ငြိမ်း ဆေးခန်းကိုတည်ထောင်နိူင်ခဲ့ပြီဖြစ်ကြောင်း မီးအိမ်ရှင်မလေးအငြိမ်းပြည်သူလူထုကိုအသိပေး

ငြိမ်း ဆေးခန်းကိုတည်ထောင်နိူင်ခဲ့ပြီဖြစ်ကြောင်း မီးအိမ်ရှင်မလေးအငြိမ်းပြည်သူလူထုကိုအသိပေး

ချင်းပြည်နယ်၊ မင်းတပ်ရှိ စစ်ဘေးရှောင်များကို ဆေးဝါးကုသပေးနေသည့် ပရဟိတ ဆရာဝန် ဒေါက်တာ အငြိမ်းသည်အာဏာသိမ်းချိန် မန္တလေး အပစ်အခတ်တွေ စဖြစ်စဉ်ဒဏ်ရာရလူနာများလိုက်ကောက် ဆေးကုသပေးရင်း လူသိများ လာသူတစ်ဦး ဖြစ်သည်။

ဆရာဝန်မလေး အငြိမ်းသည် ယခင်လတွင်စစ်ဘေးရှောင် ဒေသအတွက် အလှူငွေကိစ္စရပ်များနှင့်ပက်သက်ပြီး လူအများရဲ့ ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် ရက်အတော်ကြာ ပျောက်ဆုံးနေပြီး ယနေ့ နိုဝင်ဘာလ ၅ရက်နေ့တွင် သူမ၏ လူမှုကွန်ရက်စာမျက်‌နှာပေါ်တွင် ပြန်ပေါ်လာကြောင်း တွေ့ရှိရပါသည်။သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ရေးသားချက်များ အရ

” အခုတော့ ဆရာဝန်ရှားပါးတဲ့နေရာမှာ ဆေးရုံမရှိတဲ့နေရာမှာ အရေးပေါ်ခွဲခန်း ဆေးခန်းဆောက်မယ်ဆိုတဲ့အဲ့ဒီအိမ်မက်ကောင်အထည်ပေါ်နေပါပြီပစည်းအစုံအလင်နဲ့ အရေးပေါ်ခွဲစိတ်ခန်းအပြင် ကျားမ သီးသန့်ခွဲထားတဲ့ ၁၀ ကုတင်ဆန့် လူနာဆောင်လေး ရယ်Labour room OPD room ပါ ပါသေးတယ်။

Ultrasound ရိုက်လို့ရပြီX-ray ရိုက်လို့ရပြီအသားဝါတဲ့ကလေးတွေ phototherapy ပြလို့ပြီEmergency, minor , major operation တော်တော်များများ ခွဲစိတ်လို့ရနေပြီဒုက္ခတွေကြားမှာ ဆာလောင်မူတွေငတ်မွတ်မူတွေကြားမှာ လက်နက်ကြီးသံတွေနဲ့မနီးမဝေးမှာထောင်ထဲရောက်နေတဲ့ကျွန်တော့်ရဲ့မိဘ နောက် ကျွန်တော့်ရဲ့တဦးတည်းသောသမီးလေးနဲ့အဝေးမှာတဖြည်းဖြည်းရုပ်လုံးပေါ်လာတဲ့ကျွန်တော်ရဲ့ ၁၀ ကုတင်ဆန့်ဆေးရုံလေးကိုကြည့်ပြီးပြုံးတတ်နေပြီ။

လူနာတွေကို သိပ်မကြာခင် ဒီမှာ Ultrasound ရိုက်လို့ရပြီနော် X ray ရိုက်လို့ရပြီနော်လို့ ပြောရင် သူတို့က ကျွန်တော့်ကိုနားမလည်သလိုကြည့်ကြတယ်။Ultrasound ဆိုတာ ဘာလဲ သူတို့မှမသိကြတာ…ဘာပဲဖြစ်ဖြစ်ပါကမ္ဘာကြီးကမေ့နေတဲ့နေရာမှာ ကျွန်တော်က အိုအေစစ်တခုဖန်တီးနိုင်တော့မှာမှတ်လားတိတိကျကျပြောရရင် တောင်တန်းတွေပေါ်က တိမ်တွေပေါ်ကအိုအေစစ်လေးပေါ့ ” ဟု ရေးသားထားပါသည်။

Zawgyi

ၿငိမ္း ေဆးခန္းကိုတည္ေထာင္ႏိူင္ခဲ့ၿပီျဖစ္ေၾကာင္း မီးအိမ္ရွင္မေလးအၿငိမ္းျပည္သူလူထုကိုအသိေပး

ခ်င္းျပည္နယ္၊ မင္းတပ္ရွိ စစ္ေဘးေရွာင္မ်ားကို ေဆးဝါးကုသေပးေနသည့္ ပရဟိတ ဆရာဝန္ ေဒါက္တာ အၿငိမ္းသည္အာဏာသိမ္းခ်ိန္ မႏၲေလး အပစ္အခတ္ေတြ စျဖစ္စဥ္ဒဏ္ရာရလူနာမ်ားလိုက္ေကာက္ ေဆးကုသေပးရင္း လူသိမ်ား လာသူတစ္ဦး ျဖစ္သည္။

ဆရာဝန္မေလး အၿငိမ္းသည္ ယခင္လတြင္စစ္ေဘးေရွာင္ ေဒသအတြက္ အလႉေငြကိစၥရပ္မ်ားႏွင့္ပက္သက္ၿပီး လူအမ်ားရဲ႕ ေဝဖန္မႈမ်ား ထြက္ေပၚၿပီးေနာက္ ရက္အေတာ္ၾကာ ေပ်ာက္ဆုံးေနၿပီး ယေန႔ ႏိုဝင္ဘာလ ၅ရက္ေန႔တြင္ သူမ၏ လူမႈကြန္ရက္စာမ်က္‌ႏွာေပၚတြင္ ျပန္ေပၚလာေၾကာင္း ေတြ႕ရွိရပါသည္။သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာ ေပၚတြင္ ေရးသားခ်က္မ်ား အရ

” အခုေတာ့ ဆရာဝန္ရွားပါးတဲ့ေနရာမွာ ေဆး႐ုံမရွိတဲ့ေနရာမွာ အေရးေပၚခြဲခန္း ေဆးခန္းေဆာက္မယ္ဆိုတဲ့အဲ့ဒီအိမ္မက္ေကာင္အထည္ေပၚေနပါၿပီပစည္းအစုံအလင္နဲ႔ အေရးေပၚခြဲစိတ္ခန္းအျပင္ က်ားမ သီးသန႔္ခြဲထားတဲ့ ၁၀ ကုတင္ဆန႔္ လူနာေဆာင္ေလး ရယ္Labour room OPD room ပါ ပါေသးတယ္။

Ultrasound ႐ိုက္လို႔ရၿပီX-ray ႐ိုက္လို႔ရၿပီအသားဝါတဲ့ကေလးေတြ phototherapy ျပလို႔ၿပီEmergency, minor , major operation ေတာ္ေတာ္မ်ားမ်ား ခြဲစိတ္လို႔ရေနၿပီဒုကၡေတြၾကားမွာ ဆာေလာင္မူေတြငတ္မြတ္မူေတြၾကားမွာ လက္နက္ႀကီးသံေတြနဲ႔မနီးမေဝးမွာေထာင္ထဲေရာက္ေနတဲ့ကြၽန္ေတာ့္ရဲ႕မိဘ ေနာက္ ကြၽန္ေတာ့္ရဲ႕တဦးတည္းေသာသမီးေလးနဲ႔အေဝးမွာတျဖည္းျဖည္း႐ုပ္လုံးေပၚလာတဲ့ကြၽန္ေတာ္ရဲ႕ ၁၀ ကုတင္ဆန႔္ေဆး႐ုံေလးကိုၾကည့္ၿပီးၿပဳံးတတ္ေနၿပီ။

လူနာေတြကို သိပ္မၾကာခင္ ဒီမွာ Ultrasound ႐ိုက္လို႔ရၿပီေနာ္ X ray ႐ိုက္လို႔ရၿပီေနာ္လို႔ ေျပာရင္ သူတို႔က ကြၽန္ေတာ့္ကိုနားမလည္သလိုၾကည့္ၾကတယ္။Ultrasound ဆိုတာ ဘာလဲ သူတို႔မွမသိၾကတာ…ဘာပဲျဖစ္ျဖစ္ပါကမာၻႀကီးကေမ့ေနတဲ့ေနရာမွာ ကြၽန္ေတာ္က အိုေအစစ္တခုဖန္တီးႏိုင္ေတာ့မွာမွတ္လားတိတိက်က်ေျပာရရင္ ေတာင္တန္းေတြေပၚက တိမ္ေတြေပၚကအိုေအစစ္ေလးေပါ့ ” ဟု ေရးသားထားပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *