မိသားစုရှေ့မှာ မေးရိုးကျွ တ်ထွက်အောင် ရို က် နှ က် ခံရပြီး အရိုးပြာအိုးသာရ ရှိခဲ့တဲ့ ဘော်ဒါဆောင် ပိုင်ရှင်

မိသားစုရှေ့မှာ မေးရိုးကျွ တ်ထွက်အောင် ရို က် နှ က် ခံရပြီး အရိုးပြာအိုးသာရ ရှိခဲ့တဲ့ ဘော်ဒါဆောင် ပိုင်ရှင်

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ဒေသခံကာကွယ် ရေးအဖွဲ့ (PDF) ကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ကြောခံနေရသည့် ဘော်ဒါဆောင်ပိုင်ရှင်တစ်ဦး သေဆုံးသွားခဲ့ရာ မိသားစုက အလောင် းပင် ပြန်မရဘဲ အရိုးပြာအိုးသာ ပြန်ရခဲ့သည်။

အောက်တိုဘာ ၃၀ ည ၁၂ နာရီဝန်းကျင်၌ ချောက်မြို့အခြေစိုက် ခလရ ၁၃ မှ အင်အား ၂၀ ခန့်က မြို့နှင့် ၂၇ မိုင်အကွာ ဂွေးပင်ကျေးရွာရှိ “ထွန်းလင်းဇမ္ဗူ” ဘော်ဒါဆောင်ပိုင်ရှင် ကိုဖြိုးဝေထွန်းနှင့် ညီနှစ်ဦးကို လာရောက်ဖမ်းဆီးခဲ့သည်။

နေအိမ်မှ မထွက်ခွာကြမီ ကိုဖြိုးဝေထွန်းကို မိသားစုရှေ့တွင်ပင် စစ်ဆေးစဉ် ပြင်းပြင်းထန်ထန်ရိုက်နှက်ကြသည်ဟု ဒေသခံများထံမှ သိရသည်။

“အိမ်မှာ ရို က်နှက်ဖ မ်းဆီးပြီးခေါ်ဆောင်သွားကတည်းက အခြေအနေမဟန်ဘူး။ အိမ်မှာတင် တစ်နာရီနီးပါး ရို က်နှက်သွားတယ်။ သေနတ်ဒင်တွေနဲ့ ရင်ဘတ်တွေကို ဆောင့်တယ်ဆိုတော့ မေးရိုးကလည်း ကျွ တ်သွားတယ်” ဟု မိသားစုဝင်များကို ကိုးကား၍ ကိုဖြိုးဝေထွန်း၏ မိတ်ဆွေတစ်ဦးက Myanmar Now ကို ပြောသည်။

ထို့နောက် မိသားစုက ညီအစ်ကို ၃ ဦးအခြေအနေကို နောက်တစ်နေ့ (အောက်တိုဘာ ၃၁) တွင် ခလရ ၁၃ သို့ သွားရောက်စုံစမ်းသော်လည်း မည်သည့်အချက်မှ ထုတ်ပြောခြင်း မရှိခဲ့ကြောင်း၊

နိုဝင်ဘာ ၁ တွင်မူ စစ်တပ်က ကိုဖြိုးဝေထွန်း သေဆုံးသွားပြီဖြစ်ပြီဖြစ်ကြောင်း မိသားစုကို အသိပေးခဲ့သည်ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

“သူတို့ အခုထက်ထိ (သေဆုံးမှုကို) အကြောင်းပြချက်မပေးဘူး။ ကိုဖြိုးဝေထွန်းတော့ ဆုံးသွားပြီ။ ခင်ဗျားတို့ အလောင်းမရဘူး၊ ပြာအိုးပဲ ရမယ်၊ ဒီလောက်ပဲ ပြောတာ။ အကြောင်းပြချက် ဘာမှမပေးဘူး” ဟု သူက ပြောသည်။

စစ်တပ်ထံမှ ပြန်လည်ရရှိခဲ့သည့် ကိုဖြိုးဝေထွန်း၏ အရိုးပြာကို ယမန်နေ့က ဂွေးပင်ရွာသုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အသက် ၄၀ အရွယ် ကိုဖြိုးဝေထွန်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သော်လည်း အခြား မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်စပ်မှုမရှိသူဖြစ်ကြောင်း ၎င်းမိတ်ဆွေက ပြောသည်။

သေဆုံးသွားသည့် ကိုဖြိုးဝေထွန်းတွင် အသက် ၂ နှစ်အရွယ် သမီးနှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်သည်။

ဖမ်းဆီးခံထားရသည့် ညီများဖြစ်သော အသက် ၃၀ နှစ်ဝန်းကျင် ကိုဘုန်းဝေထွန်း၊ အသက် ၂၄ နှစ်အရွယ် ကိုရှိုးဝေထွန်းတို့နှင့်လည်း မိသားစုက အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း ၎င်းမိတ်ဆွေက မိသားစုဝင်များကို ကိုးကား၍ ပြောသည်။

ဖမ်းဆီး၊ သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ယနေ့ ညနေပိုင်းက မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ချောက်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပစ်ခတ်ဖြိုခွင်းမှုများရှိသော်လည်း စစ်ကြောရေးတွင် လူသေဆုံးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်တော့မှ ကမ္ဘာမကျေဘူး။ မကျေပေမယ်လို့လည်း အားမတန်လို့ မာန်လျှော့နေရတာ။ ကျွန်တော်တို့မှာ လက်တုံ့ပြန်စရာ ဘာမှမရှိဘူး” ဟု ကိုဖြိုးဝေထွန်း၏ မိတ်ဆွေက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ ပြည်သူတွေ ညီညွတ်မှ၊ PDF တွေကို ကောင်းကောင်းထောက်ပံ့မှ ဒီတိုက်ပွဲက အမြန်ဆုံးအောင်နိုင်မှာပါ။ ဒါကြောင့် ပြည်သူ့ကိုယ်စားပြုလုပ်ဆောင်နေတဲ့ PDF အဖွဲ့ပဲဖြစ်ဖြစ်၊ CDM ဝန်ထမ်းတွေကိုဖြစ်ဖြစ် ထောက်ပံ့ပေးကြပါ”

စစ်ကောင်စီတပ်လက်ချက်ကြောင့် ပြည်သူ ၁၂၃၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ယနေ့ နိုဝင်ဘာ ၂ တွင် သတင်းထုတ်ပြန်သည်။

ထိုအထဲတွင် ကိုဖြိုးဝေထွန်းကဲ့သို့ စစ်ကြောမေးမြန်းစဉ်ကာလ သေဆုံးသူ ၄၀ ကျော် ပါဝင်သည်ဟု နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူများ၏ အချက်အလက်များကို ကောက်ယူနေသည့် ထိုအသင်း၏ လက်လှမ်းမီသမျှ မှတ်တမ်းတင်ထားချက်အရ သိရသည်။

ဖမ်းဆီးသတ်ဖြတ်မှုများအတွက် တာဝန်ရှိသော စစ်ဗိုလ်ချုပ်များက ထိုကိန်းဂဏန်းများ မှားယွင်းနေသည်ဟု ပြောထားသည်။

Zawgyi

မိသားစုေရွ႕မွာ ေမး႐ိုးကြၽ တ္ထြက္ေအာင္ ႐ို က္ ႏွ က္ ခံရၿပီး အ႐ိုးျပာအိုးသာရ ရွိခဲ့တဲ့ ေဘာ္ဒါေဆာင္ ပိုင္ရွင္

မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕နယ္တြင္ ေဒသခံကာကြယ္ ေရးအဖြဲ႕ (PDF) ကို ေထာက္ပံ့သည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ ဖမ္းဆီးစစ္ေၾကာခံေနရသည့္ ေဘာ္ဒါေဆာင္ပိုင္ရွင္တစ္ဦး ေသဆုံးသြားခဲ့ရာ မိသားစုက အေလာင္ းပင္ ျပန္မရဘဲ အ႐ိုးျပာအိုးသာ ျပန္ရခဲ့သည္။

ေအာက္တိုဘာ ၃၀ ည ၁၂ နာရီဝန္းက်င္၌ ေခ်ာက္ၿမိဳ႕အေျခစိုက္ ခလရ ၁၃ မွ အင္အား ၂၀ ခန႔္က ၿမိဳ႕ႏွင့္ ၂၇ မိုင္အကြာ ေဂြးပင္ေက်း႐ြာရွိ “ထြန္းလင္းဇမၺဴ” ေဘာ္ဒါေဆာင္ပိုင္ရွင္ ကိုၿဖိဳးေဝထြန္းႏွင့္ ညီႏွစ္ဦးကို လာေရာက္ဖမ္းဆီးခဲ့သည္။

ေနအိမ္မွ မထြက္ခြာၾကမီ ကိုၿဖိဳးေဝထြန္းကို မိသားစုေရွ႕တြင္ပင္ စစ္ေဆးစဥ္ ျပင္းျပင္းထန္ထန္႐ိုက္ႏွက္ၾကသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

“အိမ္မွာ ႐ို က္ႏွက္ဖ မ္းဆီးၿပီးေခၚေဆာင္သြားကတည္းက အေျခအေနမဟန္ဘူး။ အိမ္မွာတင္ တစ္နာရီနီးပါး ႐ို က္ႏွက္သြားတယ္။ ေသနတ္ဒင္ေတြနဲ႔ ရင္ဘတ္ေတြကို ေဆာင့္တယ္ဆိုေတာ့ ေမး႐ိုးကလည္း ကြၽ တ္သြားတယ္” ဟု မိသားစုဝင္မ်ားကို ကိုးကား၍ ကိုၿဖိဳးေဝထြန္း၏ မိတ္ေဆြတစ္ဦးက Myanmar Now ကို ေျပာသည္။

ထို႔ေနာက္ မိသားစုက ညီအစ္ကို ၃ ဦးအေျခအေနကို ေနာက္တစ္ေန႔ (ေအာက္တိုဘာ ၃၁) တြင္ ခလရ ၁၃ သို႔ သြားေရာက္စုံစမ္းေသာ္လည္း မည္သည့္အခ်က္မွ ထုတ္ေျပာျခင္း မရွိခဲ့ေၾကာင္း၊

ႏိုဝင္ဘာ ၁ တြင္မူ စစ္တပ္က ကိုၿဖိဳးေဝထြန္း ေသဆုံးသြားၿပီျဖစ္ၿပီျဖစ္ေၾကာင္း မိသားစုကို အသိေပးခဲ့သည္ဟု အထက္ပါအမ်ိဳးသားက ဆက္ေျပာသည္။

“သူတို႔ အခုထက္ထိ (ေသဆုံးမႈကို) အေၾကာင္းျပခ်က္မေပးဘူး။ ကိုၿဖိဳးေဝထြန္းေတာ့ ဆုံးသြားၿပီ။ ခင္ဗ်ားတို႔ အေလာင္းမရဘူး၊ ျပာအိုးပဲ ရမယ္၊ ဒီေလာက္ပဲ ေျပာတာ။ အေၾကာင္းျပခ်က္ ဘာမွမေပးဘူး” ဟု သူက ေျပာသည္။

စစ္တပ္ထံမွ ျပန္လည္ရရွိခဲ့သည့္ ကိုၿဖိဳးေဝထြန္း၏ အ႐ိုးျပာကို ယမန္ေန႔က ေဂြးပင္႐ြာသုသာန္တြင္ သၿဂႋဳဟ္ခဲ့ေၾကာင္း ၎က ဆိုသည္။

အသက္ ၄၀ အ႐ြယ္ ကိုၿဖိဳးေဝထြန္းသည္ စစ္အာဏာသိမ္းမႈဆန႔္က်င္ေရးဆႏၵျပပြဲမ်ားတြင္ တက္ႂကြစြာပါဝင္ခဲ့ေသာ္လည္း အျခား မည္သည့္အဖြဲ႕အစည္းႏွင့္မွ် ဆက္စပ္မႈမရွိသူျဖစ္ေၾကာင္း ၎မိတ္ေဆြက ေျပာသည္။

ေသဆုံးသြားသည့္ ကိုၿဖိဳးေဝထြန္းတြင္ အသက္ ၂ ႏွစ္အ႐ြယ္ သမီးႏွင့္ ဇနီးျဖစ္သူတို႔ က်န္ရစ္သည္။

ဖမ္းဆီးခံထားရသည့္ ညီမ်ားျဖစ္ေသာ အသက္ ၃၀ ႏွစ္ဝန္းက်င္ ကိုဘုန္းေဝထြန္း၊ အသက္ ၂၄ ႏွစ္အ႐ြယ္ ကိုရႈိးေဝထြန္းတို႔ႏွင့္လည္း မိသားစုက အဆက္အသြယ္ျပတ္ေတာက္ေနဆဲျဖစ္ေၾကာင္း ၎မိတ္ေဆြက မိသားစုဝင္မ်ားကို ကိုးကား၍ ေျပာသည္။

ဖမ္းဆီး၊ ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး စစ္ေကာင္စီ သတင္းထုတ္ျပန္ေရးအရာရွိ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ယေန႔ ညေနပိုင္းက ေမးျမန္းရန္ ႀကိဳးစားေသာ္လည္း ဖုန္းအဆက္အသြယ္ မရေသးေပ။

ေခ်ာက္ၿမိဳ႕ စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈမ်ားတြင္ ပစ္ခတ္ၿဖိဳခြင္းမႈမ်ားရွိေသာ္လည္း စစ္ေၾကာေရးတြင္ လူေသဆုံးသည္မွာ ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ကြၽန္ေတာ္တို႔က ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘယ္ေတာ့မွ ကမာၻမေက်ဘူး။ မေက်ေပမယ္လို႔လည္း အားမတန္လို႔ မာန္ေလွ်ာ့ေနရတာ။ ကြၽန္ေတာ္တို႔မွာ လက္တုံ႔ျပန္စရာ ဘာမွမရွိဘူး” ဟု ကိုၿဖိဳးေဝထြန္း၏ မိတ္ေဆြက မွတ္ခ်က္ျပဳသည္။

“ကြၽန္ေတာ္တို႔ ျပည္သူေတြ ညီၫြတ္မွ၊ PDF ေတြကို ေကာင္းေကာင္းေထာက္ပံ့မွ ဒီတိုက္ပြဲက အျမန္ဆုံးေအာင္ႏိုင္မွာပါ။ ဒါေၾကာင့္ ျပည္သူ႔ကိုယ္စားျပဳလုပ္ေဆာင္ေနတဲ့ PDF အဖြဲ႕ပဲျဖစ္ျဖစ္၊ CDM ဝန္ထမ္းေတြကိုျဖစ္ျဖစ္ ေထာက္ပံ့ေပးၾကပါ”

စစ္ေကာင္စီတပ္လက္ခ်က္ေၾကာင့္ ျပည္သူ ၁၂၃၃ ဦးထက္မနည္း ေသဆုံးခဲ့သည္ဟု ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္းက ယေန႔ ႏိုဝင္ဘာ ၂ တြင္ သတင္းထုတ္ျပန္သည္။

ထိုအထဲတြင္ ကိုၿဖိဳးေဝထြန္းကဲ့သို႔ စစ္ေၾကာေမးျမန္းစဥ္ကာလ ေသဆုံးသူ ၄၀ ေက်ာ္ ပါဝင္သည္ဟု ေႏြဦးေတာ္လွန္ေရးအတြင္း ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ခံရသည့္ အရပ္သားျပည္သူမ်ား၏ အခ်က္အလက္မ်ားကို ေကာက္ယူေနသည့္ ထိုအသင္း၏ လက္လွမ္းမီသမွ် မွတ္တမ္းတင္ထားခ်က္အရ သိရသည္။

ဖမ္းဆီးသတ္ျဖတ္မႈမ်ားအတြက္ တာဝန္ရွိေသာ စစ္ဗိုလ္ခ်ဳပ္မ်ားက ထိုကိန္းဂဏန္းမ်ား မွားယြင္းေနသည္ဟု ေျပာထားသည္။

Leave a Reply

Your email address will not be published.