ေက်ာင္းဝတ္စုံမဝတ္၊ ဝန္ထမ္းကတ္ မပါသည့္ ဆရာမ ၃ ဦးကို

ေက်ာင္းဝတ္စုံမဝတ္၊ ဝန္ထမ္းကတ္ မပါသည့္ ဆရာမ ၃ ဦးကို

ဘိုကလေးမြို့တွင် ကျောင်းဝတ်စုံမဝတ်၊ ဝန်ထမ်းကတ် မပါသည့် ဆရာမ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်က နားရင်းအုပ်ဟုဆို

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ကျောင်းတက်သွားမည့် ဆရာမ သုံးဦးအား ကျောင်းဝတ်စုံ ယူနီဖောင်း မဝတ်သည့်အပြင် ဝန်ထမ်းကတ်လည်း မပါသောကြောင့် စစ်ကောင်စီတပ်များကခေါ်ပြီး နားရင်းအုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ ဆရာမသုံးဦးသည် ဘိုကလေးမြို့၊ ပူတင်းစုရွာ စာသင်ကျောင်းတွင် တာဝန်ကျနေသော ဆရာမများဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းအချိန်က ဗိုလ်ချုပ်​ကြေးရုပ်အနီး အဝိုင်းကြီးတွင် စစ်ကောင်စီတပ်များက ခေါ်ယူစစ်ဆေးရာမှ နားရင်းအုပ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အဲဒီဆရာမသုံးယောက်က သူတို့တာဝန်ကျတဲ့ ကျောင်းကို သွားတာထင်တယ်။ Non CDM တွေဆိုတော့ ဝိုင်းပြောမှာစိုးလို့ ယူနီဖောင်းဝတ်မလာကြဘူး။ ဗိုလ်ချုပ်ကြေးရုပ်နားမှာ ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်တပ်ကခေါ်ပြီး စစ်ဆေးမှ ဝန်ထမ်းကတ်က ပါမလာ ယူနီဖောင်းကလည်း ဝတ်မလာတော့ သုံး ယောက်လုံးကို နားရင်းအုပ်ပြီး ကျောင်းသွားခိုင်းလိုက်တာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဧရာဝတီတိုင်းအတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် ဆရာတစ်ဦးက” ဒီကောင်တွေက စာမတတ်၊ ပေမတတ်တွေဆိုတော့ ဆရာ၊ ဆရာမရဲ့တန်ဖိုးကိုလည်း နားလည်မှာမဟုတ်ဘူး ။ ဆရာမတွေကို နားရင်းအုပ်တယ် ဆိုတာတော့လွန်တယ်ဗျာ ။

ခံရတဲ့သူတွေကလည်း သူတို့ထိုက်နဲ့ သူတို့ကံပဲလေ”ဟု ထိုဖြစ်စဉ် အပေါ်မှတ်ချက်ပြုသည်။

Zawgyi

ေက္ာင္းဝတၥဳံမဝတ္၊ ဝႏၴမ္းကတ္ မပါသည့္ ဆရာမ ၃ ဦးကို

ဘိုကေလးၿမိဳ႕တြင္ ေက်ာင္းဝတ္စုံမဝတ္၊ ဝန္ထမ္းကတ္ မပါသည့္ ဆရာမ ၃ ဦးကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္က နားရင္းအုပ္ဟုဆို

ဧရာဝတီတိုင္း၊ ဘိုကေလးၿမိဳ႕တြင္ ေက်ာင္းတက္သြားမည့္ ဆရာမ သုံးဦးအား ေက်ာင္းဝတ္စုံ ယူနီေဖာင္း မဝတ္သည့္အျပင္ ဝန္ထမ္းကတ္လည္း မပါေသာေၾကာင့္ စစ္ေကာင္စီတပ္မ်ားကေခၚၿပီး နားရင္းအုပ္ခဲ့သည္ဟု ေဒသခံမ်ားထံက သိရသည္။

အဆိုပါ ဆရာမသုံးဦးသည္ ဘိုကေလးၿမိဳ႕၊ ပူတင္းစု႐ြာ စာသင္ေက်ာင္းတြင္ တာဝန္က်ေနေသာ ဆရာမမ်ားျဖစ္ၿပီး ႏိုဝင္ဘာလ ၁ ရက္ေန႔ မနက္ပိုင္းအခ်ိန္က ဗိုလ္ခ်ဳပ္​ေၾကး႐ုပ္အနီး အဝိုင္းႀကီးတြင္ စစ္ေကာင္စီတပ္မ်ားက ေခၚယူစစ္ေဆးရာမွ နားရင္းအုပ္ခံလိုက္ရေၾကာင္း ေဒသခံတစ္ဦးကေျပာသည္။

“အဲဒီဆရာမသုံးေယာက္က သူတို႔တာဝန္က်တဲ့ ေက်ာင္းကို သြားတာထင္တယ္။ Non CDM ေတြဆိုေတာ့ ဝိုင္းေျပာမွာစိုးလို႔ ယူနီေဖာင္းဝတ္မလာၾကဘူး။ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္နားမွာ ပိတ္ဆို႔စစ္ေဆးေနတဲ့ စစ္တပ္ကေခၚၿပီး စစ္ေဆးမွ ဝန္ထမ္းကတ္က ပါမလာ ယူနီေဖာင္းကလည္း ဝတ္မလာေတာ့ သုံး ေယာက္လုံးကို နားရင္းအုပ္ၿပီး ေက်ာင္းသြားခိုင္းလိုက္တာပါ” ဟု ေဒသခံတစ္ဦးက ဆိုသည္။

ဧရာဝတီတိုင္းအတြင္း စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္ၿပီး CDM ျပဳလုပ္ထားသည့္ ဆရာတစ္ဦးက” ဒီေကာင္ေတြက စာမတတ္၊ ေပမတတ္ေတြဆိုေတာ့ ဆရာ၊ ဆရာမရဲ႕တန္ဖိုးကိုလည္း နားလည္မွာမဟုတ္ဘူး ။ ဆရာမေတြကို နားရင္းအုပ္တယ္ ဆိုတာေတာ့လြန္တယ္ဗ်ာ ။

ခံရတဲ့သူေတြကလည္း သူတို႔ထိုက္နဲ႔ သူတို႔ကံပဲေလ”ဟု ထိုျဖစ္စဥ္ အေပၚမွတ္ခ်က္ျပဳသည္။

Leave a Reply

Your email address will not be published. Required fields are marked *