“မကောင်းမှုကို မျက်ကွယ်မပြုနိုင်တဲ့ သူအဖြစ်နဲ့ ရှေ့ဆက်သွားပါမယ် ” အလင်းရောင်
“၅၀၅(က) ဒိုင်ယာရီ”
ကျွန်တော် လက်ရှိဖြတ်သန်းနေရတဲ့ ဘဝအနေအထားအကြောင်းကို တချို့လဲ သိပြီးကြမှာပါ။ လက်တွေ့အခက်အခဲတွေနဲ့ ပတ်သတ်လို့ ဘယ်တုန်းကမှ ညည်းမပြခဲ့ဖူးပေမယ့် ဒီတခါတော့ ရင်ဖွင့်ချင်တယ်။ (စာလေး နည်းနည်းရှည်မယ်နော်)
၂၀၂၁ ကတော့ ကျွန်တော်အပါအဝင် လူတိုင်းလိုလို အဆင်မပြေမှုပေါင်းစုံ ကြုံတွေ့ရတဲ့ စိတ်ထိခိုက်စရာအပြည့် နဲ့ ကာလ တခုပါပဲ။ ဒီ ၉လတာ အတောအတွင်း အဖြစ်အပျက်၊ အပြောင်းအလဲတွေကြား မှာ ကိုယ့်အပေါ် တကယ့်ကို စိတ်ရင်းနဲ့ ကူညီဖေးမပေးတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်လေး တခုနဲ့ မေတ္တာခြုံလို့ လုံနေရပါတယ်။ အဲ့ဒါကတော့ အဆိုးထဲက အကောင်းလို့ မှတ်ယူရမယ်။
၂၀၂၀ မှာ ကိုဗစ်ကြောင့် အခက်အခဲတွေကြားက မနည်းတောင့်ခံပြီး နေလာရာကနေ အခုလို ၅၀၅ (က)နဲ့ ဝရမ်းပြေးဘဝအပြောင်းအလဲတွေကြားမှာ ချမ်းသာကြွယ်ဝတဲ့ မိသားစုက မဟုတ်တဲ့ ကျွန်တော့်အတွက် အခက်အခဲမျိုးစုံ ကြုံရတော့တာပါပဲ။ ဒီစာက လူတချို့ဖတ်ရင် ဒရာမာချိုးတာလား လို့ ထင်ကောင်းထင်နိုင်ပေမယ့် ကိုယ်ကြုံရ၊ ခံစားရတာတွေကို အမှတ်တရတစ်ခုအနေနဲ့ ထင်ကျန်နေအောင် diary သဘောမျိုး ရေးထားခြင်းဖြစ်ပါတယ်။ နောက်တချိန်နှစ်တွေ ကြာလာရင် အော် … ၂၀၂၁ မှာ ဒီလိုတွေ ကြုံခဲ့တာပဲ ဆိုတာရယ်၊ အခုထိ လိပ်ပြာလုံစွာ ရှိခဲ့နိုင်သေးတယ် ဆိုတာမျိုး ပေါ့။
၉လကျော်အတောအတွင်း အိမ်ကိုပစ်ပြီး ဟိုပြေးလိုက်ရ၊ ဒီပြေးလိုက်ရ၊ ရုတ်တရက် လူမြင်ရင်ကို ငါ့ကိုများ မှတ်မိသွားလား၊ သတင်းပေးခံရတော့မှာလား ဆိုတဲ့ သံသယတွေ၊ public နဲ့ အလုပ်လုပ်ရတဲ့ လူအများကြား သွားလာလှုပ်ရှားခဲ့တဲ့ ကျွန်တော်က အခု လူအများကြားသွားဖို့ဆိုတာ တော်တော်လေးအဆင်မပြေတဲ့ ကိစ္စတခု ဖြစ်လာတယ်။ စိတ်မလုံခြုံသလို လူကြောက်သလို ဖြစ်လာခဲ့တယ်။ အိမ်ထဲပဲပုန်းနေရတဲ့ ကျွန်တော်တောင် အဲ့လိုခံစားရရင် တခြားကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေရောလှုပ်ရှားနေရတဲ့သူတွေရော ဘယ်လိုနေမလဲဆိုတာ ဆက်မတွေးရဲလောက်အောင် စိတ်ထဲမကောင်းဖြစ်ရတယ်။
နောက်ပြီး ကိုယ်စိတ်ကြိုက် ဝယ်ထည့်ထားခဲ့တဲ့ အိမ်လေးထဲက ပစ္စည်းတွေ အကုန် ရောင်းထုတ်လိုက်ရတယ်။ ကျန်တဲ့ပစ္စည်းအကျီ ဘာညာလောက်ကို နယ်ပြန်သယ်တဲ့နေ့မှာ အမေက ဓာတ်ပုံလှမ်းပို့တော့ မျက်ရည်ကျမိတယ်။ ကိုယ် အနှစ်နှစ် အလလ စုဆောင်းခဲ့တာတွေဆိုတော့ နှမြောမိပါတယ်။ ဒါပေမယ့်လဲ ဘယ်တတ်နိုင်မလဲ။ ဒီလို ရောင်းထုတ်မှ ဖြစ်မယ့်အခြေအနေဆိုတာမျိုး လို့တွေးလိုက်ရတာပါပဲ။
ပတ်ဝန်းကျင်က နေ့မြင်ညပျောက် သတင်းတွေ ကြား ဘယ်အချိန် ကိုယ့်အလှည့်လဲ စိုးရွံ့နေရတဲ့ အခြေအနေကို တွေးမိတော့ မိသားစုအပေါ် လစဉ် ကန်တော့တာကလွဲလို့ ကြီးကြီးမားမား မလုပ်ပေးခဲ့ရသေးတာကြောင့် အကြိမ်ကြိမ်စဉ်းစားပြီး ကျွန်တော် ၃ နှစ်လောက် အရစ်ကျဝယ်ထားတဲ့ ကျွန်တော့ ကားလေး ရောင်းလိုက်ပါတယ်။ ကားရောင်းလို့ရတဲ့ထဲက ငွေကို အဘိုးအတွက် အိမ်ဆောက်ပေးမယ်ဆိုပြီး ပြင်ဆင်ဆောက်နေတုန်း အဘိုးက ဆုံးတယ်။
အဲ့အချိန်မှာပဲ အမေရောအဖေရော ကိုဗစ်ဖြစ်၊ ကိုယ်ကလဲ ပြေးသွားပြီး ဂရုစိုက်ပြုစုပေးလို့မရ သက်သာသွားမှသာ ဟင်းချ နိုင်တဲ့ နေ့တွေ …အဖေ နဲ့ ဆက်ဆံရေးအဆင်မပြေတဲ့အချိန်ကာလတွေရှိခဲ့ပေမယ့် အဖေက ဖုန်းဆက်ပြီး ဒီလို အခြေအနေတွေကြား အားတင်းထားဖို့ ဆက်တဲ့နေ့က လည်း ငိုမိပြန်ရော …
ငိုရတဲ့နေ့ရက်တွေ များလာလေ ဆုံးဖြတ်ချက်တွေ လဲ ပိုခိုင်မာလာတယ်။ ကိုယ်ထက် စွန့်လွှတ်နစ်နာတဲ့ သူတွေများတယ်ဆိုတဲ့ စိတ်နဲ့ မာန်တင်းပြီး နေလာခဲ့တာအဲ့ဒါကြောင့်လဲ ကျွန်တော့်ခံစားချက်တွေတော်ရုံတွေမပြောဖြစ်ခဲ့ပါဘူး။ ဒီနေ့တော့ လူသားဆန်စွာပဲ အသက် ၁၈/၁၉ ထဲက ကျားကုတ်ကျားခဲ စုဆောင်းခဲ့တာတွေ ကြိုးစားခဲ့တာတွေ ဆုံရှုံးသွားတာတွေကို ဝမ်းနည်းမိလို့ ခံစားချက်တွေ ပြောပြမိတဲ့နေ့ ဖြစ်သွားတယ်။
အဆုံးသတ်ပြောချင်တာကတော့ ဒီလိုတွေ ပြောနေပေမယ့်
ကိုယ်ရွေးချယ်တဲ့ လမ်း ကိုယ်လျှောက်တာဖြစ်ပါတယ်။ နောက်မလှည့်ကြည့်ကြေးပေါ့..မကောင်းမှုကို မျက်ကွယ်မပြုနိုင်တဲ့ သူအဖြစ်နဲ့ ရှေ့ဆက်သွားပါမယ်။ တနေ့နေ့မှာ အဆင်ပြေမယ်ဆိုတဲ့ စိတ်ကူးအိမ်မက်နဲ့ အတူ ပေါ့ ❣️♉️
Zawgyi
“မေကာင္းမႈကို မ်က္ကြယ္မျပဳႏိုင္တဲ့ သူအျဖစ္နဲ႔ ေရွ႕ဆက္သြားပါမယ္ ” အလင္းေရာင္
“၅၀၅(က) ဒိုင္ယာရီ”
ကြၽန္ေတာ္ လက္ရွိျဖတ္သန္းေနရတဲ့ ဘဝအေနအထားအေၾကာင္းကို တခ်ိဳ႕လဲ သိၿပီးၾကမွာပါ။ လက္ေတြ႕အခက္အခဲေတြနဲ႔ ပတ္သတ္လို႔ ဘယ္တုန္းကမွ ညည္းမျပခဲ့ဖူးေပမယ့္ ဒီတခါေတာ့ ရင္ဖြင့္ခ်င္တယ္။ (စာေလး နည္းနည္းရွည္မယ္ေနာ္)
၂၀၂၁ ကေတာ့ ကြၽန္ေတာ္အပါအဝင္ လူတိုင္းလိုလို အဆင္မေျပမႈေပါင္းစုံ ႀကဳံေတြ႕ရတဲ့ စိတ္ထိခိုက္စရာအျပည့္ နဲ႔ ကာလ တခုပါပဲ။ ဒီ ၉လတာ အေတာအတြင္း အျဖစ္အပ်က္၊ အေျပာင္းအလဲေတြၾကား မွာ ကိုယ့္အေပၚ တကယ့္ကို စိတ္ရင္းနဲ႔ ကူညီေဖးမေပးတဲ့ အသိုင္းအဝိုင္း ပတ္ဝန္းက်င္ေလး တခုနဲ႔ ေမတၱာၿခဳံလို႔ လုံေနရပါတယ္။ အဲ့ဒါကေတာ့ အဆိုးထဲက အေကာင္းလို႔ မွတ္ယူရမယ္။
၂၀၂၀ မွာ ကိုဗစ္ေၾကာင့္ အခက္အခဲေတြၾကားက မနည္းေတာင့္ခံၿပီး ေနလာရာကေန အခုလို ၅၀၅ (က)နဲ႔ ဝရမ္းေျပးဘဝအေျပာင္းအလဲေတြၾကားမွာ ခ်မ္းသာႂကြယ္ဝတဲ့ မိသားစုက မဟုတ္တဲ့ ကြၽန္ေတာ့္အတြက္ အခက္အခဲမ်ိဳးစုံ ႀကဳံရေတာ့တာပါပဲ။ ဒီစာက လူတခ်ိဳ႕ဖတ္ရင္ ဒရာမာခ်ိဳးတာလား လို႔ ထင္ေကာင္းထင္ႏိုင္ေပမယ့္ ကိုယ္ႀကဳံရ၊ ခံစားရတာေတြကို အမွတ္တရတစ္ခုအေနနဲ႔ ထင္က်န္ေနေအာင္ diary သေဘာမ်ိဳး ေရးထားျခင္းျဖစ္ပါတယ္။ ေနာက္တခ်ိန္ႏွစ္ေတြ ၾကာလာရင္ ေအာ္ … ၂၀၂၁ မွာ ဒီလိုေတြ ႀကဳံခဲ့တာပဲ ဆိုတာရယ္၊ အခုထိ လိပ္ျပာလုံစြာ ရွိခဲ့ႏိုင္ေသးတယ္ ဆိုတာမ်ိဳး ေပါ့။
၉လေက်ာ္အေတာအတြင္း အိမ္ကိုပစ္ၿပီး ဟိုေျပးလိုက္ရ၊ ဒီေျပးလိုက္ရ၊ ႐ုတ္တရက္ လူျမင္ရင္ကို ငါ့ကိုမ်ား မွတ္မိသြားလား၊ သတင္းေပးခံရေတာ့မွာလား ဆိုတဲ့ သံသယေတြ၊ public နဲ႔ အလုပ္လုပ္ရတဲ့ လူအမ်ားၾကား သြားလာလႈပ္ရွားခဲ့တဲ့ ကြၽန္ေတာ္က အခု လူအမ်ားၾကားသြားဖို႔ဆိုတာ ေတာ္ေတာ္ေလးအဆင္မေျပတဲ့ ကိစၥတခု ျဖစ္လာတယ္။ စိတ္မလုံၿခဳံသလို လူေၾကာက္သလို ျဖစ္လာခဲ့တယ္။ အိမ္ထဲပဲပုန္းေနရတဲ့ ကြၽန္ေတာ္ေတာင္ အဲ့လိုခံစားရရင္ တျခားကိုယ့္ထက္ အေျခအေနဆိုးတဲ့သူေတြေရာလႈပ္ရွားေနရတဲ့သူေတြေရာ ဘယ္လိုေနမလဲဆိုတာ ဆက္မေတြးရဲေလာက္ေအာင္ စိတ္ထဲမေကာင္းျဖစ္ရတယ္။
ေနာက္ၿပီး ကိုယ္စိတ္ႀကိဳက္ ဝယ္ထည့္ထားခဲ့တဲ့ အိမ္ေလးထဲက ပစၥည္းေတြ အကုန္ ေရာင္းထုတ္လိုက္ရတယ္။ က်န္တဲ့ပစၥည္းအက်ီ ဘာညာေလာက္ကို နယ္ျပန္သယ္တဲ့ေန႔မွာ အေမက ဓာတ္ပုံလွမ္းပို႔ေတာ့ မ်က္ရည္က်မိတယ္။ ကိုယ္ အႏွစ္ႏွစ္ အလလ စုေဆာင္းခဲ့တာေတြဆိုေတာ့ ႏွေျမာမိပါတယ္။ ဒါေပမယ့္လဲ ဘယ္တတ္ႏိုင္မလဲ။ ဒီလို ေရာင္းထုတ္မွ ျဖစ္မယ့္အေျခအေနဆိုတာမ်ိဳး လို႔ေတြးလ္ိုက္ရတာပါပဲ။
ပတ္ဝန္းက်င္က ေန႔ျမင္ညေပ်ာက္ သတင္းေတြ ၾကား ဘယ္အခ်ိန္ ကိုယ့္အလွည့္လဲ စိုး႐ြံ႕ေနရတဲ့ အေျခအေနကို ေတြးမိေတာ့ မိသားစုအေပၚ လစဥ္ ကန္ေတာ့တာကလြဲလို႔ ႀကီးႀကီးမားမား မလုပ္ေပးခဲ့ရေသးတာေၾကာင့္ အႀကိမ္ႀကိမ္စဥ္းစားၿပီး ကြၽန္ေတာ္ ၃ ႏွစ္ေလာက္ အရစ္က်ဝယ္ထားတဲ့ ကြၽန္ေတာ့ ကားေလး ေရာင္းလိုက္ပါတယ္။ ကားေရာင္းလို႔ရတဲ့ထဲက ေငြကို အဘိုးအတြက္ အိမ္ေဆာက္ေပးမယ္ဆိုၿပီး ျပင္ဆင္ေဆာက္ေနတုန္း အဘိုးက ဆုံးတယ္။
အဲ့အခ်ိန္မွာပဲ အေမေရာအေဖေရာ ကိုဗစ္ျဖစ္၊ ကိုယ္ကလဲ ေျပးသြားၿပီး ဂ႐ုစိုက္ျပဳစုေပးလို႔မရ သက္သာသြားမွသာ ဟင္းခ် ႏိုင္တဲ့ ေန႔ေတြ …အေဖ နဲ႔ ဆက္ဆံေရးအဆင္မေျပတဲ့အခ်ိန္ကာလေတြရွိခဲ့ေပမယ့္ အေဖက ဖုန္းဆက္ၿပီး ဒီလို အေျခအေနေတြၾကား အားတင္းထားဖို႔ ဆက္တဲ့ေန႔က လည္း ငိုမိျပန္ေရာ …
ငိုရတဲ့ေန႔ရက္ေတြ မ်ားလာေလ ဆုံးျဖတ္ခ်က္ေတြ လဲ ပိုခိုင္မာလာတယ္။ ကိုယ္ထက္ စြန္႔လႊတ္နစ္နာတဲ့ သူေတြမ်ားတယ္ဆိုတဲ့ စိတ္နဲ႔ မာန္တင္းၿပီး ေနလာခဲ့တာအဲ့ဒါေၾကာင့္လဲ ကြၽန္ေတာ့္ခံစားခ်က္ေတြေတာ္႐ုံေတြမေျပာျဖစ္ခဲ့ပါဘူး။ ဒီေန႔ေတာ့ လူသားဆန္စြာပဲ အသက္ ၁၈/၁၉ ထဲက က်ားကုတ္က်ားခဲ စုေဆာင္းခဲ့တာေတြ ႀကိဳးစားခဲ့တာေတြ ဆုံရႈံးသြားတာေတြကို ဝမ္းနည္းမိလို႔ ခံစားခ်က္ေတြ ေျပာျပမိတဲ့ေန႔ ျဖစ္သြားတယ္။
အဆုံးသတ္ေျပာခ်င္တာကေတာ့ ဒီလိုေတြ ေျပာေနေပမယ့္
ကိုယ္ေ႐ြးခ်ယ္တဲ့ လမ္း ကိုယ္ေလွ်ာက္တာျဖစ္ပါတယ္။ ေနာက္မလွည့္ၾကည့္ေၾကးေပါ့..မေကာင္းမႈကို မ်က္ကြယ္မျပဳႏိုင္တဲ့ သူအျဖစ္နဲ႔ ေရွ႕ဆက္သြားပါမယ္။ တေန႔ေန႔မွာ အဆင္ေျပမယ္ဆိုတဲ့ စိတ္ကူးအိမ္မက္နဲ႔ အတူ ေပါ့ ❣️♉️