မြောက်ဥက္ကလာတွင် သေနတ်မှန်၍ သေဆုံးသွားသော ဆရာမအား ၃ ကြိမ်တိုင် သတိပေးခဲ့ဟု ပစ်ခတ်သည့် အဖွဲ့ပြော
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည့် ကျောင်းဆရာမကို ပစ်ခတ်သည့် အဖွဲ့က သုံးကြိမ်တိုင် သတိပေးခဲ့သည်ဟု အဆိုပါအဖွဲ့ဝင် တစ်ဦးက ပြောသည်။
ကျောင်းဆရာမ ဒေါ်လှလှသန်းသည် ၎င်းနေအိမ်ရှိရာ မြောက်ဥက္ကလာပမြို့နယ်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အ.ထ.က (၂) ကျောင်းသို့ တက္ကစီဖြင့် သွားစဉ် မြောက်ဥက္ကလာပမြို့နယ် နွယ်နီမှတ်တိုင် အကျော်၌ တက္ကစီ မီးပွိုင့်မိနေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ယနေ့ နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး သေနတ်ဒဏ်ရာ သုံးချက်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားကြောင်း ဒေသခံများထံမှ တစ်ဆင့် သိရသည်။
ပစ်ခတ်မှုပြုလုပ်ခဲ့သည့် GenerationZ Defence Force အဖွဲ့သည် ၎င်းအား သတိထား စောင့်ကြည့်ခဲ့ရာ ၎င်းသည် စစ်ကောင်စီထံသို့ ကျောင်းသားများ၏ အိမ်လိပ်စာများ ပေးပြီး ဖမ်းဆီးခိုင်းမှုများ ရှိကြောင်း၊ ပထမအကြိမ် သတိပေးမှုများ လုပ်ဆောင်ခဲ့ရာ လအတော်ကြာ ငြိမ်သွားခဲ့ကြောင်း၊ ယခုထပ်မံ၍ ကျောင်းသားများကို ခြိမ်းခြောက်မှုများ လုပ်ဆောင်လာ၍ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုသည်။
“သူ့ကြောင့် ထွက်ပြေးရတဲ့ ကလေးတွေရော၊ ဖမ်းမိသွားတဲ့ ကလေးတွေရော အများကြီး ရှိတယ်။ ကလေးတွေက လာတိုင်တော့ ကျွန်တော်တို့ သတိပေးစာ ထပ်ထုတ်ပါတယ်။ ရပ်တန့်ပေးဖို့လည်း တောင်းဆိုတယ်။ ဒါကိုလက်မခံဘဲ လုပ်ရပ်က ပိုဆိုးလာတယ်။ Non -CDM ဆရာမ မို့လို့ အခုလို လုပ်ခဲ့ရတာ မဟုတ်ပါဘူး။ ဒလန်လုပ်တယ်။ ခြိမ်းခြောက်တယ်။ မတရား လုပ်တယ်လို့ သတင်းကြီး နေတဲ့အပြင် တိုင်တဲ့သူတွေ များလာလို့ပါ” ဟု ပစ်ခတ်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ GenerationZ Defence Force အဖွဲ့ဝင်က မဇ္ဈိမ ကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို GenerationZ Defence Force အဖွဲ့နှင့် Human Right Defenders (HRD)အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Zawgyi
ေျမာက္ဥကၠလာတြင္ ေသနတ္မွန္၍ ေသဆုံးသြားေသာ ဆရာမအား ၃ ႀကိမ္တိုင္ သတိေပးခဲ့ဟု ပစ္ခတ္သည့္ အဖြဲ႕ေျပာ
ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္တြင္ ေသနတ္ျဖင့္ ပစ္ခံရၿပီး ေသဆုံးသြားသည့္ ေက်ာင္းဆရာမကို ပစ္ခတ္သည့္ အဖြဲ႕က သုံးႀကိမ္တိုင္ သတိေပးခဲ့သည္ဟု အဆိုပါအဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။
ေက်ာင္းဆရာမ ေဒၚလွလွသန္းသည္ ၎ေနအိမ္ရွိရာ ေျမာက္ဥကၠလာပၿမိဳ႕နယ္မွ ဒဂုံၿမိဳ႕သစ္ အေရွ႕ပိုင္းၿမိဳ႕နယ္ အ.ထ.က (၂) ေက်ာင္းသို႔ တကၠစီျဖင့္ သြားစဥ္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ႏြယ္နီမွတ္တိုင္ အေက်ာ္၌ တကၠစီ မီးပြိဳင့္မိေနစဥ္ ပစ္ခတ္ခံခဲ့ရျခင္း ျဖစ္သည္။ယေန႔ ႏိုဝင္ဘာ ၅ ရက္ မနက္ ၈ နာရီ မိနစ္ ၃၀ ခန႔္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရျခင္း ျဖစ္ၿပီး ေသနတ္ဒဏ္ရာ သုံးခ်က္ျဖင့္ ေျမာက္ဥကၠလာပေဆး႐ုံသို႔ တင္ပို႔ကုသေနစဥ္ ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ တစ္ဆင့္ သိရသည္။
ပစ္ခတ္မႈျပဳလုပ္ခဲ့သည့္ GenerationZ Defence Force အဖြဲ႕သည္ ၎အား သတိထား ေစာင့္ၾကည့္ခဲ့ရာ ၎သည္ စစ္ေကာင္စီထံသို႔ ေက်ာင္းသားမ်ား၏ အိမ္လိပ္စာမ်ား ေပးၿပီး ဖမ္းဆီးခိုင္းမႈမ်ား ရွိေၾကာင္း၊ ပထမအႀကိမ္ သတိေပးမႈမ်ား လုပ္ေဆာင္ခဲ့ရာ လအေတာ္ၾကာ ၿငိမ္သြားခဲ့ေၾကာင္း၊ ယခုထပ္မံ၍ ေက်ာင္းသားမ်ားကို ၿခိမ္းေျခာက္မႈမ်ား လုပ္ေဆာင္လာ၍ ယခုကဲ့သို႔ လုပ္ေဆာင္ရျခင္းျဖစ္ေၾကာင္း ဆိုသည္။
“သူ႔ေၾကာင့္ ထြက္ေျပးရတဲ့ ကေလးေတြေရာ၊ ဖမ္းမိသြားတဲ့ ကေလးေတြေရာ အမ်ားႀကီး ရွိတယ္။ ကေလးေတြက လာတိုင္ေတာ့ ကြၽန္ေတာ္တို႔ သတိေပးစာ ထပ္ထုတ္ပါတယ္။ ရပ္တန႔္ေပးဖို႔လည္း ေတာင္းဆိုတယ္။ ဒါကိုလက္မခံဘဲ လုပ္ရပ္က ပိုဆိုးလာတယ္။ Non -CDM ဆရာမ မို႔လို႔ အခုလို လုပ္ခဲ့ရတာ မဟုတ္ပါဘူး။ ဒလန္လုပ္တယ္။ ၿခိမ္းေျခာက္တယ္။ မတရား လုပ္တယ္လို႔ သတင္းႀကီး ေနတဲ့အျပင္ တိုင္တဲ့သူေတြ မ်ားလာလို႔ပါ” ဟု ပစ္ခတ္ရသည့္ အေၾကာင္းအရင္းႏွင့္ ပတ္သက္၍ GenerationZ Defence Force အဖြဲ႕ဝင္က မဇၩိမ ကို ေျပာသည္။
အဆိုပါ ပစ္ခတ္မႈကို GenerationZ Defence Force အဖြဲ႕ႏွင့္ Human Right Defenders (HRD)အဖြဲ႕ တို႔က ပူးေပါင္း လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။