သဘာဝဘေးအမှုအတွက် ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆို

သဘာဝဘေးအမှုအတွက် ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယနေ့ ရုံးချိန်းတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅ ဖြင့် စွပ်စွဲကာ တရားစွဲဆိုမှုတွင် ကိုယ်တိုင် သက်သေထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ် သည့် အသိုင်းအဝိုင်းက သိရသည်။

၎င်းအမှုသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ စက်တင်ဘာလအတွင်းက နေပြည်တော်တွင် ပြုလုပ်သည့် မဲဆွယ်ယာဉ် တန်းအား အိမ်တော်ရှေ့ထွက်ကာ လက်ပြကြိုဆိုနှုတ်ဆက်ခဲ့သည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စည်းမျဉ်း ဥပဒေ ချိုးဖောက်သည် ဟုဆိုကာ တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲကာ တရားစွဲဆိုထားမှုများထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ အမှုတို့အား စစ်ဆေးနေခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းသုံးမှုစလုံးအား တရားရုံးက စွဲချက်တင် အမိန့်ချထားသည်။

ယနေ့ရုံးချိန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ အမှုတို့တွင်လည်း ပြန်ခေါ် သက် သေအဖြစ် စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အား ဝင်ရောက်စီးနင်း ရှာဖွေရာတွင် ပါဝင်ခဲ့သည့် ဗိုလ်မှူး တဦး၊ ဗိုလ်ကြီး ၂ ဦး၊ တပ်ကြပ်ကြီးတဦးနှင့် ရဲမှူးတဦးတို့အား အပြန်အလှန် စစ် ဆေးခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင် အမှုပေါင်း ၁၁ မှုဖြင့် တရားစွဲဆိုထားပြီး ရုံးထုတ် စစ်ဆေးနေခြင်း ဖြစ်သည်။

ယင်းသို့ ရုံးထုတ် စစ်ဆေးမှုများနှင့် ပတ်သက်၍လည်း ရှေ့နေ အဖွဲ့ဝင် ၅ ဦးအား ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ဖြေဆိုပြောကြားခြင်း မပြုရန် အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက် ယနေ့ ရုံးချိန်း အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ချေပထွက်ဆိုချက်များအား အသေးစိတ် သိရှိရခြင်း မရှိပေ

Zawgyi

သဘာဝေဘးအမႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္ သက္ေသထြက္ဆို

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ ယေန႔ ႐ုံးခ်ိန္းတြင္ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ၂၅ ျဖင့္ စြပ္စြဲကာ တရားစြဲဆိုမႈတြင္ ကိုယ္တိုင္ သက္ေသထြက္ဆိုခဲ့ေၾကာင္း တရား႐ုံးႏွင့္ နီးစပ္ သည့္ အသိုင္းအဝိုင္းက သိရသည္။

၎အမႈသည္ ၂၀၂၀ ေ႐ြးေကာက္ပြဲ မတိုင္မီ စက္တင္ဘာလအတြင္းက ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ မဲဆြယ္ယာဥ္ တန္းအား အိမ္ေတာ္ေရွ႕ထြက္ကာ လက္ျပႀကိဳဆိုႏႈတ္ဆက္ခဲ့သည့္အတြက္ ကိုဗစ္-၁၉ ကပ္ေရာဂါဆိုင္ရာ စည္းမ်ဥ္း ဥပေဒ ခ်ိဳးေဖာက္သည္ ဟုဆိုကာ တရားစြဲဆိုခံထားရျခင္း ျဖစ္သည္။

ပုံမွန္အားျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ အေပၚ အာဏာသိမ္း စစ္ေကာင္စီက စြပ္စြဲကာ တရားစြဲဆိုထားမႈမ်ားထဲက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅၊ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ အမႈတို႔အား စစ္ေဆးေနျခင္းျဖစ္ၿပီး လက္ရွိတြင္ ယင္းသုံးမႈစလုံးအား တရား႐ုံးက စြဲခ်က္တင္ အမိန႔္ခ်ထားသည္။

ယေန႔႐ုံးခ်ိန္းတြင္ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈ ႏွင့္ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ အမႈတို႔တြင္လည္း ျပန္ေခၚ သက္ ေသအျဖစ္ စစ္တပ္ အာဏာသိမ္းသည့္ ေဖေဖာ္ဝါရီ ၁ ရက္က ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အား ဝင္ေရာက္စီးနင္း ရွာေဖြရာတြင္ ပါဝင္ခဲ့သည့္ ဗိုလ္မႉး တဦး၊ ဗိုလ္ႀကီး ၂ ဦး၊ တပ္ၾကပ္ႀကီးတဦးႏွင့္ ရဲမႉးတဦးတို႔အား အျပန္အလွန္ စစ္ ေဆးခဲ့ၾကေၾကာင္း သိရသည္။

စစ္ေကာင္စီသည္ ေဒၚေအာင္ဆန္းစုၾကည္အား ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကတည္းက ဖမ္းဆီးခ်ဳပ္ေႏွာင္ အမႈေပါင္း ၁၁ မႈျဖင့္ တရားစြဲဆိုထားၿပီး ႐ုံးထုတ္ စစ္ေဆးေနျခင္း ျဖစ္သည္။

ယင္းသို႔ ႐ုံးထုတ္ စစ္ေဆးမႈမ်ားႏွင့္ ပတ္သက္၍လည္း ေရွ႕ေန အဖြဲ႕ဝင္ ၅ ဦးအား ျပည္တြင္းျပည္ပ အဖြဲ႕အစည္းမ်ား၊ မီဒီယာမ်ားႏွင့္ ေျဖဆိုေျပာၾကားျခင္း မျပဳရန္ အာဏာသိမ္း စစ္ေကာင္စီက ပိတ္ပင္ထားသည့္အတြက္ ယေန႔ ႐ုံးခ်ိန္း အတြင္း ေဒၚေအာင္ဆန္းစုၾကည္၏ ေခ်ပထြက္ဆိုခ်က္မ်ားအား အေသးစိတ္ သိရွိရျခင္း မရွိေပ

Leave a Reply

Your email address will not be published.