အင်္ဂလန်ဘုရင်မကြီး ချီးမြှင့်တဲ့” Life Honorary Award Equity ဆုကြိးကိုရရှိခဲ့တဲ့ လူရွှင်တော် ဦးဇာဂနာ

အင်္ဂလန်ဘုရင်မကြီး ချီးမြှင့်တဲ့” Life Honorary Award Equity ဆုကြိးကိုရရှိခဲ့တဲ့ လူရွှင်တော် ဦးဇာဂနာ

အနုပညာဥာဏ်ကြွယ်ဝတဲ့ လူရွှင်တော် ဦးဇာဂနာအတွက် ဂုဏ်ယူလေးစားစရာ သတင်းကောင်းလေး တစ်ခုကို ဒီကနေ့မှာ ကြားသိရပါတယ်။ ဒါကတော့ ရှေ့ဆယ်စုနီးပါးလောက်ကတည်းက အနုပညာနယ်ပယ်အသီးသီးမှာကျင်လည်ခဲ့တဲ့ ပြည်သူချစ် လူရွှင်တော် ဦးဇာဂနာဟာ နိုဝင်ဘာ(၃)ရက်နေ့က အင်္ဂလန်ဘုရင်မကြီးက ပေးအပ်ချီးမြှင့်တဲ့” Life Honorary Award Equity “ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီဆုဟာ အာရှတိုက်သားတွေထဲမှာ ဦးဇာဂနာက ပထမဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ် းဝင်သွားခဲ့ကြောင်းလည်း သတင်းကြားသိရပါတယ်။ ယခုလို အင်္ဂလန်ဘုရင်မကြီးကတောင်” Life Honorary Award Equity “ဆုကို ပေးအပ်ခြင်းခံရတဲ့ ဦးဇာဂနာ အတွက် ချစ်တဲ့ပရိသတ်တွေအပြင် အနုပညာ မောင်နုမတွေကပါ လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။

ဦးဇာဂနာ ဟာ (၁၉၈၈) ခုနှစ် အရေးတော်ပုံကာလကစလို့ ယခု (၂၀၂၁) ခုနှစ်အထိ နိုင်ငံရေး တက်ကြွစွာလှုပ်ရှားခဲ့တာကြောင့် (၅)ကြိမ်အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပါ။လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေး ကာလမှာလည်း ပြည်သူတွေနဲ့အတူ အပြည့်အဝ ရပ်တည်ပေးခဲ့တာကြောင့် ဧပြီလလောက်မှာ ဖမ်းဆီးခံခဲ့ရပြီး (၆) လကျော်လောက် အကျဥ်းထောင်မှာ နေခဲ့ရပါတယ

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ဦးဇာဂနာဟာ အ​င်းစိန်ထောင်ကနေ ပြန်လည်လွတ်လာခဲ့ပါတယ်။ ယနေ့မှာတော့ ဦးဇာဂနာရဲ့ သတင်းကောင်းလေးကို ကြားသိရတဲ့အတွက် ပရိသတ်တွေနဲ့အတူ လွန်စွာလေးစားဂုဏ်ယူမိပါတယ်။

Zawgyi

အဂၤလန္ဘုရင္မႀကီး ခ်ီးျမႇင့္တဲ့” Life Honorary Award Equity ဆုႀကိးကိုရရွိခဲ့တဲ့ လူ႐ႊင္ေတာ္ ဦးဇာဂနာ

အႏုပညာဥာဏ္ႂကြယ္ဝတဲ့ လူ႐ႊင္ေတာ္ ဦးဇာဂနာအတြက္ ဂုဏ္ယူေလးစားစရာ သတင္းေကာင္းေလး တစ္ခုကို ဒီကေန႔မွာ ၾကားသိရပါတယ္။ ဒါကေတာ့ ေရွ႕ဆယ္စုနီးပါးေလာက္ကတည္းက အႏုပညာနယ္ပယ္အသီးသီးမွာက်င္လည္ခဲ့တဲ့ ျပည္သူခ်စ္ လူ႐ႊင္ေတာ္ ဦးဇာဂနာဟာ ႏိုဝင္ဘာ(၃)ရက္ေန႔က အဂၤလန္ဘုရင္မႀကီးက ေပးအပ္ခ်ီးျမႇင့္တဲ့” Life Honorary Award Equity “ဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

ဒီဆုဟာ အာရွတိုက္သားေတြထဲမွာ ဦးဇာဂနာက ပထမဆုံးပုဂၢိဳလ္အျဖစ္ မွတ္တမ္ းဝင္သြားခဲ့ေၾကာင္းလည္း သတင္းၾကားသိရပါတယ္။ ယခုလို အဂၤလန္ဘုရင္မႀကီးကေတာင္” Life Honorary Award Equity “ဆုကို ေပးအပ္ျခင္းခံရတဲ့ ဦးဇာဂနာ အတြက္ ခ်စ္တဲ့ပရိသတ္ေတြအျပင္ အႏုပညာ ေမာင္ႏုမေတြကပါ ေလးစားဂုဏ္ယူေနၾကတာ ျဖစ္ပါတယ္။

ဦးဇာဂနာ ဟာ (၁၉၈၈) ခုႏွစ္ အေရးေတာ္ပုံကာလကစလို႔ ယခု (၂၀၂၁) ခုႏွစ္အထိ ႏိုင္ငံေရး တက္ႂကြစြာလႈပ္ရွားခဲ့တာေၾကာင့္ (၅)ႀကိမ္အထိ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသူပါ။လက္ရွိျဖစ္ေပၚေနတဲ့ ေႏြဦးေတာ္လွန္ေရး ကာလမွာလည္း ျပည္သူေတြနဲ႔အတူ အျပည့္အဝ ရပ္တည္ေပးခဲ့တာေၾကာင့္ ဧၿပီလေလာက္မွာ ဖမ္းဆီးခံခဲ့ရၿပီး (၆) လေက်ာ္ေလာက္ အက်ဥ္းေထာင္မွာ ေနခဲ့ရပါတယ

ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္ကမွ ဦးဇာဂနာဟာ အ​င္းစိန္ေထာင္ကေန ျပန္လည္လြတ္လာခဲ့ပါတယ္။ ယေန႔မွာေတာ့ ဦးဇာဂနာရဲ႕ သတင္းေကာင္းေလးကို ၾကားသိရတဲ့အတြက္ ပရိသတ္ေတြနဲ႔အတူ လြန္စြာေလးစားဂုဏ္ယူမိပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *