စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ ခေါင်းဆောင် ငွေကြေးအကြီးအကဲ Chief Financial Officer ဗိုလ်မှူးဟောင်း သိန်းအောင် ပစ်သတ်ခံရ၊ ဇနီးဖြစ်သူ ဒဏ်ရာပြင်းထန်
ရန်ကုန်၊ နိုဝင်ဘာ ၄
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ (၇)ဂရပ်ကွက်၊ (၇) မိုင်၊ တေးနုယဉ်လမ်း၊ အမှတ် (၂၆/အေ/G1) နေအိမ်ရှေ့တွင်
လမ်းလျှောက်ရန်အိမ်မှထွက်လာသည့် စစ်တပ်ပိုင် Mytel ၏ ခေါင်းဆောင် ငွေကြေးအကြီးအကဲ
Chief Financial Officer ဗိုလ်မှူးဟောင်း သိန်းအောင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ပစ်သတ်ခံလိုက်ရကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၄ ရက်နံနက် ၇ နာရီ ၃၀ မိနစ် အချိန်တွင် သေနတ်သမားတစ်ဦးက ဗိုလ်မှူးဟောင်း သိန်းအောင်နှင့် ဇနီးသိမ့်အောင်သူတို့
လမ်းလျှောက်ရန်အိမ်မှအထွက်တွင် အသင့်စောင့်ဆိုင်း ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊
သေနတ်သမားက ပစ်ခတ်ရာ ဗိုလ်မှူးဟောင်း သိန်းအောင်သည် ကျည်ထိမှန်ဒဏ်ရာလေးချက်ဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးပြီး
ဇနီးဖြစ်သူမှာလက်၊ ခါး၊ ခြေထောက်တို့တွင်ကျည်ထိမှန်ဒဏ်ရာများရခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များက လမ်းများနှင့်ရပ်ကွက်ကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
သေဆုံးသူ သိန်းအောင်သည် စစ်တပ်ပိုင် Mytel ကုမ္ပဏီ ၏အဓိက အရေးပါသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး
စစ်တက္ကသိုလ် အပတ်စဉ် ၂၈ ဆင်း ၊ ရေ တပ်မှ ဖြစ်ကြောင်း သိရှိရသည်။
၎င်းသည် လက်ရှိ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်တို့နှင့်
အပတ်စဉ်တူ ရင်းနှီးသော သူငယ်ချင်းဖြစ်ကြောင်းလည်း သိရှိရသည်။
Zawgyi
စစ္တပ္ပိုင္ Mytel ကုမၸဏီ၏ ေခါင္းေဆာင္ ေငြေၾကးအႀကီးအကဲ Chief Financial Officer ဗိုလ္မႉးေဟာင္း သိန္းေအာင္ ပစ္သတ္ခံရ၊ ဇနီးျဖစ္သူ ဒဏ္ရာျပင္းထန္
ရန္ကုန္၊ ႏိုဝင္ဘာ ၄
ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ မရမ္းကုန္းၿမိဳ႕နယ္၊ (၇)ဂရပ္ကြက္၊ (၇) မိုင္၊ ေတးႏုယဥ္လမ္း၊ အမွတ္ (၂၆/ေအ/G1) ေနအိမ္ေရွ႕တြင္
လမ္းေလွ်ာက္ရန္အိမ္မွထြက္လာသည့္ စစ္တပ္ပိုင္ Mytel ၏ ေခါင္းေဆာင္ ေငြေၾကးအႀကီးအကဲ
Chief Financial Officer ဗိုလ္မႉးေဟာင္း သိန္းေအာင္ ယေန႔ နံနက္ ၇ နာရီ ၃၀ မိနစ္တြင္ ပစ္သတ္ခံလိုက္ရေၾကာင္း သိရွိရသည္။
ႏိုဝင္ဘာလ ၄ ရက္နံနက္ ၇ နာရီ ၃၀ မိနစ္ အခ်ိန္တြင္ ေသနတ္သမားတစ္ဦးက ဗိုလ္မႉးေဟာင္း သိန္းေအာင္ႏွင့္ ဇနီးသိမ့္ေအာင္သူတို႔
လမ္းေလွ်ာက္ရန္အိမ္မွအထြက္တြင္ အသင့္ေစာင့္ဆိုင္း ပစ္ခတ္သြားျခင္းျဖစ္ေၾကာင္း၊
ေသနတ္သမားက ပစ္ခတ္ရာ ဗိုလ္မႉးေဟာင္း သိန္းေအာင္သည္ က်ည္ထိမွန္ဒဏ္ရာေလးခ်က္ျဖင့္အခင္းျဖစ္ေနရာတြင္ ေသဆုံးၿပီး
ဇနီးျဖစ္သူမွာလက္၊ ခါး၊ ေျခေထာက္တို႔တြင္က်ည္ထိမွန္ဒဏ္ရာမ်ားရခဲ့ေၾကာင္း သိရွိရသည္။
လက္ရွိတြင္ စစ္ေကာင္စီတပ္မ်ားက လမ္းမ်ားႏွင့္ရပ္ကြက္ကို ပိတ္ဆို႔ စစ္ေဆးလ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။
ေသဆုံးသူ သိန္းေအာင္သည္ စစ္တပ္ပိုင္ Mytel ကုမၸဏီ ၏အဓိက အေရးပါသည့္ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး
စစ္တကၠသိုလ္ အပတ္စဥ္ ၂၈ ဆင္း ၊ ေရ တပ္မွ ျဖစ္ေၾကာင္း သိရွိရသည္။
၎သည္ လက္ရွိ ေရတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးမိုးေအာင္၊ ေလတပ္ ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္တို႔ႏွင့္
အပတ္စဥ္တူ ရင္းႏွီးေသာ သူငယ္ခ်င္းျဖစ္ေၾကာင္းလည္း သိရွိရသည္။