ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ရခိုင်လူငယ်များဦးဆောင်၍ အလှူငွေများကောက်ခံ

ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ရခိုင်လူငယ်များဦးဆောင်၍ အလှူငွေများကောက်ခံ

ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ရခိုင်လူငယ်များကဦးဆောင်ပြီး အလှူငွေကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်တွေမြို့ တြိဂံလမ်းဆုံတွင် အောက်တိုဘာ ၃၁ ရက် ညနေ ၄ နာရီမှ ၇ နာရီအထိ ရခိုင်လူငယ် ၁၀ ဦးခန့်က မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများကောက်ခံခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင်သူ ကိုသက်ဇင်က နိရဥ္စရာကို ပြောသည်။

“ကိုယ်ချင်းစာတဲ့စိတ်၊ အဓိက လူသားအချင်းချင်း ကိုယ်ချင်းစာစိတ်ထားတဲ့စိတ်နဲ့လုပ်ဖြစ်တာပါ။ နိုဝင်ဘာ ၂ ရက်နေ့မှာလည်း စစ်တွေမြို့ မြို့မစျေးကြီးမှာ အလှူခံသွားဖို့စီစဉ်ထားပါတယ်”ဟု ပြောသည်။

ယခုကောက်ခံရရှိသောအလှူငွေများကို ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ကောက်ခံလျက်ရှိသော အဖွဲ့များနှင့် ချိတ်ဆက်ကာ လှူဒါန်းသွားမည်ဟု ကိုသက်ဇင်က ဆက်ပြောသည်။

အခက်ခဲကြုံနေသော တိုင်းရင်းသားများကိုကူညီခြင်းသည် ရခိုင်လူမျိုးများအတွက် ဂုဏ်ယူရသောလုပ်ရပ်ဖြစ်သည်ဟု စစ်တွေမြို့ခံ ဦးတင်ငြိမ်းဦးက ပြောသည်။

“တိုင်းရင်းသားတွေ အခက်ခဲဖြစ်နေချိန်မှာ အခုလို ကူညီတာ အရမ်းကောင်းပါတယ်။ တိုင်းရင်းသားတွေ ထဲမှာလည်း ကျနော်တို့လူမျိုးအခက်ခဲဖြစ်တုန်းက ကောင်းခဲ့တာတွေအများကြီးရှိပါတယ်”ဟု ပြောသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အောက်တိုဘာ ၃ဝ ရက်အထိစာရင်းအရ လူနေအိမ် ၁၆၀ ကျော်နှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၂ ကျောင်းမီးရှို့ခံထားရသည်ဟု သတင်းများတွင်ဖော်ပြထားချက်အရ သိရသည်။

Zawgyi

ထန္တလန္ၿမိဳ႕ မီးေဘးသင့္ျပည္သူမ်ားအတြက္ ရခိုင္လူငယ္မ်ားဦးေဆာင္၍ အလႉေငြမ်ားေကာက္ခံ

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ မီးေဘးသင့္ျပည္သူမ်ားအတြက္ ရခိုင္လူငယ္မ်ားကဦးေဆာင္ၿပီး အလႉေငြေကာက္ခံမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

စစ္ေတြၿမိဳ႕ ႀတိဂံလမ္းဆုံတြင္ ေအာက္တိုဘာ ၃၁ ရက္ ညေန ၄ နာရီမွ ၇ နာရီအထိ ရခိုင္လူငယ္ ၁၀ ဦးခန႔္က မီးေဘးသင့္ျပည္သူမ်ားအတြက္ အလႉေငြမ်ားေကာက္ခံခဲ့ျခင္းျဖစ္သည္ဟု ဦးေဆာင္သူ ကိုသက္ဇင္က နိရၪၥရာကို ေျပာသည္။

“ကိုယ္ခ်င္းစာတဲ့စိတ္၊ အဓိက လူသားအခ်င္းခ်င္း ကိုယ္ခ်င္းစာစိတ္ထားတဲ့စိတ္နဲ႔လုပ္ျဖစ္တာပါ။ ႏိုဝင္ဘာ ၂ ရက္ေန႔မွာလည္း စစ္ေတြၿမိဳ႕ ၿမိဳ႕မေစ်းႀကီးမွာ အလႉခံသြားဖို႔စီစဥ္ထားပါတယ္”ဟု ေျပာသည္။

ယခုေကာက္ခံရရွိေသာအလႉေငြမ်ားကို ထန္တလန္ၿမိဳ႕ မီးေဘးသင့္ျပည္သူမ်ားအတြက္ ေကာက္ခံလ်က္ရွိေသာ အဖြဲ႕မ်ားႏွင့္ ခ်ိတ္ဆက္ကာ လႉဒါန္းသြားမည္ဟု ကိုသက္ဇင္က ဆက္ေျပာသည္။

အခက္ခဲကဳံနရေသာ တိုင္းရင္းသားမ်ားကိုကူညီျခင္းသည္ ရခိုင္လူမ်ိဳးမ်ားအတြက္ ဂုဏ္ယူရေသာလုပ္ရပ္ျဖစ္သည္ဟု စစ္ေတြၿမိဳ႕ခံ ဦးတင္ၿငိမ္းဦးက ေျပာသည္။

“တိုင္းရင္းသားေတြ အခက္ခဲျဖစ္ေနခ်ိန္မွာ အခုလို ကူညီတာ အရမ္းေကာင္းပါတယ္။ တိုင္းရင္းသားေတြ ထဲမွာလည္း က်ေနာ္တို႔လူမ်ိဳးအခက္ခဲျဖစ္တုန္းက ေကာင္းခဲ့တာေတြအမ်ားႀကီးရွိပါတယ္”ဟု ေျပာသည္။

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕တြင္ ေအာက္တိုဘာ ၃ဝ ရက္အထိစာရင္းအရ လူေနအိမ္ ၁၆၀ ေက်ာ္ႏွင့္ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္း ၂ ေက်ာင္းမီးရႈိ႕ခံထားရသည္ဟု သတင္းမ်ားတြင္ေဖာ္ျပထားခ်က္အရ သိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *