ဖက်ရှင်ရှိုးပွဲတခုမှာ မြန်မာနိုင်ငံ အလံ နဲ့ ဦးပိန်တံတားပုံပါတဲ့ ဝတ်စုံကို ဝတ်ပြီးယှဥ်ပြိုင်ခဲ့တဲ့ ဗီယက်နမ်မော်ဒယ်လ်
“ဗီယက်နမ်မော်ဒယ်လ် တစ်ဦးမှ Fashion show ပွဲ”တစ်ခုတွင် မြန်မာနိုင်ငံအလံပါသော အင်္ကျီ
ဝတ်ဆင်၍ “မြန်မာနိုင်ငံဘက်မှ ရပ်တည်ကြောင်း“မြန်မာပြည်သူတွေအတွက် တရားမျှတမှုကို
‘ဖော်ဆောင်ပေးရန် ပြသခဲ့တဲ့အနေနဲ့ အခုလိုဝတ်ဆင်ခဲ့တာလို့လဲသိရပါတယ်။
အင်္ကျီ အပေါ် ပိုင်း တွင် မြန်မာနိုင်ငံ အလံ ဖြစ်ပီးအောက်ပိုင်းတွင် ဦးပိန်တံတားကို ဒီဇိုင်းလုပ်ထားခြင်းဖြစ်သည်။
နိုင်ငံတကာ ပေါင်းစည်းမှုနှင့် ကမ္ဘာ့ ယဉ်ကျေးမှုကို ချစ်မြတ်နိုးမှု့ကိုလှုံ့ဆော်တဲ့အနေ
နဲ့ ဒီဇိုင်နာ Do Trinh Hoai Nam သည် Ao Dai collection တခုဖြစ်တဲ့ “The world as I see
it”လို့အမည်ပေးထားတဲ့ ဖက်ရှင်ရှိုးပွဲကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၂၆ ရက်ညနေပိုင်းတွင် ကျင်းပခဲ့သောအဆိုပါ ပွဲတွင်ဗီယက်နမ်နိုင်ငံ အလံနှင့်နိုင်ငံပေါင်း ၅၆ နိုင်ငံက အလံများပါဝင်ကြောင်းသိရပါသည်။
အဆိုပါပွဲကျင်းပရေးကော်မတီဖြစ်သည့်ဗီယက်နမ် Beauty 3 သည် ပရဟိတလုပ်ငန်းများကို ဆောင်ရွက်ပေးရန်အတွက် စုစုပေါင်း
လေလံတန်ဖိုး VND သန်း ၁၄၀ အထိ အောင်မြင်စွာလေလံတင် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါသည်။
အခုလိုဝင်ရောက်ဖတ်ရှု့ပေးတဲ့စာဖတ် ပရိတ်သတ်အယောက်ချင်းစီတိုင်းကပ် သုံးပါးဘေးမှ အမြန်ဆုံး ကင်းဝေးကြပါစေ။
Zawgyi