ပြည်သူ့အခွင့်အာဏာကိုပြည်သူတွေဆီပြန်အပ်နိုင်ဖို့ဆက်လုပ်သွားမယ်လို့ NLD ထုတ်ပြန်

ပြည်သူ့အခွင့်အာဏာကိုပြည်သူတွေဆီပြန်အပ်နိုင်ဖို့ဆက်လုပ်သွားမယ်လို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့၈၂ ရာခိုင်နှုန်းကျော်မှာ အနိုင်ရခဲ့ပေမယ့် စစ်ကောင်စီဘက်က မဲစာရင်းမှားယွင်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အာဏာသိမ်းခဲ့ပြီး

တိုင်းပြည်အာဏာကိုဥပဒေမဲ့လုယူခဲ့တယ်လို့ ဒီကနေ့ရွေးကောက်ပွဲ တနှစ်ပြည့်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကထုတ်ပြန်ပြောဆိုလာပါတယ်။

ဒါ့အပြင် မဲစာရင်းမှားယွင်းတယ်လို့ယူဆပါက ရွေး ကောက်ပွဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီကန့်ကွက် လွှာတင်သွင်းပြီး ဥပဒေနဲ့အညီလုပ်ဆောင်နိုင်တာတွေရှိပေမယ့် စစ်ကောင်စီဘက်ကဥပဒေကိုချိုးဖောက်ပြီး အာဏာသိမ်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့

ထောက်ခံသူတွေနဲ့ပြည်သူတွေကိုဖမ်းဆီးထိန်းသိမ်းထားတဲ့အခြေအနေကိုလည်းထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။

ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေရဲ့အခွင့်အာဏာကိုပြည်သူတွေဆီပြန်လည်အပ် နှံနိုင်ဖို့နဲ့စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ပြီး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာဖို့အတွက်ပြည်သူလူထုနဲ့အတူဆက်လက်လုပ်ဆောင်သွားမယ်လို့ရွေးကောက်ပွဲတနှစ်ပြည့်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

Zawgyi

ျပည္သူ႔အခြင့္အာဏာကိုျပည္သူေတြဆီျပန္အပ္ႏိုင္ဖို႔ဆက္လုပ္သြားမယ္လို႔ NLD ထုတ္ျပန္

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ၿပီးခဲ့တဲ့ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ မဲဆႏၵနယ္အားလုံးရဲ႕၈၂ ရာခိုင္ႏႈန္းေက်ာ္မွာ အႏိုင္ရခဲ့ေပမယ့္ စစ္ေကာင္စီဘက္က မဲစာရင္းမွားယြင္းတယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔အာဏာသိမ္းခဲ့ၿပီး

တိုင္းျပည္အာဏာကိုဥပေဒမဲ့လုယူခဲ့တယ္လို႔ ဒီကေန႔ေ႐ြးေကာက္ပြဲ တႏွစ္ျပည့္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကထုတ္ျပန္ေျပာဆိုလာပါတယ္။

ဒါ့အျပင္ မဲစာရင္းမွားယြင္းတယ္လို႔ယူဆပါက ေ႐ြး ေကာက္ပြဲလုပ္ထုံးလုပ္နည္းေတြနဲ႔အညီကန႔္ကြက္ လႊာတင္သြင္းၿပီး ဥပေဒနဲ႔အညီလုပ္ေဆာင္ႏိုင္တာေတြရွိေပမယ့္ စစ္ေကာင္စီဘက္ကဥပေဒကိုခ်ိဳးေဖာက္ၿပီး အာဏာသိမ္းခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။

ျပည္တြင္းမွာအာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အဖြဲ႕ခ်ဳပ္ေခါင္းေဆာင္ေတြနဲ႔ေ႐ြးေကာက္ပြဲ အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔

ေထာက္ခံသူေတြနဲ႔ျပည္သူေတြကိုဖမ္းဆီးထိန္းသိမ္းထားတဲ့အေျခအေနကိုလည္းထုတ္ျပန္ခ်က္မွာထည့္သြင္းေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ျပည္သူေတြရဲ႕အခြင့္အာဏာကိုျပည္သူေတြဆီျပန္လည္အပ္ ႏွံႏိုင္ဖို႔နဲ႔စစ္အာဏာရွင္စနစ္ေအာက္ကလြတ္ေျမာက္ၿပီး

ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုေပၚထြန္းလာဖို႔အတြက္ျပည္သူလူထုနဲ႔အတူဆက္လက္လုပ္ေဆာင္သြားမယ္လို႔ေ႐ြးေကာက္ပြဲတႏွစ္ျပည့္မွာ ထုတ္ျပန္ေျပာဆိုထားပါတယ္။

Leave a Reply

Your email address will not be published.