အေးနေဝင်းကို မိဘများမှ အမွေပြတ်စွန့်လွှတ်လိုက်ကြောင်းကြေငြာ

စကစကိုအပြည့်အဝထောက်ခံအားပေးမှုတွေဆက်တိုက်ပြုလုပ်နေတဲ့သားဖြစ်သူအေးနေဝင်းကို မိဘများမှ အမွေပြတ်စွန့်လွှတ်လိုက်ကြောင်းကြေငြာ

တစ်ချိန်က မြန်မာနိုင်ငံကို အချိန်တော်ကြာအုပ်ချုပ်ခဲ့တဲ့ ဦးနေဝင်းရဲ့မြေးဖြစ်တဲ့ အေးနေဝင်းကတော့ ပရိသတ်တွေမသိသူမရှိဖြစ်ပါတယ် ။စစ်တပ် ထောက်ခံသူတစ်ယောက်ဖြစ်တာကြောင့် အမြဲလိုလိုစစ်တပ်နဲ့ပြိုင်ဘက်တိုင်းကိုမကောင်းပြောလေ့ ရှိတာပါ။

ဒါကြောင့်လူမှုကွန်ရက်တွေမှာ လူတော်တော်များများရဲ့ဝေဖန်မှုကိုခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဝေဖန်မှုတွေခံရပေမယ့်လည်း သူက တော့ ဆက်ပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါကြောင့် မကြာခဏဆိုသလို သတင်းစာတွေထဲမှာ သူရဲ့မိဘတွေက သူပြောဆိုတာတွေဟာ မိဘတွေနဲ့မပတ် သတ်ကြောင်းအမြဲပြောလေ့ရှိတာပါ။

ခုလိုအာဏာသိမ်းချိန်မှာလည်း အေးနေဝင်းဟာ စစ်တပ်ဘက်မှထောက်ခံကာ အင်တာဗျူးတွေဖြေဆိုမှုတွေရှိခဲ့တာပါ။ဒါကြောင့်မိဘတွေ ကလည်း ဖြစ်ခဲ့ကိစ္စအဝဝကို သူနဲ့သာဆိုင်ကြောင်း နိုင်ငံပိုင်သတင်းစာကတစ်ဆင့်ကြော်ငြာခဲ့တာပါ။ဒါကြောင့် ပရိသတ်တွေလည်းအေးနေ ဝင်းအပေါ် မှတ်ချက်စကားလေးတွေ နဲ့ပြောပေးသွားကြပါဦးနော်။

Zawgyi





Leave a Reply

Your email address will not be published.