ဒေါ်အောင်ဆန်းစုကြည်နဲ့ ကတောက်ကဆဖြစ်ဖူးတဲ့ မစ္စတာ ရစ်ချတ်ဆန်နဲ့ မင်းအောင်လှိုင်တို့တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကတောက်ကဆဖြစ်ဖူးတဲ့ မစ္စတာ ရစ်ချတ်ဆန်နဲ့ မင်းအောင်လှိုင်တို့တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကတောက်ကဆဖြစ်ဖူးတဲ့ မစ္စတာ ရစ်ချတ်ဆန်နဲ့ မင်းအောင်လှိုင်တို့တွေ့ဆုံခဲ့ကြပါသည်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာသံတမန်ဟောင်း ဘေလ်ရစ်ချတ်ဆန် ဟာ ဒီကနေ့မှာတော့ မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို အကူအညီပေးရေးအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါသည်။

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးတွေ လှူဒါန်းဖို့ နဲ့ လူသားချင်းစာနာထောက်ထားမှု့အကူအညီတွေပေးဖို့ အဓိက ဆွေးနွေးခဲ့ပြီး အကူအညီပေးရေးအစီအစဉ်တွေ မကြာခင်စတင်နိုင်လိမ့်မယ်လို့ ဇော်မင်းထွန်းက ပြည်တွင်းပြည်ပ မီဒီယာတစ်ခုကို ပြောပါသည်။

ဤတွေ့ဆုံဆွေးနွေးမှု့ဟာ အပြုသဘောဆောင်ခဲ့ပြီး ဒီတွေ့ဆုံဆွေးနွေးမှုကနေတစ်ဆင့် သံခင်းတမန်ခင်း တိုးတက္မှု့တွေရှိလာနိုင်တယ်လို့ ဇော်မင်းထွန်းက အသိပေးထားပါသည်။

မစ္စတာ ရစ်ချတ်ဆင်အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူတွေကို အသိပေးပြီးမှ မြန်မာနိုင်ငံကိုလာခဲ့တဲ့အခြေအနေကိုလည်း ဒီတွေ့ဆုံမှု့မှာ ထည့်သွင်းပြောကြားခဲ့တယ်လို့သိရှိရပါသည်။

နီးစပ်သူအချို့က အဖမ်းခံထားရတဲ့အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖစ်စတာ အပါအဝင် ဖမ်းဆီးခံအမေရိကန်နိုင်ငံသားတချို့ကိုပြန်လွှတ်ပေးဖို့ ရစ်ချတ်ဆန်က တောင်းဆိုလိမ့်မယ်လို့ မျှော်လင့်ထားကြပါသည်။

ရစ်ချတ်ဆင် ကူညီထောက်ပံ့မယ့် အတိုင်းအတာကို မသိရှိရသေးပေမယ့်လို့ မြန်မာနိုင်ငံထဲက တကယ်လိုအပ်နေတဲ့နေရာတွေကို အကူအညီတွေရောက်ဖို့လိုတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြမှု့တွေလည်း ရှိနေပါသည်။

မစ္စတာရစ်ချတ်ဆန်ဟာ ၂၀၁၈ ခုနှစ်တုန်းက ဖွဲ့စည်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေပြန်လည်ခေါ်ယူရေး အကောင်အထည်ဖော်မှု နိုင်ငံတကာအကြံပေးဘုတ်အဖွဲ့မှာ ပါဝင်ခဲ့သူလည်းဖြစ်ပါသည်။

ဒါပေမဲ့ သူဟာ ရိုဟင်ဂျာတွေအကြောင်း ရေးသားဖော်ပြလို့ ဖမ်းဆီးခံခဲ့ရတဲ့ရိုက်တာ သတင်းထောက် ၂ ဦးကိစ္စကို အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံချိန်မှာ ပြောခဲ့လို့ ဒါဟာ ဘုတ်အဖွဲ့လုပ်ဆောင်ရမယ့်ကိစ္စနဲ့မဆိုင်တဲ့ကိစ္စလို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်တာကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရစ်ချတ်ဆန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကတောက်ကဆဖြစ်ခဲ့ပြီး ရစ်ချတ်ဆန်ဟာ အဲဒီအကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါသည်။

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကေတာက္ကဆျဖစ္ဖူးတဲ့ မစၥတာ ရစ္ခ်တ္ဆန္နဲ႔ မင္းေအာင္လႈိင္တို႔ေတြ႕ဆုံ

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကေတာက္ကဆျဖစ္ဖူးတဲ့ မစၥတာ ရစ္ခ်တ္ဆန္နဲ႔ မင္းေအာင္လႈိင္တို႔ေတြ႕ဆုံခဲ့ၾကပါသည္။

ျမန္မာႏိုင္ငံကိုေရာက္ရွိေနတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ ကုလသမဂၢဆိုင္ရာသံတမန္ေဟာင္း ေဘလ္ရစ္ခ်တ္ဆန္ ဟာ ဒီကေန႔မွာေတာ့ မင္းေအာင္လႈိင္နဲ႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံခဲ့ၿပီး ျမန္မာႏိုင္ငံကို အကူအညီေပးေရးအတြက္ ေဆြးေႏြးခဲ့တယ္လို႔ သိရပါသည္။

ျမန္မာႏိုင္ငံအတြက္ ကိုဗစ္ကာကြယ္ေဆးေတြ လႉဒါန္းဖို႔ နဲ႔ လူသားခ်င္းစာနာေထာက္ထားမႈ႕အကူအညီေတြေပးဖို႔ အဓိက ေဆြးေႏြးခဲ့ၿပီး အကူအညီေပးေရးအစီအစဥ္ေတြ မၾကာခင္စတင္ႏိုင္လိမ့္မယ္လို႔ ေဇာ္မင္းထြန္းက ျပည္တြင္းျပည္ပ မီဒီယာတစ္ခုကို ေျပာပါသည္။

ဤေတြ႕ဆုံေဆြးေႏြးမႈ႕ဟာ အျပဳသေဘာေဆာင္ခဲ့ၿပီး ဒီေတြ႕ဆုံေဆြးေႏြးမႈကေနတစ္ဆင့္ သံခင္းတမန္ခင္း တိုးတကၼႈ႕ေတြရွိလာႏိုင္တယ္လို႔ ေဇာ္မင္းထြန္းက အသိေပးထားပါသည္။

မစၥတာ ရစ္ခ်တ္ဆင္အေနနဲ႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အပါအဝင္ အေမရိကန္အစိုးရတာဝန္ရွိသူေတြကို အသိေပးၿပီးမွ ျမန္မာႏိုင္ငံကိုလာခဲ့တဲ့အေျခအေနကိုလည္း ဒီေတြ႕ဆုံမႈ႕မွာ ထည့္သြင္းေျပာၾကားခဲ့တယ္လို႔သိရွိရပါသည္။

နီးစပ္သူအခ်ိဳ႕က အဖမ္းခံထားရတဲ့အေမရိကန္ႏိုင္ငံသား သတင္းေထာက္ ဒန္နီဖစ္စတာ အပါအဝင္ ဖမ္းဆီးခံအေမရိကန္ႏိုင္ငံသားတခ်ိဳ႕ကိုျပန္လႊတ္ေပးဖို႔ ရစ္ခ်တ္ဆန္က ေတာင္းဆိုလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါသည္။

ရစ္ခ်တ္ဆင္ ကူညီေထာက္ပံ့မယ့္ အတိုင္းအတာကို မသိရွိရေသးေပမယ့္လို႔ ျမန္မာႏိုင္ငံထဲက တကယ္လိုအပ္ေနတဲ့ေနရာေတြကို အကူအညီေတြေရာက္ဖို႔လိုတယ္လို႔ အရပ္ဘက္အဖြဲ႕အစည္းေတြက ေထာက္ျပမႈ႕ေတြလည္း ရွိေနပါသည္။

မစၥတာရစ္ခ်တ္ဆန္ဟာ ၂၀၁၈ ခုႏွစ္တုန္းက ဖြဲ႕စည္းခဲ့တဲ့ ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာေတြျပန္လည္ေခၚယူေရး အေကာင္အထည္ေဖာ္မႈ ႏိုင္ငံတကာအႀကံေပးဘုတ္အဖြဲ႕မွာ ပါဝင္ခဲ့သူလည္းျဖစ္ပါသည္။

ဒါေပမဲ့ သူဟာ ႐ိုဟင္ဂ်ာေတြအေၾကာင္း ေရးသားေဖာ္ျပလို႔ ဖမ္းဆီးခံခဲ့ရတဲ့႐ိုက္တာ သတင္းေထာက္ ၂ ဦးကိစၥကို အဲဒီတုန္းက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဆုံခ်ိန္မွာ ေျပာခဲ့လို႔ ဒါဟာ ဘုတ္အဖြဲ႕လုပ္ေဆာင္ရမယ့္ကိစၥနဲ႔မဆိုင္တဲ့ကိစၥလို႔ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္က တုံ႔ျပန္တာကို ခံခဲ့ရသူလည္းျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ရစ္ခ်တ္ဆန္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ကေတာက္ကဆျဖစ္ခဲ့ၿပီး ရစ္ခ်တ္ဆန္ဟာ အဲဒီအႀကံေပးဘုတ္အဖြဲ႕ဝင္အျဖစ္ကေန ႏုတ္ထြက္သြားခဲ့ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *