ကရင်ပြည်နယ်နေ့ ကျင်းပဖို့ပြင်နေတဲ့ စစ်ကောင်စီက ဘားအံမှာ ပုဒ်မ (၁၄၄) ထပ်မံ သက်တမ်းတိုး

ကရင်ပြည်နယ်နေ့ ကျင်းပဖို့ပြင်နေတဲ့ စစ်ကောင်စီက ဘားအံမှာ ပုဒ်မ (၁၄၄) ထပ်မံ သက်တမ်းတိုး

သံလွင်တိုင်းမ်

ကရင်ပြည်နယ်နေ့ ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ဘားအံမြို့နယ်မှာ လူစုလူဝေးမပြုလုပ်ကြဖို့ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ အမိန့်ကို သက်တမ်း ထပ်တိုးကြောင်း နိုဝင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ကရင်ပြည်နယ် စစ်ကောင်စီကတော့ လူအချို့ဟာ အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ လုပ်ဆောင်နေတာကို တွေ့ရှိရတဲ့အတွက်ကြောင့် ပုဒ်မ ၁၄၄ အမိန့် ထပ်တိုး ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

အဲဒီအမိန့်အရ လူ ၅ ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုတဲ့လူတွေဟာ ဘားအံမြို့နယ်အတွင်း လမ်းမကြီးများ အများပြည်သူသွားရာလမ်း လမ်းသွယ် လမ်းကြား၊ ဥယျာဉ် ဒါမှမဟုတ် အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ စုဝေးတာတွေမပြုလုပ်ဖို့နဲ့ ညမထွက်ရအချိန်ကိုလည်း ည ၁၀ နာရီကနေ နံနက် ၄ နာရီအထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပုဒ်မ ၁၄၄ အမိန့်ဟာ နောက်ထပ်အမိန့် တစ်စုံတစ်ရာ မရမခြင်း အတည်ဖြစ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကရင်ပြည်နယ်စစ်ကောင်စီဟာ လာမယ့် ရက်ပိုင်းအတွင်း ကရင်ပြည်နယ်နေ့ပွဲတော်ကို ကျင်းပသွားဖို့ စီစဉ်နေပြီး အဲဒီပွဲတော်မှာ ပြခန်း၊ လက်ဝှေ့ပွဲနဲ့ ဒုံးအကပွဲတွေကိုလည်း ထည့်သွင်းကျင်းပသွားဖို့ လုပ်ဆောင်ထားပါတယ်။

Zawgyi

ကရင္ျပည္နယ္ေန႔ က်င္းပဖို႔ျပင္ေနတဲ့ စစ္ေကာင္စီက ဘားအံမွာ ပုဒ္မ (၁၄၄) ထပ္မံ သက္တမ္းတိုး

သံလြင္တိုင္းမ္

ကရင္ျပည္နယ္ေန႔ ပြဲေတာ္က်င္းပဖို႔ ျပင္ဆင္ေနတဲ့ စစ္ေကာင္စီက ဘားအံၿမိဳ႕နယ္မွာ လူစုလူေဝးမျပဳလုပ္ၾကဖို႔ ရာဇဝတ္က်င့္ထုံး ပုဒ္မ ၁၄၄ အမိန႔္ကို သက္တမ္း ထပ္တိုးေၾကာင္း ႏိုဝင္ဘာ ၁ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။

ကရင္ျပည္နယ္ စစ္ေကာင္စီကေတာ့ လူအခ်ိဳ႕ဟာ အမ်ားျပည္သူတို႔ရဲ႕ လုံၿခဳံေရးနဲ႔ တရားဥပေဒစိုးမိုးေရးကို ထိခိုက္ပ်က္ျပားေစဖို႔ လုပ္ေဆာင္ေနတာကို ေတြ႕ရွိရတဲ့အတြက္ေၾကာင့္ ပုဒ္မ ၁၄၄ အမိန႔္ ထပ္တိုး ထုတ္ျပန္ရတာလို႔ ဆိုထားပါတယ္။

အဲဒီအမိန႔္အရ လူ ၅ ဦး ဒါမွမဟုတ္ ၅ ဦးထက္ပိုတဲ့လူေတြဟာ ဘားအံၿမိဳ႕နယ္အတြင္း လမ္းမႀကီးမ်ား အမ်ားျပည္သူသြားရာလမ္း လမ္းသြယ္ လမ္းၾကား၊ ဥယ်ာဥ္ ဒါမွမဟုတ္ အမ်ားျပည္သူနဲ႔ ဆိုင္တဲ့ေနရာေတြမွာ စုေဝးတာေတြမျပဳလုပ္ဖို႔နဲ႔ ညမထြက္ရအခ်ိန္ကိုလည္း ည ၁၀ နာရီကေန နံနက္ ၄ နာရီအထိ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

ပုဒ္မ ၁၄၄ အမိန႔္ဟာ ေနာက္ထပ္အမိန႔္ တစ္စုံတစ္ရာ မရမျခင္း အတည္ျဖစ္ေစတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါရွိပါတယ္။

ကရင္ျပည္နယ္စစ္ေကာင္စီဟာ လာမယ့္ ရက္ပိုင္းအတြင္း ကရင္ျပည္နယ္ေန႔ပြဲေတာ္ကို က်င္းပသြားဖို႔ စီစဥ္ေနၿပီး အဲဒီပြဲေတာ္မွာ ျပခန္း၊ လက္ေဝွ႔ပြဲနဲ႔ ဒုံးအကပြဲေတြကိုလည္း ထည့္သြင္းက်င္းပသြားဖို႔ လုပ္ေဆာင္ထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *