ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေနဲ့ စစ်ကောင်စီတွေ့

ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေနဲ့ စစ်ကောင်စီတွေ့

စစ်ကောင်စီက ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC က ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပြီး ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG နဲ့ ကချင်နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က ကိုယ်စားလှယ်တွေ နိုဝင်ဘာလ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဦးလမိုင်ဂွန်ဂျာနဲ့ ဦးခွန်းအောင်တို့က PCG ကိုယ်စားပြု တက်ရောက်ကြတယ်လို့ PCG အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်နိုင်ဖို့ လမ်းကြောင်းရှာတဲ့ အနေနဲ့ စစ်တပ်ဘက်က ကြားခံအဖွဲ့တွေနဲ့တွေ့ဆုံတာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခုအကြိမ်က ပထမဆုံး ဖြစ်ပါတယ်။တက်ရောက်သူတွေနဲ့ ဆက်သွယ်လို့ မရသေးတဲ့အတွက် ဘာတွေ ဆွေးနွေးခဲ့ကြတယ် ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။လတ်တလောမှာ KIO ကချင်လွတ်လပ်ရေး အဖွဲ့နဲ့ တပ်မတော်ဘက်က တိုက်ရိုက် ထိတွေ့ ဆွေးနွေးမှုမလုပ်ခင် ကချင်လူထုအပေါ် သြဇာညောင်းတဲ့ KBC နဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ ကိုယ်စားလှယ်တွေကို အရင်တွေ့ဆုံတာလို့ ယူဆရပါတယ်။

အာဏာသိမ်းပြီးနောက် မတ်လထဲမှာ စစ်ကောင်စီဘက်က ဝ အဖွဲ့ မိုင်းလားအဖွဲ့နဲ့ SSPP တို့ကို တွေ့ဖို့ကြိုးစားခဲ့ပေမဲ့ တွေ့ဖို့ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ အပြင် ဝ၊ မိုင်းလား နဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း စတဲ့ အဖွဲ့ သုံးဖွဲ့ ပေါင်းထားတဲ့ FPNCC ဆိုတဲ့ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ကြိုးစားတာ၊ တဖွဲ့ချင်းစီနဲ့ တွေ့ဖို့ ကမ်းလှမ်းထားတာတွေ ရှိပါတယ်။

တိုင်းရင်းသားတွေဘက်က အဲဒီကမ်းလှမ်းချက်ကို အကြောင်းပြန်တာမျိုး မရှိသေးဘူးလို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအခြေအနေ၊ ပြည်တွင်းပြည်ပ ဖိအားတွေနဲ့ ကိုဗစ်နိုင်တင်း ရောဂါ ကူးစက်မှုတွေ ရှိနေတဲ့အတွက် သွားရေးလာရေး အဆင်မပြေတာတွေကိုပါ တိုင်းရင်းသားတွေ ဘက်ကထည့်သွင်း စဉ်းစားနေကြပြီး အကြောင်းမပြန်ကြရသေးဘူးလို့ လည်း သိရပါတယ်။

Zawgyi

ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္ေတြနဲ႔ စစ္ေကာင္စီေတြ႕

စစ္ေကာင္စီက ဖြဲ႕ထားတဲ့ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီ NSPNC က ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ၿပီး ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္အဖြဲ႕ PCG နဲ႔ ကခ်င္ႏွစ္ခ်င္း ခရစ္ယာန္ အဖြဲ႕ခ်ဳပ္ KBC က ကိုယ္စားလွယ္ေတြ ႏိုဝင္ဘာလ ၁ ရက္ေန႔က ေနျပည္ေတာ္မွာ ေတြ႕ဆုံခဲ့ၾကပါတယ္။

ဦးလမိုင္ဂြန္ဂ်ာနဲ႔ ဦးခြန္းေအာင္တို႔က PCG ကိုယ္စားျပဳ တက္ေရာက္ၾကတယ္လို႔ PCG အဖြဲ႕ဝင္ တစ္ေယာက္က ေျပာပါတယ္။ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ျဖစ္ႏိုင္ဖို႔ လမ္းေၾကာင္းရွာတဲ့ အေနနဲ႔ စစ္တပ္ဘက္က ၾကားခံအဖြဲ႕ေတြနဲ႔ေတြ႕ဆုံတာ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ အခုအႀကိမ္က ပထမဆုံး ျဖစ္ပါတယ္။တက္ေရာက္သူေတြနဲ႔ ဆက္သြယ္လို႔ မရေသးတဲ့အတြက္ ဘာေတြ ေဆြးေႏြးခဲ့ၾကတယ္ ဆိုတာကိုေတာ့ ေလာေလာဆယ္ မသိရေသးပါဘူး။လတ္တေလာမွာ KIO ကခ်င္လြတ္လပ္ေရး အဖြဲ႕နဲ႔ တပ္မေတာ္ဘက္က တိုက္႐ိုက္ ထိေတြ႕ ေဆြးေႏြးမႈမလုပ္ခင္ ကခ်င္လူထုအေပၚ ၾသဇာေညာင္းတဲ့ KBC နဲ႔ ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္ အဖြဲ႕ ကိုယ္စားလွယ္ေတြကို အရင္ေတြ႕ဆုံတာလို႔ ယူဆရပါတယ္။

အာဏာသိမ္းၿပီးေနာက္ မတ္လထဲမွာ စစ္ေကာင္စီဘက္က ဝ အဖြဲ႕ မိုင္းလားအဖြဲ႕နဲ႔ SSPP တို႔ကို ေတြ႕ဖို႔ႀကိဳးစားခဲ့ေပမဲ့ ေတြ႕ဖို႔ အဆင္မေျပ ျဖစ္ခဲ့ပါတယ္။ေျမာက္ပိုင္း မဟာမိတ္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ေလးဖြဲ႕ အျပင္ ဝ၊ မိုင္းလား နဲ႔ SSPP ရွမ္းျပည္တိုးတက္ေရးပါတီ ရွမ္းျပည္တပ္မေတာ္ ေျမာက္ပိုင္း စတဲ့ အဖြဲ႕ သုံးဖြဲ႕ ေပါင္းထားတဲ့ FPNCC ဆိုတဲ့ျပည္ေထာင္စုႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီနဲ႔ ေတြ႕ဆုံ ေဆြးေႏြးဖို႔ ႀကိဳးစားတာ၊ တဖြဲ႕ခ်င္းစီနဲ႔ ေတြ႕ဖို႔ ကမ္းလွမ္းထားတာေတြ ရွိပါတယ္။

တိုင္းရင္းသားေတြဘက္က အဲဒီကမ္းလွမ္းခ်က္ကို အေၾကာင္းျပန္တာမ်ိဳး မရွိေသးဘူးလို႔ သူတို႔နဲ႔ နီးစပ္သူေတြက ေျပာပါတယ္။တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးအေျခအေန၊ ျပည္တြင္းျပည္ပ ဖိအားေတြနဲ႔ ကိုဗစ္ႏိုင္တင္း ေရာဂါ ကူးစက္မႈေတြ ရွိေနတဲ့အတြက္ သြားေရးလာေရး အဆင္မေျပတာေတြကိုပါ တိုင္းရင္းသားေတြ ဘက္ကထည့္သြင္း စဥ္းစားေနၾကၿပီး အေၾကာင္းမျပန္ၾကရေသးဘူးလို႔ လည္း သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *