အနီးဝန္းက်င္ရွိ ေဒသခံ ရခိုင္တိုင္းရင္းသား ေက်း႐ြာသားမ်ားႏွင့္ မြတ္ဆလင္ေက်း႐ြာသားမ်ားမွာ စိုးရိမ္မႈမ်ား ရွိေနသလို စစ္ေကာင္စီတပ္ဖြဲ႕မွာလည္း အင္အား တိုးျမႇင့္ခ်ထားေၾကာင္းလည္း သိရသည္။

Leave a Reply

Your email address will not be published.