မြဝတီရှိ ABSDF ဆက်ဆံရေးရုံးမှ ရဲဘော်အချို့ကို စစ်တပ်မှခေါ်ဆောင်သွား
မွန်သတင်းအေဂျင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ ဆက်ဆံရေးရုံးကို နိုဝင်ဘာ ၂ ရက်က စစ်တပ်မှ ဝင်ရောက်ပြီး ရဲဘော် ၄ ဦးကို ခေါ်ဆောင်သွားကြောင်း သိရသည်။
ABSDF ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဆန်နီက ဆက်ဆံရေးရုံးမှ ရဲဘော်များကို မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း ပြောသည်။
“အတိအကျ ကျနော်တို့ သိရအောင်လည်း ကျနော်တို့ မေးနေပါတယ်။ ဘာအကြောင်းကြောင့်လည်း မသိဘူးပေါ့နော်။ အဲတာကို ကျနော်တို့ အတိအကျ သိရပြီဆိုရင် သတင်းထုတ်ပြန်သွားမယ်” ဟု ရဲဘော် ဆန်နီက ပြောသည်။
ABSDF အနေဖြင့် သတင်းထုတ်ပြန်ပြီး နားလည်မှု လွဲမှားမည်ကိုလည်း စိုးရိမ်ကြောင်း သတင်းအတိအကျ မေးမြန်းပြီးမှ သတင်းထုတ်ပြန်သွားမည်ဟု ၎င်းက ပြောသည်။
မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ရဲဘော် ကိုအောင်ဘော်၊ ကိုတင်စိုး၊ ကိုကပ္ပလီ၊ ကိုခင်မောင်ဝင်းတို့ကို လုံခြုံရေးတပ်ဖွဲ့များက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ABSDF သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းများအနက် တစ်ဖွဲ့အပါအဝင်ဖြစ်သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၃) နှစ်ပြည့် ထုတ်ပြန်ချက်တွင် ABSDF မှ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ် အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါ်ထွန်းရေး နိုင်ငံရေး ဦးတည်ချက် ၄ ရပ်ကို ဆက်လက်ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး အင်အားစုတွေနဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။
Zawgyi
ျမဝတီရွိ ABSDF ဆက္ဆံေရး႐ုံးမွ ရဲေဘာ္အခ်ိဳ႕ကို စစ္တပ္မွေခၚေဆာင္သြား
မြန္သတင္းေအဂ်င္စီ
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တြင္ ဖြင့္လွစ္ထားသည့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး (ABSDF)၏ ဆက္ဆံေရး႐ုံးကို ႏိုဝင္ဘာ ၂ ရက္က စစ္တပ္မွ ဝင္ေရာက္ၿပီး ရဲေဘာ္ ၄ ဦးကို ေခၚေဆာင္သြားေၾကာင္း သိရသည္။
ABSDF ေျပာခြင့္ရပုဂၢိဳလ္ ရဲေဘာ္ဆန္နီက ဆက္ဆံေရး႐ုံးမွ ရဲေဘာ္မ်ားကို မည္သည့္အတြက္ေၾကာင့္ ေခၚေဆာင္သြားသည္ကို မသိရွိရေသးေၾကာင္း ေျပာသည္။
“အတိအက် က်ေနာ္တို႔ သိရေအာင္လည္း က်ေနာ္တို႔ ေမးေနပါတယ္။ ဘာအေၾကာင္းေၾကာင့္လည္း မသိဘူးေပါ့ေနာ္။ အဲတာကို က်ေနာ္တို႔ အတိအက် သိရၿပီဆိုရင္ သတင္းထုတ္ျပန္သြားမယ္” ဟု ရဲေဘာ္ ဆန္နီက ေျပာသည္။
ABSDF အေနျဖင့္ သတင္းထုတ္ျပန္ၿပီး နားလည္မႈ လြဲမွားမည္ကိုလည္း စိုးရိမ္ေၾကာင္း သတင္းအတိအက် ေမးျမန္းၿပီးမွ သတင္းထုတ္ျပန္သြားမည္ဟု ၎က ေျပာသည္။
ျမဝတီ ဆက္ဆံေရး႐ုံးတာဝန္ခံ ရဲေဘာ္ ကိုေအာင္ေဘာ္၊ ကိုတင္စိုး၊ ကိုကပၸလီ၊ ကိုခင္ေမာင္ဝင္းတို႔ကို လုံၿခဳံေရးတပ္ဖြဲ႕မ်ားက ေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
ABSDF သည္ ၂၀၁၅ ေအာက္တိုဘာ ၁၅ ရက္တြင္ တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးခဲ့သည့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအနက္ တစ္ဖြဲ႕အပါအဝင္ျဖစ္သည္။
၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာ ၁ ရက္မွာ ABSDF ဖြဲ႕စည္းတည္ေထာင္ျခင္း (၃၃) ႏွစ္ျပည့္ ထုတ္ျပန္ခ်က္တြင္ ABSDF မွ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံ ျပည္သူလူထုတရပ္လုံး စစ္အာဏာရွင္စနစ္ ေအာက္မွ လြတ္ေျမာက္ေရး၊ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးရရွိေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိေရး၊ ဖက္ဒရယ္ျပည္ေထာင္စု ေပၚေပၚထြန္းေရး ႏိုင္ငံေရး ဦးတည္ခ်က္ ၄ ရပ္ကို ဆက္လက္ကိုင္စြဲၿပီး စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္ေရး အင္အားစုေတြနဲ႔အတူ လက္တြဲ တိုက္ပြဲဝင္သြားမည္ဟု ေၾကညာထားသည္။