မန္တလေးမီးရထားဝန်ထမ်းများ လုပ်ငန်းခွင်ပြန်မဝင်ဘဲ ဝန်ထမ်းလိုင်းခန်းမှ ဆင်းပေးကာတုံ့ပြန်
“စစ်ကောင်စီဖိအားပေးသော်လည်း မန္တလေးမီးရထားဝန်ထမ်းများ လုပ်ငန်းခွင်ပြန်မဝင်ဘဲ ဝန်ထမ်းလိုင်းခန်းမှ ဆင်းပေးကာတုံ့ပြန် “
မန္တလေးမြို့မှ မီးရထားဝန်ထမ်းများက လုပ်ငန်းခွင်ပြန်ဝန်ရန်နှင့် လုပ်ငန်းခွင်
မဝင်ဘဲ CDM ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းများမှ ဖယ်ရှားပေးရန်
စစ်ကောင်စီ ၏ ဖိအားပေးမှုအပေါ် လုပ်ငန်းခွင် ပြန်မဝင်ဘဲ ဝန်ထမ်းလိုင်းခန်းများမှဆင်းပေးကာတုံ့ပြန်လိုက်သည်။
မန္တလေးမြို့မှ မီးရထားဝန်ထမ်းများအား စစ်ကောင်စီမှ လာမည့် မတ်လ ၂၂ ရက်နေ့တွင် လုပ်ငန်းခွင်ပြန်ဝင်ရန်နှင့် အလုပ်တာဝန်ပြန်လည် ထမ်းဆောင်မှုမရှိပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှ ဖယ်ရှားပေးရန် အသိပေးထား၍
မန္တလေးမြို့ ဘူတာကြီးအနီး ၇၇လမ်း ၂၈ လမ်းမှ လမ်း ၃၀ ကြားရှိ မီးရထားတိုက်တန်းတွင် နေထိုင်ကြသော CDM ပြုလုပ်ထားသည့် ဝန်ထမ်းများသည် ယနေ့ မတ်လ ၂၀ ရက်နေ့တွင် လိုင်းခန်းများမှ အထုပ်အပိုးကိုယ်စီဖြင့် ထွက်ခွာနေကြခြင်းဖြစ်သည်။
မြို့ခံလူငယ်များကလည်း ကားများဖြင့်ရောက်လာပြီး ဝန်ထမ်းများ၏ ရွှေ့ပြောင်းမှုများအား ကူညီနေကြသည်။
ဖယ်ရှားခြင်းမရှိပါက အင်အားသုံးရှင်းလင်းမည်ဖြစ်ကြောင်း စစ်ကောင်စီက သတိပေးထားသည်။
ကျေးဇူးတင်ပါတယ်။ ပြည်သူ့အစိုးရတက်ရင် အစိုးရ CDM ဝန်ထမ်းတွေကို လခတိုး ရာထူးတိုးပေးစေလိုပါတယ်ရှင်။ ဘဝရင်းတဲ့ သူရဲကောင်းတွေပါ။
အခုချိန်မှာ ပြည်သူထဲကပြည်သူနဲ့
ပြည်သူ့ဝန်ထမ်းတွေ
တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးကို
ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။
ကျန်လူတချို့တွေလဲ
စစ်အုပ်ချုပ်မူ့အောက်က
ရုန်းထွက်ကြပါတော့
ကြောက်ခေတ်ကိုမှောက်ပြစ်ချိန်တန်ပြီ
တို့ပြည်သူတွေ အားမလျှော့နဲ့ ဇွဲမလျှော့နဲ့ သတ္တိခဲတွေ ဉာဏ်ကိုသုံးပြီး သတိကိုဆောင် ရောင်နီလာတော့မယ်၊
ငါတို့အောင်ရမယ် ။
အရေးတော်ပုံအောင်ရမည် ။
Zawgyi
ပြည်သူ့ဝန်ထမ်းတွေ
ကျန်လူတချို့တွေလဲ
ရုန်းထွက်ကြပါတော့
ငါတို့အောင်ရမယ် ။