သူမ လေးစားချစ်ခင်ရတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မွေး နေ့ လေးကို ဖွဲ့နွဲ့စာဆိုပြီး ဆုတောင်းစကားဆိုလာ ခဲ့တဲ့ မိုင်းမိုင်ဆိုင်း

သူမ လေးစားချစ်ခင်ရတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မွေး နေ့ လေးကို ဖွဲ့နွဲ့စာဆိုပြီး ဆုတောင်းစကားဆိုလာ ခဲ့တဲ့ မိုင်းမိုင်ဆိုင်း

Myanmar idol ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့တဲ့ အဆိုတော် မိုင်းမိုင်ဆိုင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးမှာ အမှန်တရားဘက် က နေ ရပ်တည်ပြီး ယုံကြည်ရာလမ်းကို အကောင်းဆုံး လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၁)ရက်နေ့ နောက်ပိုင်းကတည်းက သူမဟာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပူးပေါင်းပါဝင်ပေးခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။

လက်ရှိမှာတော့ မိုင်းမိုင်ဆိုင်းဟာ သူ့ရဲ့ တန်ဖိုးရှိတဲ့အရာအားလုံးကို စွန့်လွှတ်ထားခဲ့ပြီး ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေ တစ်နေရာ မှာ ပြည်သူ့ရဲဘော်တစ်ဦးအနေနဲ့ ခံယူထားခဲ့ပြီဖြစ်ပါတယ်။ ကိုယ်ကျိုးကိုစွန့်လွှတ်ပြီး တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင် ခဲ့တာကြောင့် ပရိသတ်တွေကလည်း လေးစားချစ်ခင်ခဲ့ရပါတယ်။ ယနေ့မှာတော့ မိုင်းမိုင်ဆိုင်းဟာ သူမ လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တစ်ဦး အတွက် မွေးနေ့ဆုတောင်းစကားဆိုလာခဲ့တာ တွေ့ရပါတယ်။

မိုင်းမိုင်ဆိုင်း မွေးနေ့ဆုတောင်းပေးခဲ့သူဟာ ရခိုင်တစ်မျိုးသားလုံး လေးစားအားထားရတဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပဲ ဖြစ်ပါ တယ်။ ဒီကနေ့ နိုဝင်ဘာ(၇)ရက်ဟာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ပျော်ရွှင်စရာ မွေးနေ့လေးကို ကျရောက်ခဲ့တာပါ။ ဗိုလ်ချုပ်အတွက် မွေးနေ့ ဆုတောင်းစကားဆိုထားတဲ့ မိုင်းမိုင်ဆိုင်းရဲ့ စာလေးကိုလည်း ပရိသတ်တွေပြန်ဖတ်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Zawgyi





Leave a Reply

Your email address will not be published.