ထန်တလန်မြို့ မီးရှို့မှုနဲ့ ဗျူးပွိုင့်မှ ကြည့်ရှုနေသည့် (ခလရ) ၂၂၂ မှ စစ်သားနှစ်ဦး ( ရုပ်သံ )

ထန်တလန်မြို့ မီးရှို့မှုနဲ့ ဗျူးပွိုင့်မှ ကြည့်ရှုနေသည့် (ခလရ) ၂၂၂ မှ စစ်သားနှစ်ဦး ( ရုပ်သံ )

ထန်တလန်မြို့ မီးရှို့မှုနဲ့ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂

ချင်းပြည်နယ် ထန်တလန်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်း နှစ်ကျောင်းနှင့် လူနေအိမ် ၇၀ ကျော် မီးလောင်နေသည်ကို နောက်ခံထား၍ မြန်မာစစ်တပ်မှ စစ်သားအချို့က ဓာတ်ပုံရိုက်ယူခဲ့သည်ကို ရရှိထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။

ဓာတ်ပုံများအရ မီးလောင်နေစဉ် ကြည့်ရှုနေသည့် စစ်သားနှစ်ဦးကို တွေ့ရပြီး တစ်ဦး၏ သေနတ်ဒင်တွင် နံပါတ် ၂၂၂ ကိုတွေ့ရသည်။ ထို့ပြင် လက်မောင်းတံဆိပ်မှာ မြှားပုံဖြစ်သည်။ ယင်း လက်မောင်း တံဆိပ်သည် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) တံဆိပ်ဖြစ်ပြီး၊ သေနတ်ဒင်ပါ ၂၂၂ သည် တပ်ရင်းနံပါတ်ဖြစ်သည်။

သတင်းအချို့တွင်ဖော်ပြချက်များအရ ထန်တလန်တွင် (ခလရ) ၂၂၂ ရောက်ရှိနေကြောင်း သိရသော်လည်း အတည်မပြုနိုင်ခဲ့ပေ။ သို့သော် ယခုရရှိသည့် အချက်အလက်များအရ အဆိုပါ စစ်သားနှစ်ဦးသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဟုမ္မလင်း အခြေစိုက်၊ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂ မှ စစ်သားများဖြစ်ကြောင်း အတည်ပြုနိုင်သည်။

ထန်တလန် ဝန်းကျင်တွင် (ခလရ) ၂၂၂ အပြင် အခြား တပ်မ တပ်ရင်းများလည်း ရှိနေဦးမည်ဟု ယုံကြည်ရသည်။ အောက်တိုဘာ ၂၉ က ယင်းဖြစ်စဉ်တွင် ဒေသခံ ကာကွယ်ရေး တပ်များက အဆောက်အအုံများကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့သည်။

ဒေသခံကာကွယ်ရေးတပ်များက အဆောက်အအုံများကို မီးရှို့ခဲ့သည်ဟု စစ်ကောင်စီက ပြောဆိုသော်လည်း သက်သေ တစ်စုံတစ်ရာ ထုတ်ဖော်ပြနိုင်ခဲ့ခြင်း မရှိပေ။ ယင်းကဲ့သို့ သက်သေထုတ်ဖော်မပြသနိုင်သည့် စစ်ကောင်စီ၏ ပြောဆိုချက်ကို မီဒီယာအချို့ကလည်း ပြန်လည်ဖော်ပြခဲ့ကြသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “(ပီဒီအက်ဖ်များကို) လိုက်ရှင်းပြီး ပြန်လာတဲ့အခါ မီးလောင်နေတာ တွေ့လို့ မီးငြှိမ်းသတ်ဖို့ နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားခဲ့တယ်” ဟု ဆိုပြီး “မီးငြှိမ်းဖို့လာတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။

ဒါကြောင့် မီးမငြှိမ်းသတ်နိုင်ဘဲ မီးလောင်ရခြင်းဖြစ်တယ်” ဟု အောက်တိုဘာ ၃၀ ရက်က စစ်တပ်ပိုင် မြဝတီ သတင်းတွင် ပြောဆိုခဲ့သည်။

သို့သော် မီးလောင်ခဲ့သည့်နေ့က ထန်တလန်မြို့ကို ဝေဟင်မှ ရိုက်ကူးထားသည့် ဒရုန်းဗွီဒီယိုတစ်ခုအရ မီးလောင်ခဲ့သည့် အဆောက်အအုံများဝန်းကျင်တွင် စစ်ကောင်စီတပ်သားများကို မီးမလောင်မီ မိနစ်ပိုင်းအလိုက မြင်တွေ့ရသည်။

ထို့ပြင် ယခု ဓာတ်ပုံတွင် တွေ့ရသည့် စစ်သားများမှာ ထန်တလန် မြို့တွင်းနှင့် ၅ ဖာလုံခန့်အကွာ မြို့ကို အပေါ်စီးမှ မြင်ရသည့် ဗျူးပွိုင့် (View Point) ပေါ်တွင် ရှိနေကြခြင်းဖြစ်သည်။ ထန်တလန်မြို့တွင် တိုက်ပွဲဖြစ်ပွားနေချိန် ယင်းတောင်ပေါ်မှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။

ယင်းအတွက်ကြောင့် မီးမလောင်ခင်အချိန် အဆောက်အအုံများဘေးတွင် စစ်ကောင်စီတပ်သားများ ရှိနေပြီး မီးလောင်နေချိန်တွင်လည်း စစ်ကောင်စီတပ်သားများက ဗျူးပွိုင့်ပေါ်မှ ဓာတ်ပုံ ရိုက်ယူ နေနိုင်ခဲ့သည်ကို ထင်ထင်ရှားရှား တွေ့ရသည်။

မီလောင်နေချိန် စစ်ကောင်စီတပ်သားများက အိမ်များအတွင်းဝင်ရောက်ကာ ဖောက်ထွင်းခဲ့မှုများ ရှိသည်ဟု ဒေသခံတစ်ဦးက ပြောထားသေးသည်။ မီးလောင်နေစဉ် မြင်တွေ့ရသည့် ဒရုန်းဗွီဒီယိုတွင် စစ်ကောင်စီ တပ်သားများသည် မီးမစွဲသေးသည့် အိမ်များအတွင်း ဝင်ထွက်နေသည်ကိုလည်း မြင်တွေ့ရသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း စွပ်စွဲ ပြောဆိုသည့် မီးလောင်နေသည့်အချိန်တွင် လုံခြုံရေးအဖွဲ့များက မီးငြှိမ်းသတ်ရန် ကြိုးစားခဲ့သည်ဆိုသည်မှာ လုံးဝ ကိုက်ညီမှု မရှိသည်ကို တွေ့ရသည်။

ဓာတ်ပုံ – ထန်တလန်မြို့ မီးလောင်နေသည်ကို ဗျူးပွိုင့်မှ ကြည့်ရှုနေသည့် (ခလရ) ၂၂၂ မှ စစ်သားနှစ်ဦး။

Zawgyi

ထန္တလန္ၿမိဳ႕ မီးရႈိ႕မႈနဲ႔ ဗ်ဴးပြိဳင့္မွ ၾကည့္ရႈေနသည့္ (ခလရ) ၂၂၂ မွ စစ္သားႏွစ္ဦး ( ႐ုပ္သံ )

ထန္တလန္ၿမိဳ႕ မီးရႈိ႕မႈနဲ႔ ေျခလ်င္တပ္ရင္း (ခလရ) ၂၂၂

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ရွိ ခရစ္ယာန္ ဘုရားေက်ာင္း ႏွစ္ေက်ာင္းႏွင့္ လူေနအိမ္ ၇၀ ေက်ာ္ မီးေလာင္ေနသည္ကို ေနာက္ခံထား၍ ျမန္မာစစ္တပ္မွ စစ္သားအခ်ိဳ႕က ဓာတ္ပုံ႐ိုက္ယူခဲ့သည္ကို ရရွိထားသည့္ ဓာတ္ပုံမ်ားတြင္ ေတြ႕ရသည္။

ဓာတ္ပုံမ်ားအရ မီးေလာင္ေနစဥ္ ၾကည့္ရႈေနသည့္ စစ္သားႏွစ္ဦးကို ေတြ႕ရၿပီး တစ္ဦး၏ ေသနတ္ဒင္တြင္ နံပါတ္ ၂၂၂ ကိုေတြ႕ရသည္။ ထို႔ျပင္ လက္ေမာင္းတံဆိပ္မွာ ျမႇားပုံျဖစ္သည္။ ယင္း လက္ေမာင္း တံဆိပ္သည္ အေနာက္ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ (နမခ) တံဆိပ္ျဖစ္ၿပီး၊ ေသနတ္ဒင္ပါ ၂၂၂ သည္ တပ္ရင္းနံပါတ္ျဖစ္သည္။

သတင္းအခ်ိဳ႕တြင္ေဖာ္ျပခ်က္မ်ားအရ ထန္တလန္တြင္ (ခလရ) ၂၂၂ ေရာက္ရွိေနေၾကာင္း သိရေသာ္လည္း အတည္မျပဳႏိုင္ခဲ့ေပ။ သို႔ေသာ္ ယခုရရွိသည့္ အခ်က္အလက္မ်ားအရ အဆိုပါ စစ္သားႏွစ္ဦးသည္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ လက္ေအာက္ခံ ဟုမၼလင္း အေျခစိုက္၊ ေျခလ်င္တပ္ရင္း (ခလရ) ၂၂၂ မွ စစ္သားမ်ားျဖစ္ေၾကာင္း အတည္ျပဳႏိုင္သည္။

ထန္တလန္ ဝန္းက်င္တြင္ (ခလရ) ၂၂၂ အျပင္ အျခား တပ္မ တပ္ရင္းမ်ားလည္း ရွိေနဦးမည္ဟု ယုံၾကည္ရသည္။ ေအာက္တိုဘာ ၂၉ က ယင္းျဖစ္စဥ္တြင္ ေဒသခံ ကာကြယ္ေရး တပ္မ်ားက အေဆာက္အအုံမ်ားကို မီးရႈိ႕ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက စြပ္စြဲေျပာဆိုခဲ့သည္။

ေဒသခံကာကြယ္ေရးတပ္မ်ားက အေဆာက္အအုံမ်ားကို မီးရႈိ႕ခဲ့သည္ဟု စစ္ေကာင္စီက ေျပာဆိုေသာ္လည္း သက္ေသ တစ္စုံတစ္ရာ ထုတ္ေဖာ္ျပႏိုင္ခဲ့ျခင္း မရွိေပ။ ယင္းကဲ့သို႔ သက္ေသထုတ္ေဖာ္မျပသႏိုင္သည့္ စစ္ေကာင္စီ၏ ေျပာဆိုခ်က္ကို မီဒီယာအခ်ိဳ႕ကလည္း ျပန္လည္ေဖာ္ျပခဲ့ၾကသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “(ပီဒီအက္ဖ္မ်ားကို) လိုက္ရွင္းၿပီး ျပန္လာတဲ့အခါ မီးေလာင္ေနတာ ေတြ႕လို႔ မီးျငႇိမ္းသတ္ဖို႔ ေနာက္ထပ္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ သြားခဲ့တယ္” ဟု ဆိုၿပီး “မီးျငႇိမ္းဖို႔လာတဲ့ လုံၿခဳံေရးအဖြဲ႕ေတြနဲ႔ သက္ဆိုင္ရာဝန္ထမ္းေတြကို ျပန္လည္ ပစ္ခတ္ခဲ့ပါတယ္။

ဒါေၾကာင့္ မီးမျငႇိမ္းသတ္ႏိုင္ဘဲ မီးေလာင္ရျခင္းျဖစ္တယ္” ဟု ေအာက္တိုဘာ ၃၀ ရက္က စစ္တပ္ပိုင္ ျမဝတီ သတင္းတြင္ ေျပာဆိုခဲ့သည္။

သို႔ေသာ္ မီးေလာင္ခဲ့သည့္ေန႔က ထန္တလန္ၿမိဳ႕ကို ေဝဟင္မွ ႐ိုက္ကူးထားသည့္ ဒ႐ုန္းဗြီဒီယိုတစ္ခုအရ မီးေလာင္ခဲ့သည့္ အေဆာက္အအုံမ်ားဝန္းက်င္တြင္ စစ္ေကာင္စီတပ္သားမ်ားကို မီးမေလာင္မီ မိနစ္ပိုင္းအလိုက ျမင္ေတြ႕ရသည္။

ထို႔ျပင္ ယခု ဓာတ္ပုံတြင္ ေတြ႕ရသည့္ စစ္သားမ်ားမွာ ထန္တလန္ ၿမိဳ႕တြင္းႏွင့္ ၅ ဖာလုံခန႔္အကြာ ၿမိဳ႕ကို အေပၚစီးမွ ျမင္ရသည့္ ဗ်ဴးပြိဳင့္ (View Point) ေပၚတြင္ ရွိေနၾကျခင္းျဖစ္သည္။ ထန္တလန္ၿမိဳ႕တြင္ တိုက္ပြဲျဖစ္ပြားေနခ်ိန္ ယင္းေတာင္ေပၚမွေန၍ လက္နက္ႀကီးျဖင့္ ပစ္ခတ္ေနခဲ့ေသးေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ယင္းအတြက္ေၾကာင့္ မီးမေလာင္ခင္အခ်ိန္ အေဆာက္အအုံမ်ားေဘးတြင္ စစ္ေကာင္စီတပ္သားမ်ား ရွိေနၿပီး မီးေလာင္ေနခ်ိန္တြင္လည္း စစ္ေကာင္စီတပ္သားမ်ားက ဗ်ဴးပြိဳင့္ေပၚမွ ဓာတ္ပုံ ႐ိုက္ယူ ေနႏိုင္ခဲ့သည္ကို ထင္ထင္ရွားရွား ေတြ႕ရသည္။

မီေလာင္ေနခ်ိန္ စစ္ေကာင္စီတပ္သားမ်ားက အိမ္မ်ားအတြင္းဝင္ေရာက္ကာ ေဖာက္ထြင္းခဲ့မႈမ်ား ရွိသည္ဟု ေဒသခံတစ္ဦးက ေျပာထားေသးသည္။ မီးေလာင္ေနစဥ္ ျမင္ေတြ႕ရသည့္ ဒ႐ုန္းဗြီဒီယိုတြင္ စစ္ေကာင္စီ တပ္သားမ်ားသည္ မီးမစြဲေသးသည့္ အိမ္မ်ားအတြင္း ဝင္ထြက္ေနသည္ကိုလည္း ျမင္ေတြ႕ရသည္။

ထို႔ေၾကာင့္ စစ္ေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း စြပ္စြဲ ေျပာဆိုသည့္ မီးေလာင္ေနသည့္အခ်ိန္တြင္ လုံၿခဳံေရးအဖြဲ႕မ်ားက မီးျငႇိမ္းသတ္ရန္ ႀကိဳးစားခဲ့သည္ဆိုသည္မွာ လုံးဝ ကိုက္ညီမႈ မရွိသည္ကို ေတြ႕ရသည္။

ဓာတ္ပုံ – ထန္တလန္ၿမိဳ႕ မီးေလာင္ေနသည္ကို ဗ်ဴးပြိဳင့္မွ ၾကည့္ရႈေနသည့္ (ခလရ) ၂၂၂ မွ စစ္သားႏွစ္ဦး။

Leave a Reply

Your email address will not be published. Required fields are marked *