ကုလို့မရနိုင်သေးလို့ သမီးလေးတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့ သွေးလွန်တုပ်ကွေးအသစ်

ကုလို့မရနိုင်သေးလို့ သမီးလေးတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့ သွေးလွန်တုပ်ကွေးအသစ်

သမီးလေးရယ် မနက်ဖြန်ဆို သမီးလေး ခန္ဓာမရှိတော့ဘူး တီတီက ပြင်ပေးရမှာ အမြဲတမ်းတီတီပဲပြင်တာကြိုက်တဲ့သမီးလေး ခေါင်းလျှော်ပြီးရင်တောင်

တီတီ Dryerမှုတ် ပုံသွင်းပေးမှ ကြိုက်တဲ့သမီးလေး

သမီးလေးကအစမ်းသပ်ခံဖြစ်သွားတာများလားသွေးလွန်တုပ်ကွေးအသစ်တဲ့ ကုလို့မရနိုင်သေးဘူးတဲ့

ဒီနှစ်ပတ်အတွင်းကို ကလေးဆေးရုံမှာတော်တော်ဖြစ်နေတာတဲ့လေ အတတ်နိုင်ဆုံးကုသပေးပါမယ်ဆိုကတည်းက စိတ်ထဲထင့်နေတာ

သူ့အဖေရော အတင်းမေးတာလည်း ကလေးဘေးအသင့်ရှိစေချင်နေလို့ အခြေအနေမကောင်းလို့ အသင့်ခေါ်ထားခိုင်းနေတာဖြစ်မယ်ဆိုတာပေါ့

သူ့အဖေက သွေးလှူရှင်တွေ ကြိုပို့လုပ်ပေးနေတယ်ပြောတော့ တခြားသူကိုလုပ်ခိုင်းဖို့တောင်ပြောတာလေ နောက်ဆုံး သမီးလေးဆုံးတော့

ဆရာဝန်ကြီးက သူတို့ကုသမှုကို ကျေနပ်မှုမရှိရင် လိုအပ်ခဲ့တာရှိရင် အကြံပြုဖို့‌ပြောတယ်

ပြောရရင်တော့ တိုင်လည်းရတယ်ဆိုတဲ့သဘောမျိုးပေါ့နော် မလုပ်ပါဘူး ကိုယ်က ကိုရီးယားစီးရီး Hospital playlistကြည့်ထားတော့

ဆရာဝန်တွေရဲ့အခက်အခဲတွေနားလည်ပေးနိုင်ပါတယ် တစ်ခုပဲ သမီးလေးကိုနမူနာယူပြီး ကျန်ကလေးတွေကိုကောင်းအောင် ကုသပေးကြပါနော် တောင်းပန်ပါတယ်🙏

အားလုံးပဲ ကလေးတွေကိုဂရုစိုက်ပေးကြပါရှင်

ဘာလက္ခဏာမှမပြခဲ့ပါဘူး ၄,၅,၆ရက်က Danger zoneပါတဲ့ ရရက်ပြည့်ရင်စိတ်ချရပါတယ်တဲ့လေ

ကလေးစဖျားတဲ့ညမှာ အိမ်မှာပဲ Progesicတိုက်တယ် မသောက်ဘူး အကုန်အန်ထုတ်တယ် ခါတိုင်း ဗမာဆေး၊ အင်္ဂလိပ်ဆေး မကြောက်ဘဲ အကုန်သောက်တဲ့ကလေး

ဒုတိယနေ့ ဆေးခန်းတစ်ခုသွားတယ် အဖျား ၁၀၄ ဆရာမက ဗိုက်လည်းစမ်းတယ် ဆေးလည်းထိုးပေးတယ် ဆေး3ရက်စာပေးတယ်

ထိုးပေးပြီးနည်းနည်းသက်သာတယ် ဆေးတော့ခါးလို့မသောက်ဘူးတဲ့ အန်တယ်

တတိယနေ့ ဆေးခန်းနောက်တစ်ခုထပ်သွားတယ်

အဖျား ၁၀၁ ဆေးပေးတယ် မသောက်ပြန်ဘူး

စတုတ္ထနေ့ ကိုယ်ပူတုန်းမို့ တစ်နေကုန် သူ့အဘိုးတစ်လှည့် ကိုယ်တစ်လှည့် ရေပတ်တင်ပေးတယ် သူ့အမေက အလုပ်သွားနေရတယ်

ပြန်လာမှ ခနနားပြီး ကလေးပုံမလန်းလို့ ညနေ၆နာရီမှ အသည်းအသန် ဆေးခန်းလိုက်ရှာပြီး နောက်ဆုံးပိတ်ခါနီးဆေးခန်းတစ်ခုမှာ

ပြလိုက်နိုင်တယ် ပင်လုံလမ်းမပေါ်မှာရှိတဲ့ ဆက်သွယ်ရေးမှတ်တိုင်က မြို့မဆေးခန်းပါ

ကလေးကိုတွေ့တွေ့ချင်းDrမလေးက ပုံမှန်မဟုတ်ဘူး သွေးလန့်နေပြီ အသက်စိုးရိမ်ရတယ် ဆေးရုံချက်ချင်းသွားပါတဲ့ ကိုယ်တွေက

ရန်ကင်းကလေးဆေးရုံသွားဖို့ပြောတော့ အနီးဆုံးကိုသာအမြန်သွားပါဆိုလို့ ချော်တွင်းကုန်းက ပါရမီကလေးဆေးရုံကိုသွားခဲ့ရပါတယ်

Drမလေးက နေဦး လမ်းမှာ တစ်ခုခုဖြစ်မှာစိုးရိမ်ရလို့ Dripချိတ်ပေးလိုက်မယ်တဲ့

Drip set ကုန်နေလို့ ကိုယ့်မှာ ပင်လုံလမ်းမတလျှောက် အရူးတစ်ယောက်လို ဆေးဆိုင်လိုက်ရှာပြီးဝယ်တာ ကားမတိုက်ရုံတမည်ပါပဲ Drမလေးက ကုသစရိတ်မယူခဲ့ပါဘူး

ကိုယ်တွေတောင် သမီးလေးအတွက်ကျေးဇူးတင်လွန်းလို့ Taxiပေါ်မှာပြောမိသေးတယ် သမီးလေးပြန်ကောင်းရင် အဲဒီ

Drမလေးကိုသွားကန်တော့ရမယ်နော်လို့ သူပြောမှ ဆိုးမှန်းသိလို့လေ

ဆေးရုံရောက်တော့ Level 3တဲ့

ပဉ္စမနေ့ ရှော့4ခါဖြစ်ပြီး Level 4နဲ့ ညနေ4:15မှာဆုံးသွားခဲ့တယ်

သမီးလေးက တနင်္ဂနွေနေ့မွေးပြီး တနင်္ဂနွေနေ့မှာဆုံးသွားတာပါ

သမီးလေးအတွက် ဘုတ်ထောင်တော့ ပထမသူ့အဘိုးရေးတာ သူရေးလို့မရတော့ဘူးဆိုလို့ ကိုယ် ကိုယ်တိုင် သူ့အတွက်

ဘုတ်မှာရေးလိုက်ရတယ် ရေးရင်း ဘယ်လောက်တောင်ရင်နာခဲ့ရလဲ ငိုရင်းရေး ရေးရင်းငိုပါပဲ ချစ်သမီးလေးရယ်

ဆရာစံဇာဏီဘိုက မွေးကတည်းက နာမည်မှည့်ပေးရင်း ဇာတာတွက်ပေးခဲ့တာ သမီးလေး ရနှစ်မှာ သီလရှင်ဝတ်ခိုင်းတာကို

ဝတ်မပေးခဲ့ရဘူး ငဗစ်ရှိနေလို့ ရည်ရွယ်ချက်ပျက်ခဲ့ရတယ် အမှန်ဆို မမရယ် မောင်လေးရယ်နဲ့ သမီးလေးကို နားသပေးချင်ခဲ့တာပါတီတီ့ရင်တွေကွဲနေပြီ သမီးရယ်

ခုချိန်ထိ သွေးလှူပေးချင်လို့ ဖုန်းဆက်နေတဲ့သူတွေရှိသေးတယ် သမီးလေးရယ် သမီးလေးကံကောင်းပါတယ် မရှိတော့တာတောင် အလှူရှင်ရသေးတယ်နော်

လှူပေးခဲ့တဲ့ အလှူရှင်တွေရော ရောက်ပြီးမှမလှူလိုက်ရဘဲ ပြန်သွားရတဲ့အလှူရှင်တွေရော လှူချင်လို့ ထပ်ဆက်သွယ်နေတဲ့ အလှူရှင်တွေရော အားလုံး

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်🙏

အားလုံးပဲ သက်ရှည် ကျန်းမာကြပါစေ🙏🙏🙏

ကလေးက နှစ်လ တစ်ခါလောက် ကိုယ်ပူ ဝမ်းချုပ်ဖြစ်တတ်လို့ပါ ခါတိုင်းလိုပဲ ဖြစ်တယ်ထင်မိတာပါ ဝမ်းမှမသွားတာ

ဝမ်းသွားအောင်ပဲအရင်လုပ်နေမိတာ ဝမ်းသွားရင် အဖျားပျောက် နေပြန်ကောင်းတတ်လို့လေ အစာမဝင်တာက နေမကောင်းရင်ဖြစ်တတ်ကြတာမို့ပါ

ကိုယ်တွေလူကြီးတွေတောင်မစားချင်ကြဘူးလေ အန်တာက ဆေးခါးတယ်ပြောလို့ပါ ခုက ဘာလက္ခဏာမှကိုမပြတာပါ ကိုယ်တွေသိထားတာက သွေးလွန်တုတ်ကွေးဆို ကော်ဖီရောင်အန်မယ် ဝမ်းမည်းသွားမယ် နုံးမယ်ပဲသိထားတာလေ ခုကနုံးပေမဲ့ နေမကောင်းလို့နုံးတယ်ပဲထင်တာပါ

ဘာလက္ခဏာမှမပြလို့လည်း ရှေ့ဆေးခန်းနှစ်ခုကမသိတာဖြစ်မှာပါ ဆေးကတော့ အတင်းရုန်းကန်နေတဲ့ ကိုယ့်ကလေးကို အတင်းမတိုက်ရက်ခဲ့ဘူး ဆေးရုံမှာတောင် ဆရာမကြီးကိုယ်တိုင် ဆေးတိုက်မရလို့ လက်လျှော့ခဲ့ရတာပါရှင်…

Zawgyi

ကုလို႔မရႏိုင္ေသးလို႔ သမီးေလးတစ္ေယာက္ဆုံးရႈံးလိုက္ရတဲ့ ေသြးလြန္တုပ္ေကြးအသစ္

သမီးေလးရယ္ မနက္ျဖန္ဆို သမီးေလး ခႏၶာမရွိေတာ့ဘူး တီတီက ျပင္ေပးရမွာ အၿမဲတမ္းတီတီပဲျပင္တာႀကိဳက္တဲ့သမီးေလး ေခါင္းေလွ်ာ္ၿပီးရင္ေတာင္

တီတီ Dryerမႈတ္ ပုံသြင္းေပးမွ ႀကိဳက္တဲ့သမီးေလး

သမီးေလးကအစမ္းသပ္ခံျဖစ္သြားတာမ်ားလားေသြးလြန္တုပ္ေကြးအသစ္တဲ့ ကုလို႔မရႏိုင္ေသးဘူးတဲ့

ဒီႏွစ္ပတ္အတြင္းကို ကေလးေဆး႐ုံမွာေတာ္ေတာ္ျဖစ္ေနတာတဲ့ေလ အတတ္ႏိုင္ဆုံးကုသေပးပါမယ္ဆိုကတည္းက စိတ္ထဲထင့္ေနတာ

သူ႔အေဖေရာ အတင္းေမးတာလည္း ကေလးေဘးအသင့္ရွိေစခ်င္ေနလို႔ အေျခအေနမေကာင္းလို႔ အသင့္ေခၚထားခိုင္းေနတာျဖစ္မယ္ဆိုတာေပါ့

သူ႔အေဖက ေသြးလႉရွင္ေတြ ႀကိဳပို႔လုပ္ေပးေနတယ္ေျပာေတာ့ တျခားသူကိုလုပ္ခိုင္းဖို႔ေတာင္ေျပာတာေလ ေနာက္ဆုံး သမီးေလးဆုံးေတာ့

ဆရာဝန္ႀကီးက သူတို႔ကုသမႈကို ေက်နပ္မႈမရွိရင္ လိုအပ္ခဲ့တာရွိရင္ အႀကံျပဳဖို႔‌ေျပာတယ္

ေျပာရရင္ေတာ့ တိုင္လည္းရတယ္ဆိုတဲ့သေဘာမ်ိဳးေပါ့ေနာ္ မလုပ္ပါဘူး ကိုယ္က ကိုရီးယားစီးရီး Hospital playlistၾကည့္ထားေတာ့

ဆရာဝန္ေတြရဲ႕အခက္အခဲေတြနားလည္ေပးႏိုင္ပါတယ္ တစ္ခုပဲ သမီးေလးကိုနမူနာယူၿပီး က်န္ကေလးေတြကိုေကာင္းေအာင္ ကုသေပးၾကပါေနာ္ ေတာင္းပန္ပါတယ္🙏

အားလုံးပဲ ကေလးေတြကိုဂ႐ုစိုက္ေပးၾကပါရွင္

ဘာလကၡဏာမွမျပခဲ့ပါဘူး ၄,၅,၆ရက္က Danger zoneပါတဲ့ ရရက္ျပည့္ရင္စိတ္ခ်ရပါတယ္တဲ့ေလ

ကေလးစဖ်ားတဲ့ညမွာ အိမ္မွာပဲ Progesicတိုက္တယ္ မေသာက္ဘူး အကုန္အန္ထုတ္တယ္ ခါတိုင္း ဗမာေဆး၊ အဂၤလိပ္ေဆး မေၾကာက္ဘဲ အကုန္ေသာက္တဲ့ကေလး

ဒုတိယေန႔ ေဆးခန္းတစ္ခုသြားတယ္ အဖ်ား ၁၀၄ ဆရာမက ဗိုက္လည္းစမ္းတယ္ ေဆးလည္းထိုးေပးတယ္ ေဆး3ရက္စာေပးတယ္

ထိုးေပးၿပီးနည္းနည္းသက္သာတယ္ ေဆးေတာ့ခါးလို႔မေသာက္ဘူးတဲ့ အန္တယ္

တတိယေန႔ ေဆးခန္းေနာက္တစ္ခုထပ္သြားတယ္

အဖ်ား ၁၀၁ ေဆးေပးတယ္ မေသာက္ျပန္ဘူး

စတုတၳေန႔ ကိုယ္ပူတုန္းမို႔ တစ္ေနကုန္ သူ႔အဘိုးတစ္လွည့္ ကိုယ္တစ္လွည့္ ေရပတ္တင္ေပးတယ္ သူ႔အေမက အလုပ္သြားေနရတယ္

ျပန္လာမွ ခနနားၿပီး ကေလးပုံမလန္းလို႔ ညေန၆နာရီမွ အသည္းအသန္ ေဆးခန္းလိုက္ရွာၿပီး ေနာက္ဆုံးပိတ္ခါနီးေဆးခန္းတစ္ခုမွာ

ျပလိုက္ႏိုင္တယ္ ပင္လုံလမ္းမေပၚမွာရွိတဲ့ ဆက္သြယ္ေရးမွတ္တိုင္က ၿမိဳ႕မေဆးခန္းပါ

ကေလးကိုေတြ႕ေတြ႕ခ်င္းDrမေလးက ပုံမွန္မဟုတ္ဘူး ေသြးလန႔္ေနၿပီ အသက္စိုးရိမ္ရတယ္ ေဆး႐ုံခ်က္ခ်င္းသြားပါတဲ့ ကိုယ္ေတြက

ရန္ကင္းကေလးေဆး႐ုံသြားဖို႔ေျပာေတာ့ အနီးဆုံးကိုသာအျမန္သြားပါဆိုလို႔ ေခ်ာ္တြင္းကုန္းက ပါရမီကေလးေဆး႐ုံကိုသြားခဲ့ရပါတယ္

Drမေလးက ေနဦး လမ္းမွာ တစ္ခုခုျဖစ္မွာစိုးရိမ္ရလို႔ Dripခ်ိတ္ေပးလိုက္မယ္တဲ့

Drip set ကုန္ေနလို႔ ကိုယ့္မွာ ပင္လုံလမ္းမတေလွ်ာက္ အ႐ူးတစ္ေယာက္လို ေဆးဆိုင္လိုက္ရွာၿပီးဝယ္တာ ကားမတိုက္႐ုံတမည္ပါပဲ Drမေလးက ကုသစရိတ္မယူခဲ့ပါဘူး

ကိုယ္ေတြေတာင္ သမီးေလးအတြက္ေက်းဇူးတင္လြန္းလို႔ Taxiေပၚမွာေျပာမိေသးတယ္ သမီးေလးျပန္ေကာင္းရင္ အဲဒီ

Drမေလးကိုသြားကန္ေတာ့ရမယ္ေနာ္လို႔ သူေျပာမွ ဆိုးမွန္းသိလို႔ေလ

ေဆး႐ုံေရာက္ေတာ့ Level 3တဲ့

ပၪၥမေန႔ ေရွာ့4ခါျဖစ္ၿပီး Level 4နဲ႔ ညေန4:15မွာဆုံးသြားခဲ့တယ္

သမီးေလးက တနဂၤေႏြေန႔ေမြးၿပီး တနဂၤေႏြေန႔မွာဆုံးသြားတာပါ

သမီးေလးအတြက္ ဘုတ္ေထာင္ေတာ့ ပထမသူ႔အဘိုးေရးတာ သူေရးလို႔မရေတာ့ဘူးဆိုလို႔ ကိုယ္ ကိုယ္တိုင္ သူ႔အတြက္

ဘုတ္မွာေရးလိုက္ရတယ္ ေရးရင္း ဘယ္ေလာက္ေတာင္ရင္နာခဲ့ရလဲ ငိုရင္းေရး ေရးရင္းငိုပါပဲ ခ်စ္သမီးေလးရယ္

ဆရာစံဇာဏီဘိုက ေမြးကတည္းက နာမည္မွည့္ေပးရင္း ဇာတာတြက္ေပးခဲ့တာ သမီးေလး ရႏွစ္မွာ သီလရွင္ဝတ္ခိုင္းတာကို

ဝတ္မေပးခဲ့ရဘူး ငဗစ္ရွိေနလို႔ ရည္႐ြယ္ခ်က္ပ်က္ခဲ့ရတယ္ အမွန္ဆို မမရယ္ ေမာင္ေလးရယ္နဲ႔ သမီးေလးကို နားသေပးခ်င္ခဲ့တာပါတီတီ့ရင္ေတြကြဲေနၿပီ သမီးရယ္

ခုခ်ိန္ထိ ေသြးလႉေပးခ်င္လို႔ ဖုန္းဆက္ေနတဲ့သူေတြရွိေသးတယ္ သမီးေလးရယ္ သမီးေလးကံေကာင္းပါတယ္ မရွိေတာ့တာေတာင္ အလႉရွင္ရေသးတယ္ေနာ္

လႉေပးခဲ့တဲ့ အလႉရွင္ေတြေရာ ေရာက္ၿပီးမွမလႉလိုက္ရဘဲ ျပန္သြားရတဲ့အလႉရွင္ေတြေရာ လႉခ်င္လို႔ ထပ္ဆက္သြယ္ေနတဲ့ အလႉရွင္ေတြေရာ အားလုံး

အားလုံးကို ေက်းဇူးအထူးတင္ပါတယ္ရွင္🙏

အားလုံးပဲ သက္ရွည္ က်န္းမာၾကပါေစ🙏🙏🙏

ကေလးက ႏွစ္လ တစ္ခါေလာက္ ကိုယ္ပူ ဝမ္းခ်ဳပ္ျဖစ္တတ္လို႔ပါ ခါတိုင္းလိုပဲ ျဖစ္တယ္ထင္မိတာပါ ဝမ္းမွမသြားတာ

ဝမ္းသြားေအာင္ပဲအရင္လုပ္ေနမိတာ ဝမ္းသြားရင္ အဖ်ားေပ်ာက္ ေနျပန္ေကာင္းတတ္လို႔ေလ အစာမဝင္တာက ေနမေကာင္းရင္ျဖစ္တတ္ၾကတာမို႔ပါ

ကိုယ္ေတြလူႀကီးေတြေတာင္မစားခ်င္ၾကဘူးေလ အန္တာက ေဆးခါးတယ္ေျပာလို႔ပါ ခုက ဘာလကၡဏာမွကိုမျပတာပါ ကိုယ္ေတြသိထားတာက ေသြးလြန္တုတ္ေကြးဆို ေကာ္ဖီေရာင္အန္မယ္ ဝမ္းမည္းသြားမယ္ ႏုံးမယ္ပဲသိထားတာေလ ခုကႏုံးေပမဲ့ ေနမေကာင္းလို႔ႏုံးတယ္ပဲထင္တာပါ

ဘာလကၡဏာမွမျပလို႔လည္း ေရွ႕ေဆးခန္းႏွစ္ခုကမသိတာျဖစ္မွာပါ ေဆးကေတာ့ အတင္း႐ုန္းကန္ေနတဲ့ ကိုယ့္ကေလးကို အတင္းမတိုက္ရက္ခဲ့ဘူး ေဆး႐ုံမွာေတာင္ ဆရာမႀကီးကိုယ္တိုင္ ေဆးတိုက္မရလို႔ လက္ေလွ်ာ့ခဲ့ရတာပါရွင္…

Leave a Reply

Your email address will not be published. Required fields are marked *