ပြည်သူများ ဆန်နှင့် ဆီ လျှော့စားကြရန် အာဏာသိမ်းစစ်ခေါင်းဆောင်တိုက်တွန်း

ပြည်သူများ ဆန်နှင့် ဆီ လျှော့စားကြရန် အာဏာသိမ်းစစ်ခေါင်းဆောင်တိုက်တွန်း

ပြည်သူလူထုအနေနဲ့ ဆန်နဲ့ ဆီလျှော့စားကြဖို့နဲ့ လောင်စာဆီအသုံးပြုတာတွေကို လျှော့ချဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့တဲ့ (၉)လပြည့် အထိမ်းအမှတ် နိုဝင်ဘာ ၁ ရက်နေ့ ညက ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။

စစ်ခေါင်းဆောင်က “ သာမာန်အားဖြင့် လူတစ်ယောက်က မနက်၊ နေ့လယ် နို့ဆီဘူး တဘူးစီလောက် စားပါတယ်။ မနက်စောစောစာမှာလည်း ဘူး တစ်ဝက်လောက်စားတဲ့ အတွက်ကြောင့် နှစ်ဘူးခွဲလောက်ကုန်တာကို ကျနော်တို့ တွေ့ရပါတယ်။ တပ်မတော်မှာလည်း ဒီတိုင်းပါပဲ၊ ဒီနှုန်းနဲ့ပဲ စားပါတယ်။

ဒါကို ၁၀ ရာခိုင်နှုန်းလောက် လျှော့ချပြီးတော့မှ စားသုံးကြည့်တဲ့အခါမှာ ကျနော်တို့ဘက်က သုတေသနပြုချက်အရ တော်တော်အကျိုးရှိတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့် ဒါလေးကိုလည်း ထိုက်သင့်သလိုထိန်းသိမ်းပြီးတော့မှ စားသုံးမှုပုံစံမျိုး ပြောင်းလဲသွားမယ်ဆိုလို့ရှိရင် ပြည်သူများရဲ့ ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူရမယ်ဆိုတာလေးလည်း ကျနော် အကြံပြုလိုပါတယ်။”လို့ပြောပါတယ်။

ဒါ့အပြင် စားသုံးဆီနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဆီကြိတ်ခွဲမှုက တန်ချိန် ၆၆၀၀၀ ကျော်ရပြီး ပြည်ပကနေ တန်ချိန် ၈ သိန်းကျော်တင်သွင်းရကြောင်းနဲ့ ဆီစားသုံးမှုများနေတာ တွေ့ရတယ်လို့ စစ်ခေါင်းဆောင်ကဆိုပါတယ်။

“မိဘပြည်သူများဆိုင်တွေမှာ ရောင်းချနေတဲ့ ဆိုင်တွေမှာရောင်းချနေတဲ့ ဟင်းလျာတွေကို ကြည့်ပါ၊ ဆီပြန်ဟင်းတွေ များတာကို တွေ့ရပါလိမ့်မယ်။ အိမ်တွေမှာ ဆိုလို့ရှိရင်လည်း ဆီနိုင်နိုင်ထားပြီးတော့မှ သုံးကြတာလည်း တွေ့ရပါတယ်။ ကျနော်တို့ မြန်မာ့ရိုးရာ မိရိုးဖလာစားတဲ့အထဲမှာ လက်ဖက်တို့၊ ပဲပြုတ်တို့၊ ငါးခြောက်ဖုတ်တို့ တော်တော်များများစားကြပါတယ်။

ဒီနေရာမှာလည်း ဆီနိုင်းချင်း လေးနဲ့ စားကြတာကို တွေ့ပါ တယ်။ ကျနော်ကိုယ်တိုင်လည်း ဒီအစားအစာတွေ ကြိုက်ပါတယ်။ ဒါကြောင့် ကျနော်ပြောချင်တာကတော့ အတတ်နိုင်ဆုံး ဆီအနည်းဆုံး ထည့်သွင်းပြီးတော့ အသုံးပြုမယ်ဆိုလို့ရှိရင် ဆီချွေတာရာလည်း ရောက်ပါတယ်။ တိုင်းပြည်အတွက် ကုန်ကျနေတဲ့ စားသုံးဆီတင်သွင်းမှုကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။”လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ဒီဇယ်နဲ့ ဓာတ်ဆီ တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ ၁၂၉ ဘီလီယံဖိုးတင်သွင်းရပြီး စားအုန်းဆီက ဒေါ်လာ ၈၂၆ သန်း ဖိုး နှစ်ခုပေါင်းရင် ဒေါ်လာ ၃ ဘီလီယံနီးပါးလောက်ရှိတာတွေ့ရတဲ့အတွက် အတတ်နိုင်ဆုံး ခြိုးခြံချွေတာသုံးစွဲဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းပြောသွားပါတယ်။

Zawgyi

ျပည္သူမ်ား ဆန္ႏွင့္ ဆီ ေလွ်ာ့စားၾကရန္ အာဏာသိမ္းစစ္ေခါင္းေဆာင္တိုက္တြန္း

ျပည္သူလူထုအေနနဲ႔ ဆန္နဲ႔ ဆီေလွ်ာ့စားၾကဖို႔နဲ႔ ေလာင္စာဆီအသုံးျပဳတာေတြကို ေလွ်ာ့ခ်ဖို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္း ေျပာၾကားလိုက္ပါတယ္။

စစ္တပ္က ႏိုင္ငံေတာ္အာဏာကို တရားမဝင္ သိမ္းယူခဲ့တဲ့ (၉)လျပည့္ အထိမ္းအမွတ္ ႏိုဝင္ဘာ ၁ ရက္ေန႔ ညက ႐ုပ္ျမင္သံၾကားကေန မိန႔္ခြန္းေျပာရာမွာ ထည့္သြင္းေျပာဆိုသြားတာပါ။

စစ္ေခါင္းေဆာင္က “ သာမာန္အားျဖင့္ လူတစ္ေယာက္က မနက္၊ ေန႔လယ္ ႏို႔ဆီဘူး တဘူးစီေလာက္ စားပါတယ္။ မနက္ေစာေစာစာမွာလည္း ဘူး တစ္ဝက္ေလာက္စားတဲ့ အတြက္ေၾကာင့္ ႏွစ္ဘူးခြဲေလာက္ကုန္တာကို က်ေနာ္တို႔ ေတြ႕ရပါတယ္။ တပ္မေတာ္မွာလည္း ဒီတိုင္းပါပဲ၊ ဒီႏႈန္းနဲ႔ပဲ စားပါတယ္။

ဒါကို ၁၀ ရာခိုင္ႏႈန္းေလာက္ ေလွ်ာ့ခ်ၿပီးေတာ့မွ စားသုံးၾကည့္တဲ့အခါမွာ က်ေနာ္တို႔ဘက္က သုေတသနျပဳခ်က္အရ ေတာ္ေတာ္အက်ိဳးရွိတာကို က်ေနာ္တို႔ ေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒါေလးကိုလည္း ထိုက္သင့္သလိုထိန္းသိမ္းၿပီးေတာ့မွ စားသုံးမႈပုံစံမ်ိဳး ေျပာင္းလဲသြားမယ္ဆိုလို႔ရွိရင္ ျပည္သူမ်ားရဲ႕ က်န္းမာေရးအတြက္လည္း မ်ားစြာ အေထာက္အကူရမယ္ဆိုတာေလးလည္း က်ေနာ္ အႀကံျပဳလိုပါတယ္။”လို႔ေျပာပါတယ္။

ဒါ့အျပင္ စားသုံးဆီနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံမွာ ဆီႀကိတ္ခြဲမႈက တန္ခ်ိန္ ၆၆၀၀၀ ေက်ာ္ရၿပီး ျပည္ပကေန တန္ခ်ိန္ ၈ သိန္းေက်ာ္တင္သြင္းရေၾကာင္းနဲ႔ ဆီစားသုံးမႈမ်ားေနတာ ေတြ႕ရတယ္လို႔ စစ္ေခါင္းေဆာင္ကဆိုပါတယ္။

“မိဘျပည္သူမ်ားဆိုင္ေတြမွာ ေရာင္းခ်ေနတဲ့ ဆိုင္ေတြမွာေရာင္းခ်ေနတဲ့ ဟင္းလ်ာေတြကို ၾကည့္ပါ၊ ဆီျပန္ဟင္းေတြ မ်ားတာကို ေတြ႕ရပါလိမ့္မယ္။ အိမ္ေတြမွာ ဆိုလို႔ရွိရင္လည္း ဆီႏိုင္ႏိုင္ထားၿပီးေတာ့မွ သုံးၾကတာလည္း ေတြ႕ရပါတယ္။ က်ေနာ္တို႔ ျမန္မာ့႐ိုးရာ မိ႐ိုးဖလာစားတဲ့အထဲမွာ လက္ဖက္တို႔၊ ပဲျပဳတ္တို႔၊ ငါးေျခာက္ဖုတ္တို႔ ေတာ္ေတာ္မ်ားမ်ားစားၾကပါတယ္။

ဒီေနရာမွာလည္း ဆီႏိုင္းခ်င္း ေလးနဲ႔ စားၾကတာကို ေတြ႕ပါ တယ္။ က်ေနာ္ကိုယ္တိုင္လည္း ဒီအစားအစာေတြ ႀကိဳက္ပါတယ္။ ဒါေၾကာင့္ က်ေနာ္ေျပာခ်င္တာကေတာ့ အတတ္ႏိုင္ဆုံး ဆီအနည္းဆုံး ထည့္သြင္းၿပီးေတာ့ အသုံးျပဳမယ္ဆိုလို႔ရွိရင္ ဆီေခြၽတာရာလည္း ေရာက္ပါတယ္။ တိုင္းျပည္အတြက္ ကုန္က်ေနတဲ့ စားသုံးဆီတင္သြင္းမႈကိုလည္း ေလ်ာ့နည္းေစမွာ ျဖစ္ပါတယ္။”လို႔ စစ္ေခါင္းေဆာင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာ ဒီဇယ္နဲ႔ ဓာတ္ဆီ တန္ဖိုးအားျဖင့္ ေဒၚလာ ၂ ဒသမ ၁၂၉ ဘီလီယံဖိုးတင္သြင္းရၿပီး စားအုန္းဆီက ေဒၚလာ ၈၂၆ သန္း ဖိုး ႏွစ္ခုေပါင္းရင္ ေဒၚလာ ၃ ဘီလီယံနီးပါးေလာက္ရွိတာေတြ႕ရတဲ့အတြက္ အတတ္ႏိုင္ဆုံး ၿခိဳးၿခံေခြၽတာသုံးစြဲဖို႔ စစ္ေခါင္းေဆာင္က တိုက္တြန္းေျပာသြားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *