NUG အစိုးရနဲ့ မပတ်သက်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ထပ်မံ ခေါ်ယူ သတိပေး

NUG အစိုးရနဲ့ မပတ်သက်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ထပ်မံ ခေါ်ယူ သတိပေး

သံလွင်တိုင်းမ်

မွန်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဆက်စပ်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဖို့ စစ်ကောင်စီက အောက်တိုဘာ နောက်ဆုံးအပတ်မှာ ထပ်မံခေါ်ယူ သတိပေးခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံဌာနတွေဖြစ်ကြတဲ့ အခွန်၊ စည်ပင်၊ ထွေအုပ်နဲ့ ရဲစတဲ့ဌာနတွေက စီပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ NUG အစိုးရကို ငွေကြေးထောက်ပံ့တာတွေ မလုပ်ကြဖို့ ခေါ်ယူသတိပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့လို ခေါ်ယူသတိပေးရာမှာ စစ်အုပ်စုကို မထောက်ခံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သီးသန့်ခေါ်ယူသတိပေးခဲ့တာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ NUG အစိုးရနဲ့ ဆက်စပ်အဖွဲ့အစည်းတွေကို နောက်ကွယ်ကနေ ငွေကြေး ထောက်ပံနေကြောင်း စုံစမ်းသိရှိရရင် လုပ်ငန်းလိုင်စင်သိမ်းဆည်းသွားတာအပြင် တည်ဆဲ ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ မကြာခဏ ငွေကြေးတောင်းခံနေပြီး တောင်းခံတဲ့ ငွေကြေး မပေးဆောင်ရင် ခြိမ်းခြောက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Zawgyi

NUG အစိုးရနဲ႔ မပတ္သက္ဖို႔ စီးပြားေရးလုပ္ငန္းရွင္ေတြကို စစ္ေကာင္စီ ထပ္မံ ေခၚယူ သတိေပး

သံလြင္တိုင္းမ္

မြန္ျပည္နယ္က စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG အပါအဝင္ ဆက္စပ္အဖြဲ႕အစည္းေတြနဲ႔ မပတ္သက္ဖို႔ စစ္ေကာင္စီက ေအာက္တိုဘာ ေနာက္ဆုံးအပတ္မွာ ထပ္မံေခၚယူ သတိေပးခဲ့တယ္လို႔ စီးပြားေရးလုပ္ငန္းရွင္ေတြက ေျပာပါတယ္။

စစ္ေကာင္စီ လက္ေအာက္ခံဌာနေတြျဖစ္ၾကတဲ့ အခြန္၊ စည္ပင္၊ ေထြအုပ္နဲ႔ ရဲစတဲ့ဌာနေတြက စီပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔ NUG အစိုးရကို ေငြေၾကးေထာက္ပံ့တာေတြ မလုပ္ၾကဖို႔ ေခၚယူသတိေပးခဲ့တာ ျဖစ္ပါတယ္။

အဲ့လို ေခၚယူသတိေပးရာမွာ စစ္အုပ္စုကို မေထာက္ခံတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြကို သီးသန႔္ေခၚယူသတိေပးခဲ့တာ ျဖစ္တယ္လို႔ စီးပြားေရးလုပ္ငန္းရွင္ တစ္ဦးက ေျပာပါတယ္။

စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔ NUG အစိုးရနဲ႔ ဆက္စပ္အဖြဲ႕အစည္းေတြကို ေနာက္ကြယ္ကေန ေငြေၾကး ေထာက္ပံေနေၾကာင္း စုံစမ္းသိရွိရရင္ လုပ္ငန္းလိုင္စင္သိမ္းဆည္းသြားတာအျပင္ တည္ဆဲ ဥပေဒအရ အေရးယူသြားမယ္လို႔ စစ္ေကာင္စီက ၿခိမ္းေျခာက္လာတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ စစ္ေကာင္စီလက္ေအာက္ခံအဖြဲ႕ေတြဟာ စီးပြားေရးလုပ္ငန္းရွင္ေတြဆီကေန မၾကာခဏ ေငြေၾကးေတာင္းခံေနၿပီး ေတာင္းခံတဲ့ ေငြေၾကး မေပးေဆာင္ရင္ ၿခိမ္းေျခာက္တာေတြ ဆက္တိုက္လုပ္ေဆာင္ေနပါတယ္။

Leave a Reply

Your email address will not be published.