ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်ဟု စစ်ကောင်စီဆိုပြန်

ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်ဟု စစ်ကောင်စီဆိုပြန်

November 7, 2021LIbrary NewsLeave A CommentOn ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်ဟု စစ်ကောင်စီဆိုပြန်
မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းစစ်မီး ပျံ့နှံ့လာနေပြီဖြစ်သလို မြန်မာနိုင်ငံရဲ့ လူဦးရေအများဆုံးနေထိုင်ကြတဲ့ ရန်ကုန်မြို့ဟာ စ စ် တလင်းလို ဖြစ်လာနေပါတယ်၊

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်

အခုရက်ပိုင်း ရန်ကုန်မြို့လယ်ခေါင်မှာ ကတုတ်ကျင်းတွေထဲ လုံခြုံရေးယူနေတဲ့ စစ်သားတွေ၊ စစ်ကားတွေ လှည့်ကင်းပတ်နေကြတာတွေကို တွေ့နေရသလို ရွေတိဂုံဘုရား အနောက်ဘက်ခပ်လှမ်းလှမ်းက ရန်ကုန်တိုင်းအစိုးရရုံးမှာတော့ ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြု ကိုယ်စားလှယ်စနစ် ကျင့်သုံးဖို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီအချို့ တွေ့ဆုံနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနိုင်ငံရေးက လမ်းဆုံးသလိုဖြစ်သွားပြီလား၊ လ က် န က်နိုင်ငံရေး ရှေ့ရောက်လာပြီလားဆိုတဲ့ မေးခွန်းက ၂၀၂၀ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ တစ်နှစ်ပြည့်တဲ့ အချိန်အခါမှာ လူတွေအကြားမေးစရာတစ်ခု ဖြစ်လာနေပါတယ်။

ရွေးကောက်ပွဲနိုင်ငံရေး အဆုံးသတ်ပြီလား

နိုင်ငံအနှံ့ပေါက်ကွဲမှုတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတဲ့သတင်းတွေဟာလည်း သတင်းထူးမဟုတ်တော့ဘဲ နေ့စဉ် သ တင်း လိုဖြစ်လာနေပါတယ်။တိုက်ပွဲတွေမရှိခဲ့တဲ့ စစ်ကိုင်းတိုင်းဟာ အကြီးဆုံးစစ်မျက်နှာဖြစ်လာပြီး ချင်းနဲ့ကယားလို အေးချမ်းတဲ့ ပြည်နယ်တွေဟာလည်း စစ်မီးတောက်နေပါပြီ။

ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်တိုက်အတွင်းရှိ အနော်ရထာရပ်ကွက် မဲရုံ ၁

ဒါတွေအားလုံးဟာ ၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က ငြင်းပယ်ရာက နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲ လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

‘”မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနိုင်ငံရေးက လမ်းဆုံး သလိုဖြစ်သွားပြီ။ ရွေးကောက်ပွဲနိုင်ငံ ရေးအလုပ်မဖြစ်တော့လို့ လက်နက်နိုင်ငံရေး ရှေ့ရောက်လာပြီ” လို့ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး လေ့လာသုံးသပ်သူ ကိုရဲမျိုးဟိန်းက ပြောပါတယ်။

အဟောသိကံ ၁၉၉၀ နဲ့ ၂၀၂၀

မဲဆန္ဒရှင်တွေရဲ့ မဲတွေ အဟောသိကံဖြစ်သွားတာ ၂၀၂၀ က ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

၁၉၉၀ ရွေးကောက်ပွဲမှာ တစ်ခါကြုံခဲ့ပြီးပါပြီ။

တောင်ဒဂုံမြို့နယ်အတွင်း နိုဝင်ဘာလ ၇ရက်နေ့ နေ့လယ်ပိုင်းမြင်ကွင်း

၁၉၉၀ ရွေးကောက်ပွဲဟာ ၂၀၂၀ လို ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း မကြေညာခဲ့ပေမယ့်လို့ NLD နိုင်ပြီး အစိုးရဖွဲ့ခွင့်မရတဲ့ဖြစ်စဉ်ကတူညီပါတယ်။ ရွေးကောက်ပွဲအနိုင်ရအမတ်တွေကို စစ်တပ်က ဖမ်းဆီးလို့ အဖမ်းခံရတာ၊ ထွက်ပြေးတိမ်းရှောင်ရတာတွေလည်း တူညီကြပါတယ်။

”မတူတာက အရင်ကမကျေနပ်တာပဲရှိတာဗျ။ အခုလောက်မပြင်းထန်ဘူး။ အခုတော့ လက်နက်ကိုင်ပြီးတော့ကိုပြန်ချတာ” ဝါရင့်နိုင်ငံရေးသမား စိုင်းညွန့်လွင်က ၁၉၉၀ နဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီး လူထုရဲ့ တုံ့ပြန်ပုံကို နှိုင်းယှဉ်ပြပါတယ်။

၈၈ မျိုးဆက်တွေနဲ့ ၁၉၉၀ အနိုင်ရအမတ်တွေဟာ စစ်အစိုးရလက်ထက်မှာ ထောင်ကို ခြင်ထောင်လိုလုပ်ပြီး ဒီမိုကရေစီရေးလှုပ်ရှားခဲ့ကြပါတယ်။၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ စစ်ဗိုလ်ချုပ်တွေထဲ လူသိရှင်ကြား အသိအမှတ်ပြုတာ ရှားရှားပါးပါး နှစ်ဦးပဲရှိခဲ့ပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို NLD ဝင်လာဖို့လမ်းဖွင့်ပေးတဲ့အနေနဲ့ ပထမအကြိမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုတဲ့အကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဒါဟာ ၁၉၉၀ ရွေးကောက်ပွဲ ကို အသိအမှတ်ပြုတဲ့အကြောင်း စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အနှစ် ၂၀ ကျော်အတွင်း ရှားရှားပါးပါး ထုတ်ပြောမှုဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲရေတွက်နေစဉ်

၁၉၉၀ ရွေးကောက်ပွဲပြီးလို့ အနှစ် ၃၀ နီးပါးအကြာ ၂၀၁၉ ခုနှစ်မှာလည်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကိုထောင်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ကလည်း ၁၉၉၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သံဝေဂစကားဆိုပါတယ်။

”ရွေးကောက်ပွဲရလဒ်ကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် မဆောင်ရွက်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီနေ့ဒီအခြေအနေမျိုး ဖြစ်သွားတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။” လို့ သူကပြောခဲ့တာပါ။

လက်ရှိအချိန်ကတော့ သူရဦးရွှေမန်း ပြောခဲ့တဲ့ အခြေအနေထက် အများကြီး ပိုဆိုးတဲ့အခြေအနေကို ရောက်နေတာပါ။

စစ်ကောင်စီဘက်ကတော့ အခုလိုအခြေအနေတွေမဖြစ်လာစေဖို့ ၂၀၂၀ ရွေးကောက်ပွဲက မဲမသမာမှုတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးဖို့ NLD အစိုးရ၊လွှတ်တော်နဲ့ ရွေးကောက်ပွဲကော်မရှင် တို့ကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် မဖြေရှင်းခဲ့ကြတာလို့ မကြာခဏထုတ်ပြန်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ NLD ပါတီက ကိုယ်စားလှယ် ကို ရှုံးနိမ့်ခဲ့

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ ”၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်တာဟာ သမိုင်းမှာဖျက်မရတဲ့အမဲစက်ထင်ကျန်ခဲ့တာ” လို့ ပြောပါတယ်။

ရွေးကောက်ပွဲရလဒ် ဖျက်လို့ ပျက်သလား

ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အကောင်အထည်မဖော်ပေးခဲ့ပေမယ့်လို့ ၁၉၉၀ ရွေးကောက်ခံအမတ်တွေရဲ့ တရားဝင်မှုကို နိုင်ငံရေးအသိုင်းအဝိုင်းက အသိအမှတ်ပြုခဲ့ကြပါတယ်။

အလားတူ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ဖျက်သိမ်းခံရပေမယ့် အနိုင်ရပါတီတွေကတော့ သူတို့ရဲ့ကိုယ်စားပြုမှုကို ပုံစံမျိုးစုံနဲ့ ပုံဖော်နေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၂၀ အနိုင်ရအမတ်တွေကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပါထပ် ဖွဲ့ပါတယ်။

ပြည်သူတို့၏ အခွင့်အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှံနိုင်ရေး ကိုစဉ်ဆက်မပြတ်ကြိုးပမ်းနေတယ်လို့ နိုဝင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲရေတွက်နေစဉ်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ဆိုရင်လည်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ်တွေကို သူတို့ မဲဆန္ဒနယ်တွေမှာ ဒေသလိုအပ်ချက်တွေကို ဆောင်ရွက်ခိုင်းနေပါတယ်။

”သူတို့က အသိအမှတ်မပြုပေမယ့်လို့ ပါတီဘက်က အသိအမှတ်ပြုထားတယ်။ လူထုကိုလုပ်ပေးရမယ့်ကိစ္စတွေ ဆက်လုပ်နေကြတယ်” လို့ ပါတီ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောဆိုကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။။

လွှတ်တော်ကိုယ်စားလှယ်လို့တော့ အမည်တပ်လို့မရပေမဲ့ ကိုယ်စားလှယ်တစ်ယောက်ရဲ့ တာဝန်တွေကိုတော့ ယူခိုင်းထားတယ်လို့ သူကပြောတာပါ။

ရခိုင်ပြည်နယ်မှာ အများဆုံးနိုင်တဲ့ ရခိုင်အမျိုးသားပါတီကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို သမိုင်းမှာ ကျန်ခဲ့တဲ့အောင်မြင်မှုတစ်ခုလို့ မှတ်ယူထားတယ်လို့ ဆိုပါတယ်။

ပြည်နယ်နဲ့ လူမျိုးအတွက် ရွေးကောက်ပွဲပြင်ပကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဘယ်လို တည်ဆောက်ယူမလဲဆိုတာ စဉ်းစားနေတယ်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကပြောပါတယ်။

”လက်ရှိ ရခိုင်ပြည်နယ်အခြေအနေက ရွေးကောက်ပွဲရလဒ်နဲ့မဆိုင်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်နေတယ်” လို့ သူကပြောပါတယ်။

ANP ပါတီ ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အများစု အနိုင်ရခဲ့

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကလည်း ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်တာကို သဘောမတွေ့ကြပါဘူး။

ပြီးပြည့်စုံပြီး ချို့ယွင်းချက်မရှိတဲ့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီဘိုးအေ နိုင်ငံတွေမှာတောင် မရှိဘူးလို့ သူတို့ကထောက်ပြပါတယ်။

ရွေးကောက်ပွဲဟာ ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး ကျင်းပပြီးခဲ့တဲ့ရွေးကောက်ပွဲတွေရဲ့ အားနည်းချက်တွေကိုပြုပြင်ပြီး နောင်ကျင်းပမယ့်ရွေးကောက်ပွဲတွေမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ အမတ်လောင်းတွေရဲ့ ယုံကြည်မှု ပိုရလာအောင် ဆောင်ရွက်ရတာလို့ ပြောကြပါတယ်။

ရွေးကောက်ပွဲရလဒ်ကို ဖျက်လိုက်ခြင်းက နိုင်ငံရေးဖြစ်စဉ်ပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှု ကို ပျက်စေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ က စိုင်းရဲကျော်စွာမြင့်ကပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီကကျင်းပပေးမယ်ဆိုတဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ယုံကြည်မှုကိုရပါ့မလားဆိုတာက အကြီးမားဆုံး စိန်ခေါ်မှုပဲလို့ သူကပြောပါတယ်။

အမေရိကန်နိုင်ငံ Wilson Center’s Asia Program က သုတေသီ ကိုရဲမျိုးဟိန်းကတော့

‘လူထုဆန္ဒကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်လိုက်တာဟာ လူထုဆန္ဒကို မထီမဲ့မြင်လုပ်တဲ့ သဘောဖြစ်တယ်။” လို့ ပြောပါတယ်။

ရန်ကုန်က အင်ဒိုနီးရှား သံရုံးရှေ့ဆန္ဒပြပွဲ

စစ်တပ်အရိပ်အောက်က ရွေးကောက်ပွဲတွေ

ပါလီမန်ဒီမိုကရေစီခေတ်တုန်းက နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက စစ်တပ်က အာဏာသိမ်းဖို့အစီအစဉ်ရှိတာကိုသိတဲ့အခါပြောခဲ့တဲ့ သမိုင်းဝင်စကားတစ်ခွန်းရှိပါတယ်။

”အာဏာမသိမ်းကြနဲ့။ အာဏာသိမ်းတာဟာ စစ်တပ်လည်းနာမည်ပျက်တယ်။ တိုင်းပြည်လည်းနာမည်ပျက်တယ်။ နောက်ခြောက်လကြာရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးပါ့မယ်လို့ စစ်တပ်က ကတိပြုရင် စစ်တပ်ကို သူအာဏာလွှဲပေးမယ်” လို့ ပြောခဲ့တဲ့အကြောင်း တာတေစနေသားစာအုပ်မှာ ထည့်ရေးခဲ့ပါတယ်။

ဒါဟာ မြန်မာပြည်မှာ လူသိနည်းခဲ့တဲ့ ၁၉၅၈ ခုနှစ် ပထမဆုံးအကြိမ်အာဏာသိမ်းမှုဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းက အိမ်စောင့်အစိုးရဖွဲ့ပြီး ၁၉၆၀ မှာရွေးကောက်ပွဲလုပ်ပေးပါတယ်။

ဒီရွေးကောက်ပွဲဟာ ဖဆပလခေတ် ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ နောက်ဆုံးသော ပါတီစုံရွေးကောက်ပွဲဖြစ်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့လို ဖြစ်ပါတယ်။

PYITHU HLUTTAW

ဗိုလ်ချုပ်ကြီးနေဝင်း ဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုထောင်ပြီး ပါတီစုံစနစ်ကနေ တစ်ပါတီစနစ်ကိုပြောင်းပါတယ်။

၁၉၈၈ ခုနှစ်မှာ ရှစ်လေးလုံးအရေးတော်ပုံပေါ်ပေါက်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြုတ်ကျကာ စစ်တပ်ကအာဏာသိမ်းမှု ထပ်ဖြစ်ပါတယ်။

ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်လို့ ဗိုလ်ချုပ်ကြီးစောမောင်က ကတိပေးခဲ့ပေမယ့် စစ်အုပ်ချုပ်ရေးအောက်မှာ ကျင်းပပြီး NLD နိုင်တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ အကောင်အထည်မပေါ်ခဲ့ပါဘူး။

ဗိုလ်ချုပ်ကြီးစောမောင် ရာထူးက ပြုတ်သွားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အနှစ် ၂ဝ နီးပါး ဆက်အုပ်ချုပ်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရကပဲ ကျင်းပပေးပြီး လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ် ဦးသိန်းစိုးကပဲ ကော်မရှင်ဥက္ကဋ္ဌ အဖြစ်ကျင်းပပေးခဲ့တာပါ။

တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ အစိုးရဖွဲ့နိုင်ခဲ့ပြီး တိုက်ပုံပြောင်းဝတ်တဲ့ စစ်ဗိုလ်ချုပ်တွေ အစိုးရနဲ့လွှတ်တော်တွေမှာ လွှမ်းမိုးခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD မပါတဲ့ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအခင်းအကျင်းဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင်တွေ့ဆုံမှုအပြီး NLD ပါတီ လွှတ်တော်နိုင်ငံရေးထဲ ပါဖို့ဖြစ်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကို နိုင်ငံရေးထဲ ခေါ်သွင်းလာတာကို ”ကျားသေကို အသက်သွင်းတာ” လို့ ပြည်ခိုင်ဖြိုးမှာ သြဇာရှိတဲ့ခေါင်းဆောင်ပိုင်းက ထုတ်ပြောခဲ့တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သူ့စာအုပ်မှာ ပြန်‌ရေးခဲ့ပါတယ်။

NLD ပဲ သောင်ပြိုကမ်းပြိုနိုင်တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကိုတော့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးဖြစ်တဲ့ ဦးတင်အေးက ကျင်းပပေးခဲ့တာပါ။

စစ်တပ်က ပထမဆုံးအကြိမ် အာဏာသိမ်းတဲ့ ၁၉၅၈ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲတွေဟာ စစ်တပ်ရဲ့အရိပ်အောက်မှာ ကျင်းပခဲ့တာကိုမြင်ရမှာ ဖြစ်ပါတယ်။

နှစ်ပေါင်း၆၀အတွင်း NLD အရပ်သားအစိုးရလက်ထက်မှာ ပထမဆုံးပြန်ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲကို မဲမသမာမှုရှိတယ်ဆိုပြီး စစ်တပ်ကအာဏာသိမ်းပြီး ပယ်ဖျက်လိုက်ပါတယ်။

”တပ်က ကမကထလုပ်စီစဉ်ပေးတဲ့ ရွေးကောက်ပွဲတွေကို ပြန်ကြည့်လိုက်ရင် တပ်မတော်ရဲ့ အနာဂတ်ကို ခြိမ်းခြောက်လာတယ်လို့ယူဆတိုင်း ကတိဖောက်ပြီး အာဏာသိမ်းတာပါပဲ။” လို့ လီကွမ်းယု Public Policy School မှာ မာစတာတက်နေတဲ့ ကိုကြည်စင် က သုံးသပ်ပါတယ်။

အရေးပေါ်ကာလပြီးဆုံးမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲပြန်ကျင်းပပေးမယ်လို့ စစ်တပ်က ကတိပေးပြန်ပါတယ်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ ၂၀၂၃ ရွေးကောက်ပွဲဟာ ပြည်သူယုံကြည်တဲ့ရွေးကောက်ပွဲ ဖြစ်လာစရာအကြောင်းမရှိဘူးလို့ ပြောပါတယ်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောင်းလဲဖို့ပြင်ဆင်နေတဲ့ အချိုးကျကိုယ်စားပြုစနစ် ဟာဆိုရင်လည်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းပြီးမှ အစိုးရဖွဲ့နိုင်မယ့် လမ်းကြောင်းကို ပုံဖော်နေတာ လို့ သူကပြောပါတယ်။

”ဒါဟာ ဒီမိုကရေစီနဲ့ပိုဝေးသွားမယ့်လမ်းကြောင်းဖြစ်တယ်။ စစ်အာဏာရှင် သက်ဆိုးရှည်အောင်လုပ်မယ့် လုပ်နည်းလုပ်ဟန်ပဲ။” လို့ ဦးဖေသန်းက သုံးသပ်ပါတယ်။

၂၀၁၆ လွှတ်တော်

စစ်တပ်ခေါင်းဆောင်တွေပေးခဲ့တဲ့ ကတိများ

စစ်ကောင်စီက ရွေးကောက်ပွဲပြန်ကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ကတိပြုထားပြီး နိုင်ငံပိုင်သတင်းစာတွေရဲ့မျက်နှာဖုံးမှာ ဒီကတိကဝတ်ကို နေ့စဉ် ဖော်ပြပါတယ်။

ဒါဟာ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီကပေးခဲ့တဲ့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကတိကဝတ်ကို အမှတ်ရစေပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာ နေပြည်တော်မှာ မဲထည့်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလည်း

“ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့ မရဘူး။ လက်ခံရမှာပဲ။” ကတိပေးခဲ့သေးတာပါ။

ဒါပေမဲ့ နောက်ပိုင်းမှာ မဲမသမာမှုရှိတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့ပါတယ်။

UEC

နိုင်ငံရေးအသိုင်းအဝိုင်းကတော့ ၂၀၂၃ မှာရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ကတိကဝတ်ဟာ လက်တွေ့မှာ ဖြစ်နိုင်ခြေနည်းတယ်လို့ ယူဆနေကြပါတယ်။

နိုင်ငံတဝန်းမတည်မငြိမ်ဖြစ်နေပြီး အုပ်ချုပ်ရေးယန္တရားတွေလည်း မလည်ပတ်နိုင်တဲ့ လက်ရှိအခြေအနေအရ နောက်ထပ်တရားမျှတတဲ့ရွေးကောက်ပွဲဆိုတာ အချိန်အတိုင်းအတာတခုအထိ မဖြစ်နိုင်တော့ဘူးလို့ အများစုကသုံးသပ်ပါတယ်။

နိုဝင်ဘာ ပထမအပတ်ထဲ ရန်ကုန်မှာ သုံးရက်တာ လုပ်ခဲ့တဲ့ PR ဆွေးနွေးပွဲကို လုံခြုံရေးအထပ်ထပ်နဲ့ လုပ်ခဲ့ရတာတွေ၊ နေ့စဉ်ရှိနေတဲ့ ပစ်ခတ်ပေါက်ကွဲမှုတွေက ရွေးကောက်ပွဲဖြစ်လာနိုင်စရာမရှိဘူးဆိုတဲ့ ယူဆချက်ဘက်က ရှိနေတဲ့ ပကတိအခြေအနေဖြစ်ပါတယ်။

NLD ပါတီဝင်တွေအဖမ်းခံရပြီး ထွက်ပြေးတိမ်းရှောင်နေရသလို ကြံ့ခိုင်‌ရေးပါတီဝင်တွေလည်း အသတ်ခံနေရတဲ့ အနိုင်ရပါတီကြီးနှစ်ခုရဲ့ အခြေအနေကို ဝါရင့် ရှမ်းနိုင်ငံရေးသမား စိုင်းညွန့်လွင်က ထောက်ပြပါတယ်။

”ဒီအခြေအနေနဲ့ ရွေးကောက်ပွဲက ဖြစ်လာပါ့မလား။”လို့ သူက မေးခွန်းထုတ်ပါတယ်။

၂၀၂၃ ရွေးကောက်ပွဲကို ကျင်းပဖြစ်ခဲ့ရင်တောင်မှ စစ်တပ်အလိုကျကရမယ့် အားနည်းတဲ့ အစိုးရတစ်ရပ်ပဲ ပေါ်ထွက်လာလိမ့်မယ်လို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပါတယ်။

”ရွေးကောက်ပွဲ မကျင်းပဖြစ်ရင်တော့ ၂၀၀၈ အခြေခံဥပဒေကိုဖျက်ပြီး စစ်မှန်တဲ့အာဏာသိမ်းပွဲစလိမ့်မယ်” လို့ ၂၀၂၃ အလွန် ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းကို သူက ပြောပါတယ်။

NLD အပါအဝင် တိုင်းရင်းသားပါတီတွေဟာ စစ်တပ်က နိုင်ငံ‌ရေးကနေ တဖြည်းဖြည်းနဲ့ဆုတ်ခွာသွားလိမ့်မယ်လို့ မျှော်လင့်ပြီး ၂၀၀၈ အခြေခံဥပဒေအောက်ကနေ ရွေးကောက်ပွဲဝင်ခဲ့ကြတာ လို့ ဦးဖေသန်းကပြောပါတယ်။

”၅ နှစ်ပဲခံတယ်။ အာဏာရှင်တွေဇာတိပြတာပေါ့။” လို့ သူကပြောပါတယ်။

လွှတ်တော်က ၂၅ ရာခိုင်နှုန်းတပ်မတော်သားကိုယ်စားလှယ်များ

၂၀၀၈ ကွင်းထဲက ထွက်ခွာကြပြီ

အာဏာသိမ်းမှုဖြစ်အပြီး နှစ်လအကြာမှာ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာပါတယ်။အရေးပေါ်ကာလ လွန်မြောက်လို့ ရွေးကောက်ပွဲလုပ်နိုင်မယ့်အခြေအနေမရှိရင် ၂၀၀၈ အခြေခံဥပဒေပျက်ပြယ်သွားမယ့် အခြေအနေကလည်း ဖြစ်လာနိုင်သေးတယ်လို့လည်း နိုင်ငံရေးသမားတွေကမှန်းဆထားကြပါတယ်။

စစ်ကောင်စီနဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းမှုတွေကို တွေ့ရပေမယ့် ရွေးကောက်ပွဲကျင်းပနိုင်မယ့် ရေခံမြေခံကောင်းတွေ ရှိမနေပါသေးပါဘူး။

ဒီမိုကရေစီကို ချီတက်တဲ့နေရာမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေက အရေးကြီးပေမဲ့ ရွေးကောက်ပွဲတစ်ခုထဲနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုက မပြီးပြတ်သွားပါဘူး။

ရွေးကောက်ပွဲအပြင် ဒီမိုကရေစီရဲ့ အနှစ်သာရတွေကို မြှင့်တင်ဖို့၊ ဒီမိုကရေစီခိုင်မာအောင် အင်စတီကျူးရှင်း တွေ တည်ဆောက်ဖို့လိုတယ် လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

Zawgyi

ေ႐ြးေကာက္ပြဲ အႏိုင္ရပါတီကို အာဏာျပန္လႊဲေပးမယ္ဟု စစ္ေကာင္စီဆိုျပန္

November 7, 2021LIbrary NewsLeave A CommentOn ေ႐ြးေကာက္ပြဲ အႏိုင္ရပါတီကို အာဏာျပန္လႊဲေပးမယ္ဟု စစ္ေကာင္စီဆိုျပန္
ျမန္မာႏိုင္ငံတစ္ဝန္း ျပည္တြင္းစစ္မီး ပ်ံ႕ႏွံ႔လာေနၿပီျဖစ္သလို ျမန္မာႏိုင္ငံရဲ႕ လူဦးေရအမ်ားဆုံးေနထိုင္ၾကတဲ့ ရန္ကုန္ၿမိဳ႕ဟာ စ စ္ တလင္းလို ျဖစ္လာေနပါတယ္၊

အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္

အခုရက္ပိုင္း ရန္ကုန္ၿမိဳ႕လယ္ေခါင္မွာ ကတုတ္က်င္းေတြထဲ လုံၿခဳံေရးယူေနတဲ့ စစ္သားေတြ၊ စစ္ကားေတြ လွည့္ကင္းပတ္ေနၾကတာေတြကို ေတြ႕ေနရသလို ေ႐ြတိဂုံဘုရား အေနာက္ဘက္ခပ္လွမ္းလွမ္းက ရန္ကုန္တိုင္းအစိုးရ႐ုံးမွာေတာ့ ေ႐ြးေကာက္ပြဲမွာ အခ်ိဳးက် ကိုယ္စားျပဳ ကိုယ္စားလွယ္စနစ္ က်င့္သုံးဖို႔ စစ္ေကာင္စီခန္႔ ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီအခ်ိဳ႕ ေတြ႕ဆုံေနၾကပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ေ႐ြးေကာက္ပြဲႏိုင္ငံေရးက လမ္းဆုံးသလိုျဖစ္သြားၿပီလား၊ လ က္ န က္ႏိုင္ငံေရး ေရွ႕ေရာက္လာၿပီလားဆိုတဲ့ ေမးခြန္းက ၂၀၂၀ ေ႐ြးေကာက္ပြဲက်င္းပခဲ့တဲ့ တစ္ႏွစ္ျပည့္တဲ့ အခ်ိန္အခါမွာ လူေတြအၾကားေမးစရာတစ္ခု ျဖစ္လာေနပါတယ္။

ေ႐ြးေကာက္ပြဲႏိုင္ငံေရး အဆုံးသတ္ၿပီလား

ႏိုင္ငံအႏွံ႔ေပါက္ကြဲမႈေတြနဲ႔ အုပ္ခ်ဳပ္ေရးမႉးေတြ အသတ္ခံရတဲ့သတင္းေတြဟာလည္း သတင္းထူးမဟုတ္ေတာ့ဘဲ ေန႔စဥ္ သ တင္း လိုျဖစ္လာေနပါတယ္။တိုက္ပြဲေတြမရွိခဲ့တဲ့ စစ္ကိုင္းတိုင္းဟာ အႀကီးဆုံးစစ္မ်က္ႏွာျဖစ္လာၿပီး ခ်င္းနဲ႔ကယားလို ေအးခ်မ္းတဲ့ ျပည္နယ္ေတြဟာလည္း စစ္မီးေတာက္ေနပါၿပီ။

ေဇယ်ာသီရိၿမိဳ႕နယ္၊ ေဇယ်ာသီရိကုန္တိုက္အတြင္းရွိ အေနာ္ရထာရပ္ကြက္ မဲ႐ုံ ၁

ဒါေတြအားလုံးဟာ ၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေ႐ြးေကာက္ပြဲ ရလဒ္ကို စစ္တပ္က ျငင္းပယ္ရာက ေနာက္ဆက္တြဲျဖစ္ေပၚလာတဲ့ အက်ိဳးဆက္ေတြပဲ လို႔ ႏိုင္ငံေရးေလ့လာသူေတြက သုံးသပ္ၾကပါတယ္။

‘”ျမန္မာႏိုင္ငံရဲ႕ ေ႐ြးေကာက္ပြဲႏိုင္ငံေရးက လမ္းဆုံး သလိုျဖစ္သြားၿပီ။ ေ႐ြးေကာက္ပြဲႏိုင္ငံ ေရးအလုပ္မျဖစ္ေတာ့လို႔ လက္နက္ႏိုင္ငံေရး ေရွ႕ေရာက္လာၿပီ” လို႔ အရပ္ဘက္စစ္ဘက္ဆက္ဆံေရး ေလ့လာသုံးသပ္သူ ကိုရဲမ်ိဳးဟိန္းက ေျပာပါတယ္။

အေဟာသိကံ ၁၉၉၀ နဲ႔ ၂၀၂၀

မဲဆႏၵရွင္ေတြရဲ႕ မဲေတြ အေဟာသိကံျဖစ္သြားတာ ၂၀၂၀ က ပထမဆုံးအႀကိမ္မဟုတ္ပါဘူး။

၁၉၉၀ ေ႐ြးေကာက္ပြဲမွာ တစ္ခါႀကဳံခဲ့ၿပီးပါၿပီ။

ေတာင္ဒဂုံၿမိဳ႕နယ္အတြင္း ႏိုဝင္ဘာလ ၇ရက္ေန႔ ေန႔လယ္ပိုင္းျမင္ကြင္း

၁၉၉၀ ေ႐ြးေကာက္ပြဲဟာ ၂၀၂၀ လို ေ႐ြးေကာက္ပြဲရလဒ္ကို ဖ်က္သိမ္းေၾကာင္း မေၾကညာခဲ့ေပမယ့္လို႔ NLD ႏိုင္ၿပီး အစိုးရဖြဲ႕ခြင့္မရတဲ့ျဖစ္စဥ္ကတူညီပါတယ္။ ေ႐ြးေကာက္ပြဲအႏိုင္ရအမတ္ေတြကို စစ္တပ္က ဖမ္းဆီးလို႔ အဖမ္းခံရတာ၊ ထြက္ေျပးတိမ္းေရွာင္ရတာေတြလည္း တူညီၾကပါတယ္။
”မတူတာက အရင္ကမေက်နပ္တာပဲရွိတာဗ်။ အခုေလာက္မျပင္းထန္ဘူး။ အခုေတာ့ လက္နက္ကိုင္ၿပီးေတာ့ကိုျပန္ခ်တာ” ဝါရင့္ႏိုင္ငံေရးသမား စိုင္းၫြန႔္လြင္က ၁၉၉၀ နဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီး လူထုရဲ႕ တုံ႔ျပန္ပုံကို ႏႈိင္းယွဥ္ျပပါတယ္။

၈၈ မ်ိဳးဆက္ေတြနဲ႔ ၁၉၉၀ အႏိုင္ရအမတ္ေတြဟာ စစ္အစိုးရလက္ထက္မွာ ေထာင္ကို ျခင္ေထာင္လိုလုပ္ၿပီး ဒီမိုကေရစီေရးလႈပ္ရွားခဲ့ၾကပါတယ္။၁၉၉၀ ေ႐ြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္လို႔ စစ္ဗိုလ္ခ်ဳပ္ေတြထဲ လူသိရွင္ၾကား အသိအမွတ္ျပဳတာ ရွားရွားပါးပါး ႏွစ္ဦးပဲရွိခဲ့ပါတယ္။

၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲကို NLD ဝင္လာဖို႔လမ္းဖြင့္ေပးတဲ့အေနနဲ႔ ပထမအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ ဦးခင္ေအာင္ျမင့္က ၁၉၉၀ ေ႐ြးေကာက္ပြဲကို အသိအမွတ္ျပဳတဲ့အေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။

ဒါဟာ ၁၉၉၀ ေ႐ြးေကာက္ပြဲ ကို အသိအမွတ္ျပဳတဲ့အေၾကာင္း စစ္တပ္ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးက အႏွစ္ ၂၀ ေက်ာ္အတြင္း ရွားရွားပါးပါး ထုတ္ေျပာမႈျဖစ္ပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲေရတြက္ေနစဥ္

၁၉၉၀ ေ႐ြးေကာက္ပြဲၿပီးလို႔ အႏွစ္ ၃၀ နီးပါးအၾကာ ၂၀၁၉ ခုႏွစ္မွာလည္း ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီကိုေထာင္တဲ့ အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး သူရဦးေ႐ႊမန္း ကလည္း ၁၉၉၀ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ သံေဝဂစကားဆိုပါတယ္။

”ေ႐ြးေကာက္ပြဲရလဒ္ကို မွန္မွန္ကန္ကန္ ထိထိေရာက္ေရာက္ မေဆာင္႐ြက္ေပးႏိုင္တဲ့အတြက္ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံဟာ ဒီေန႔ဒီအေျခအေနမ်ိဳး ျဖစ္သြားတယ္လို႔ပဲ ေျပာရမွာျဖစ္ပါတယ္။” လို႔ သူကေျပာခဲ့တာပါ။

လက္ရွိအခ်ိန္ကေတာ့ သူရဦးေ႐ႊမန္း ေျပာခဲ့တဲ့ အေျခအေနထက္ အမ်ားႀကီး ပိုဆိုးတဲ့အေျခအေနကို ေရာက္ေနတာပါ။

စစ္ေကာင္စီဘက္ကေတာ့ အခုလိုအေျခအေနေတြမျဖစ္လာေစဖို႔ ၂၀၂၀ ေ႐ြးေကာက္ပြဲက မဲမသမာမႈေတြနဲ႔ ပတ္သက္လို႔ ညႇိႏႈိင္းေဆြးေႏြးဖို႔ NLD အစိုးရ၊လႊတ္ေတာ္နဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ တို႔ကို အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ေပမယ့္ မေျဖရွင္းခဲ့ၾကတာလို႔ မၾကာခဏထုတ္ျပန္ပါတယ္။

၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာေတာ့ NLD ပါတီက ကိုယ္စားလွယ္ ကို ရႈံးနိမ့္ခဲ့

ရခိုင္ဝါရင့္ႏိုင္ငံေရးသမား ဦးေဖသန္းကေတာ့ ”၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ကို ဖ်က္သိမ္းပစ္တာဟာ သမိုင္းမွာဖ်က္မရတဲ့အမဲစက္ထင္က်န္ခဲ့တာ” လို႔ ေျပာပါတယ္။

ေ႐ြးေကာက္ပြဲရလဒ္ ဖ်က္လို႔ ပ်က္သလား

ေ႐ြးေကာက္ပြဲရလဒ္ကို စစ္အစိုးရက အေကာင္အထည္မေဖာ္ေပးခဲ့ေပမယ့္လို႔ ၁၉၉၀ ေ႐ြးေကာက္ခံအမတ္ေတြရဲ႕ တရားဝင္မႈကို ႏိုင္ငံေရးအသိုင္းအဝိုင္းက အသိအမွတ္ျပဳခဲ့ၾကပါတယ္။

အလားတူ ၂၀၂၀ ေ႐ြးေကာက္ပြဲ ရလဒ္ ဖ်က္သိမ္းခံရေပမယ့္ အႏိုင္ရပါတီေတြကေတာ့ သူတို႔ရဲ႕ကိုယ္စားျပဳမႈကို ပုံစံမ်ိဳးစုံနဲ႔ ပုံေဖာ္ေနၾကပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ၂၀၂၀ အႏိုင္ရအမတ္ေတြကေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီကို ဖြဲ႕စည္းၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရ ပါထပ္ ဖြဲ႕ပါတယ္။

ျပည္သူတို႔၏ အခြင့္အာဏာကို ျပည္သူ႔ထံ ျပန္လည္အပ္ႏွံႏိုင္ေရး ကိုစဥ္ဆက္မျပတ္ႀကိဳးပမ္းေနတယ္လို႔ ႏိုဝင္ဘာ ၅ ရက္က ထုတ္ျပန္ပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲ မဲေရတြက္ေနစဥ္

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ဆိုရင္လည္း ၂၀၂၀ ေ႐ြးေကာက္ပြဲအႏိုင္ရအမတ္ေတြကို သူတို႔ မဲဆႏၵနယ္ေတြမွာ ေဒသလိုအပ္ခ်က္ေတြကို ေဆာင္႐ြက္ခိုင္းေနပါတယ္။

”သူတို႔က အသိအမွတ္မျပဳေပမယ့္လို႔ ပါတီဘက္က အသိအမွတ္ျပဳထားတယ္။ လူထုကိုလုပ္ေပးရမယ့္ကိစၥေတြ ဆက္လုပ္ေနၾကတယ္” လို႔ ပါတီ ဥကၠ႒ စိုင္းၫြန႔္လြင္က ေျပာဆိုေၾကာင္း ဘီဘီစီသတင္းမွာ ေဖာ္ျပထားပါတယ္။။

လႊတ္ေတာ္ကိုယ္စားလွယ္လို႔ေတာ့ အမည္တပ္လို႔မရေပမဲ့ ကိုယ္စားလွယ္တစ္ေယာက္ရဲ႕ တာဝန္ေတြကိုေတာ့ ယူခိုင္းထားတယ္လို႔ သူကေျပာတာပါ။

ရခိုင္ျပည္နယ္မွာ အမ်ားဆုံးႏိုင္တဲ့ ရခိုင္အမ်ိဳးသားပါတီကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ကို သမိုင္းမွာ က်န္ခဲ့တဲ့ေအာင္ျမင္မႈတစ္ခုလို႔ မွတ္ယူထားတယ္လို႔ ဆိုပါတယ္။

ျပည္နယ္နဲ႔ လူမ်ိဳးအတြက္ ေ႐ြးေကာက္ပြဲျပင္ပကေန ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ဘယ္လို တည္ေဆာက္ယူမလဲဆိုတာ စဥ္းစားေနတယ္လို႔ ရခိုင္ဝါရင့္ႏိုင္ငံေရးသမား ဦးေဖသန္းကေျပာပါတယ္။

”လက္ရွိ ရခိုင္ျပည္နယ္အေျခအေနက ေ႐ြးေကာက္ပြဲရလဒ္နဲ႔မဆိုင္ေတာ့ဘူး။ ကိုယ့္အားကိုယ္ကိုးၿပီး ကိုယ့္လမ္းကိုယ္ဆက္ေလွ်ာက္ေနတယ္” လို႔ သူကေျပာပါတယ္။

ANP ပါတီ ရခိုင္ျပည္နယ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ အမ်ားစု အႏိုင္ရခဲ့

ေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္သူေတြကလည္း ေ႐ြးေကာက္ပြဲရလဒ္ကို ဖ်က္သိမ္းလိုက္တာကို သေဘာမေတြ႕ၾကပါဘူး။

ၿပီးျပည့္စုံၿပီး ခ်ိဳ႕ယြင္းခ်က္မရွိတဲ့ ေ႐ြးေကာက္ပြဲဆိုတာ ဒီမိုကေရစီဘိုးေအ ႏိုင္ငံေတြမွာေတာင္ မရွိဘူးလို႔ သူတို႔ကေထာက္ျပပါတယ္။

ေ႐ြးေကာက္ပြဲဟာ ျဖစ္စဥ္တစ္ခုသာျဖစ္ၿပီး က်င္းပၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြရဲ႕ အားနည္းခ်က္ေတြကိုျပဳျပင္ၿပီး ေနာင္က်င္းပမယ့္ေ႐ြးေကာက္ပြဲေတြမွာ ျပည္သူလူထုရဲ႕ ယုံၾကည္မႈနဲ႔ အမတ္ေလာင္းေတြရဲ႕ ယုံၾကည္မႈ ပိုရလာေအာင္ ေဆာင္႐ြက္ရတာလို႔ ေျပာၾကပါတယ္။

ေ႐ြးေကာက္ပြဲရလဒ္ကို ဖ်က္လိုက္ျခင္းက ႏိုင္ငံေရးျဖစ္စဥ္ေပၚမွာ ျပည္သူလူထုရဲ႕ ယုံၾကည္မႈ ကို ပ်က္ေစတယ္လို႔ ေ႐ြးေကာက္ပြဲဆိုင္ရာျပည္သူ႔လႈပ္ရွားမႈအဖြဲ႕ က စိုင္းရဲေက်ာ္စြာျမင့္ကေျပာပါတယ္။

ဒါေၾကာင့္ စစ္ေကာင္စီကက်င္းပေပးမယ္ဆိုတဲ့ ၂၀၂၃ ေ႐ြးေကာက္ပြဲမွာ ျပည္သူလူထုရဲ႕ယုံၾကည္မႈကိုရပါ့မလားဆိုတာက အႀကီးမားဆုံး စိန္ေခၚမႈပဲလို႔ သူကေျပာပါတယ္။

အေမရိကန္ႏိုင္ငံ Wilson Center’s Asia Program က သုေတသီ ကိုရဲမ်ိဳးဟိန္းကေတာ့

‘လူထုဆႏၵကို ဆန႔္က်င္ၿပီး ေ႐ြးေကာက္ပြဲရလဒ္ကို ဖ်က္လိုက္တာဟာ လူထုဆႏၵကို မထီမဲ့ျမင္လုပ္တဲ့ သေဘာျဖစ္တယ္။” လို႔ ေျပာပါတယ္။

ရန္ကုန္က အင္ဒိုနီးရွား သံ႐ုံးေရွ႕ဆႏၵျပပြဲ

စစ္တပ္အရိပ္ေအာက္က ေ႐ြးေကာက္ပြဲေတြ

ပါလီမန္ဒီမိုကေရစီေခတ္တုန္းက ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးႏုက စစ္တပ္က အာဏာသိမ္းဖို႔အစီအစဥ္ရွိတာကိုသိတဲ့အခါေျပာခဲ့တဲ့ သမိုင္းဝင္စကားတစ္ခြန္းရွိပါတယ္။

”အာဏာမသိမ္းၾကနဲ႔။ အာဏာသိမ္းတာဟာ စစ္တပ္လည္းနာမည္ပ်က္တယ္။ တိုင္းျပည္လည္းနာမည္ပ်က္တယ္။ ေနာက္ေျခာက္လၾကာရင္ လြတ္လပ္မွ်တတဲ့ ေ႐ြးေကာက္ပြဲက်င္းပေပးပါ့မယ္လို႔ စစ္တပ္က ကတိျပဳရင္ စစ္တပ္ကို သူအာဏာလႊဲေပးမယ္” လို႔ ေျပာခဲ့တဲ့အေၾကာင္း တာေတစေနသားစာအုပ္မွာ ထည့္ေရးခဲ့ပါတယ္။

ဒါဟာ ျမန္မာျပည္မွာ လူသိနည္းခဲ့တဲ့ ၁၉၅၈ ခုႏွစ္ ပထမဆုံးအႀကိမ္အာဏာသိမ္းမႈျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ႀကီးေနဝင္းက အိမ္ေစာင့္အစိုးရဖြဲ႕ၿပီး ၁၉၆၀ မွာေ႐ြးေကာက္ပြဲလုပ္ေပးပါတယ္။

ဒီေ႐ြးေကာက္ပြဲဟာ ဖဆပလေခတ္ ပါလီမန္ဒီမိုကေရစီေခတ္ရဲ႕ ေနာက္ဆုံးေသာ ပါတီစုံေ႐ြးေကာက္ပြဲျဖစ္ခဲ့ပါတယ္။

၁၉၆၂ ခုႏွစ္မွာ စစ္တပ္က အာဏာသိမ္းခဲ့လို ျဖစ္ပါတယ္။

PYITHU HLUTTAW

ဗိုလ္ခ်ဳပ္ႀကီးေနဝင္း ဟာ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီကိုေထာင္ၿပီး ပါတီစုံစနစ္ကေန တစ္ပါတီစနစ္ကိုေျပာင္းပါတယ္။

၁၉၈၈ ခုႏွစ္မွာ ရွစ္ေလးလုံးအေရးေတာ္ပုံေပၚေပါက္ၿပီး ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ ျပဳတ္က်ကာ စစ္တပ္ကအာဏာသိမ္းမႈ ထပ္ျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲၿပီးရင္ စစ္တန္းလ်ားျပန္မယ္လို႔ ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္က ကတိေပးခဲ့ေပမယ့္ စစ္အုပ္ခ်ဳပ္ေရးေအာက္မွာ က်င္းပၿပီး NLD ႏိုင္တဲ့ ၁၉၉၀ ေ႐ြးေကာက္ပြဲရလဒ္ဟာ အေကာင္အထည္မေပၚခဲ့ပါဘူး။

ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္ ရာထူးက ျပဳတ္သြားၿပီး ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊက အႏွစ္ ၂ဝ နီးပါး ဆက္အုပ္ခ်ဳပ္ခဲ့ၿပီး ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို စိတ္ႀကိဳက္ေရးဆြဲခဲ့ပါတယ္။

၂၀၁၀ ေ႐ြးေကာက္ပြဲကို စစ္အစိုးရကပဲ က်င္းပေပးၿပီး လက္ရွိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ အၿငိမ္းစားဗိုလ္ခ်ဳပ္ ဦးသိန္းစိုးကပဲ ေကာ္မရွင္ဥကၠ႒ အျဖစ္က်င္းပေပးခဲ့တာပါ။

တပ္ေက်ာေထာက္ေနာက္ခံ ႀကံ့ခိုင္ေရးပါတီ အစိုးရဖြဲ႕ႏိုင္ခဲ့ၿပီး တိုက္ပုံေျပာင္းဝတ္တဲ့ စစ္ဗိုလ္ခ်ဳပ္ေတြ အစိုးရနဲ႔လႊတ္ေတာ္ေတြမွာ လႊမ္းမိုးခဲ့ပါတယ္။

၁၉၉၀ ေ႐ြးေကာက္ပြဲအႏိုင္ရပါတီ NLD မပါတဲ့ ျမန္မာ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးအခင္းအက်င္းျဖစ္ပါတယ္။

ဒါေပမဲ့ သမၼတ ဦးသိန္းစိန္ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သမိုင္းဝင္ေတြ႕ဆုံမႈအၿပီး NLD ပါတီ လႊတ္ေတာ္ႏိုင္ငံေရးထဲ ပါဖို႔ျဖစ္လာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ NLD ကို ႏိုင္ငံေရးထဲ ေခၚသြင္းလာတာကို ”က်ားေသကို အသက္သြင္းတာ” လို႔ ျပည္ခိုင္ၿဖိဳးမွာ ၾသဇာရွိတဲ့ေခါင္းေဆာင္ပိုင္းက ထုတ္ေျပာခဲ့တဲ့အေၾကာင္း ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္က သူ႔စာအုပ္မွာ ျပန္‌ေရးခဲ့ပါတယ္။

NLD ပဲ ေသာင္ၿပိဳကမ္းၿပိဳႏိုင္တဲ့ ၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲနဲ႔ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲကိုေတာ့ အၿငိမ္းစား ဒုတိယဗိုလ္ခ်ဳပ္ႀကီးျဖစ္တဲ့ ဦးတင္ေအးက က်င္းပေပးခဲ့တာပါ။

စစ္တပ္က ပထမဆုံးအႀကိမ္ အာဏာသိမ္းတဲ့ ၁၉၅၈ ခုႏွစ္ေနာက္ပိုင္း ေ႐ြးေကာက္ပြဲေတြဟာ စစ္တပ္ရဲ႕အရိပ္ေအာက္မွာ က်င္းပခဲ့တာကိုျမင္ရမွာ ျဖစ္ပါတယ္။

ႏွစ္ေပါင္း၆၀အတြင္း NLD အရပ္သားအစိုးရလက္ထက္မွာ ပထမဆုံးျပန္က်င္းပတဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲကို မဲမသမာမႈရွိတယ္ဆိုၿပီး စစ္တပ္ကအာဏာသိမ္းၿပီး ပယ္ဖ်က္လိုက္ပါတယ္။

”တပ္က ကမကထလုပ္စီစဥ္ေပးတဲ့ ေ႐ြးေကာက္ပြဲေတြကို ျပန္ၾကည့္လိုက္ရင္ တပ္မေတာ္ရဲ႕ အနာဂတ္ကို ၿခိမ္းေျခာက္လာတယ္လို႔ယူဆတိုင္း ကတိေဖာက္ၿပီး အာဏာသိမ္းတာပါပဲ။” လို႔ လီကြမ္းယု Public Policy School မွာ မာစတာတက္ေနတဲ့ ကိုၾကည္စင္ က သုံးသပ္ပါတယ္။

အေရးေပၚကာလၿပီးဆုံးမယ့္ ၂၀၂၃ ခုႏွစ္မွာ ေ႐ြးေကာက္ပြဲျပန္က်င္းပေပးမယ္လို႔ စစ္တပ္က ကတိေပးျပန္ပါတယ္။

ရခိုင္ဝါရင့္ႏိုင္ငံေရးသမား ဦးေဖသန္းကေတာ့ ၂၀၂၃ ေ႐ြးေကာက္ပြဲဟာ ျပည္သူယုံၾကည္တဲ့ေ႐ြးေကာက္ပြဲ ျဖစ္လာစရာအေၾကာင္းမရွိဘူးလို႔ ေျပာပါတယ္။

လက္ရွိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာင္းလဲဖို႔ျပင္ဆင္ေနတဲ့ အခ်ိဳးက်ကိုယ္စားျပဳစနစ္ ဟာဆိုရင္လည္း တပ္မေတာ္သား ၂၅ ရာခိုင္ႏႈန္းနဲ႔ ေပါင္းၿပီးမွ အစိုးရဖြဲ႕ႏိုင္မယ့္ လမ္းေၾကာင္းကို ပုံေဖာ္ေနတာ လို႔ သူကေျပာပါတယ္။

”ဒါဟာ ဒီမိုကေရစီနဲ႔ပိုေဝးသြားမယ့္လမ္းေၾကာင္းျဖစ္တယ္။ စစ္အာဏာရွင္ သက္ဆိုးရွည္ေအာင္လုပ္မယ့္ လုပ္နည္းလုပ္ဟန္ပဲ။” လို႔ ဦးေဖသန္းက သုံးသပ္ပါတယ္။

၂၀၁၆ လႊတ္ေတာ္

စစ္တပ္ေခါင္းေဆာင္ေတြေပးခဲ့တဲ့ ကတိမ်ား

စစ္ေကာင္စီက ေ႐ြးေကာက္ပြဲျပန္က်င္းပေပးၿပီး အႏိုင္ရပါတီကို အာဏာျပန္လႊဲေပးမယ္လို႔ ကတိျပဳထားၿပီး ႏိုင္ငံပိုင္သတင္းစာေတြရဲ႕မ်က္ႏွာဖုံးမွာ ဒီကတိကဝတ္ကို ေန႔စဥ္ ေဖာ္ျပပါတယ္။

ဒါဟာ ၁၉၉၀ ေ႐ြးေကာက္ပြဲမတိုင္မီကေပးခဲ့တဲ့ ေ႐ြးေကာက္ပြဲၿပီးရင္ စစ္တန္းလ်ားျပန္မယ္ဆိုတဲ့ ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္ရဲ႕ ကတိကဝတ္ကို အမွတ္ရေစပါတယ္။

၂၀၂၀ ႏိုဝင္ဘာ ၈ ရက္မွာ ေနျပည္ေတာ္မွာ မဲထည့္ခဲ့တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ကလည္း

“ကြၽန္ေတာ္ကေတာ့ ျပည္သူ႔ဆႏၵနဲ႔ ထြက္ေပၚလာတဲ့ ရလဒ္ကို လက္ခံရမွာ။ ဒါကေတာ့ ဘယ္လိုမွ ျငင္းပယ္လို႔ မရဘူး။ လက္ခံရမွာပဲ။” ကတိေပးခဲ့ေသးတာပါ။

ဒါေပမဲ့ ေနာက္ပိုင္းမွာ မဲမသမာမႈရွိေတြရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ေဖေဖာ္ဝါရီ ၁ ရက္မွာ အာဏာသိမ္းခဲ့ပါတယ္။

UEC

ႏိုင္ငံေရးအသိုင္းအဝိုင္းကေတာ့ ၂၀၂၃ မွာေ႐ြးေကာက္ပြဲက်င္းပေပးမယ္ဆိုတဲ့ စစ္ေကာင္စီရဲ႕ကတိကဝတ္ဟာ လက္ေတြ႕မွာ ျဖစ္ႏိုင္ေျခနည္းတယ္လို႔ ယူဆေနၾကပါတယ္။

ႏိုင္ငံတဝန္းမတည္မၿငိမ္ျဖစ္ေနၿပီး အုပ္ခ်ဳပ္ေရးယႏၲရားေတြလည္း မလည္ပတ္ႏိုင္တဲ့ လက္ရွိအေျခအေနအရ ေနာက္ထပ္တရားမွ်တတဲ့ေ႐ြးေကာက္ပြဲဆိုတာ အခ်ိန္အတိုင္းအတာတခုအထိ မျဖစ္ႏိုင္ေတာ့ဘူးလို႔ အမ်ားစုကသုံးသပ္ပါတယ္။

ႏိုဝင္ဘာ ပထမအပတ္ထဲ ရန္ကုန္မွာ သုံးရက္တာ လုပ္ခဲ့တဲ့ PR ေဆြးေႏြးပြဲကို လုံၿခဳံေရးအထပ္ထပ္နဲ႔ လုပ္ခဲ့ရတာေတြ၊ ေန႔စဥ္ရွိေနတဲ့ ပစ္ခတ္ေပါက္ကြဲမႈေတြက ေ႐ြးေကာက္ပြဲျဖစ္လာႏိုင္စရာမရွိဘူးဆိုတဲ့ ယူဆခ်က္ဘက္က ရွိေနတဲ့ ပကတိအေျခအေနျဖစ္ပါတယ္။

NLD ပါတီဝင္ေတြအဖမ္းခံရၿပီး ထြက္ေျပးတိမ္းေရွာင္ေနရသလို ႀကံ့ခိုင္‌ေရးပါတီဝင္ေတြလည္း အသတ္ခံေနရတဲ့ အႏိုင္ရပါတီႀကီးႏွစ္ခုရဲ႕ အေျခအေနကို ဝါရင့္ ရွမ္းႏိုင္ငံေရးသမား စိုင္းၫြန႔္လြင္က ေထာက္ျပပါတယ္။

”ဒီအေျခအေနနဲ႔ ေ႐ြးေကာက္ပြဲက ျဖစ္လာပါ့မလား။”လို႔ သူက ေမးခြန္းထုတ္ပါတယ္။

၂၀၂၃ ေ႐ြးေကာက္ပြဲကို က်င္းပျဖစ္ခဲ့ရင္ေတာင္မွ စစ္တပ္အလိုက်ကရမယ့္ အားနည္းတဲ့ အစိုးရတစ္ရပ္ပဲ ေပၚထြက္လာလိမ့္မယ္လို႔ ရခိုင္ႏိုင္ငံေရးသမား ဦးေဖသန္းက သုံးသပ္ပါတယ္။

”ေ႐ြးေကာက္ပြဲ မက်င္းပျဖစ္ရင္ေတာ့ ၂၀၀၈ အေျခခံဥပေဒကိုဖ်က္ၿပီး စစ္မွန္တဲ့အာဏာသိမ္းပြဲစလိမ့္မယ္” လို႔ ၂၀၂၃ အလြန္ ျဖစ္လာႏိုင္တဲ့ ႏိုင္ငံေရးအခင္းအက်င္းကို သူက ေျပာပါတယ္။

NLD အပါအဝင္ တိုင္းရင္းသားပါတီေတြဟာ စစ္တပ္က ႏိုင္ငံ‌ေရးကေန တျဖည္းျဖည္းနဲ႔ဆုတ္ခြာသြားလိမ့္မယ္လို႔ ေမွ်ာ္လင့္ၿပီး ၂၀၀၈ အေျခခံဥပေဒေအာက္ကေန ေ႐ြးေကာက္ပြဲဝင္ခဲ့ၾကတာ လို႔ ဦးေဖသန္းကေျပာပါတယ္။

”၅ ႏွစ္ပဲခံတယ္။ အာဏာရွင္ေတြဇာတိျပတာေပါ့။” လို႔ သူကေျပာပါတယ္။

လႊတ္ေတာ္က ၂၅ ရာခိုင္ႏႈန္းတပ္မေတာ္သားကိုယ္စားလွယ္မ်ား

၂၀၀၈ ကြင္းထဲက ထြက္ခြာၾကၿပီ

အာဏာသိမ္းမႈျဖစ္အၿပီး ႏွစ္လအၾကာမွာ ၂၀၀၈ အေျခခံဥပေဒကို ဖ်က္သိမ္းလိုက္ၿပီလို႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီက ေၾကညာပါတယ္။အေရးေပၚကာလ လြန္ေျမာက္လို႔ ေ႐ြးေကာက္ပြဲလုပ္ႏိုင္မယ့္အေျခအေနမရွိရင္ ၂၀၀၈ အေျခခံဥပေဒပ်က္ျပယ္သြားမယ့္ အေျခအေနကလည္း ျဖစ္လာႏိုင္ေသးတယ္လို႔လည္း ႏိုင္ငံေရးသမားေတြကမွန္းဆထားၾကပါတယ္။

စစ္ေကာင္စီနဲ႔ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ႀကိဳးပမ္းမႈေတြကို ေတြ႕ရေပမယ့္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မယ့္ ေရခံေျမခံေကာင္းေတြ ရွိမေနပါေသးပါဘူး။

ဒီမိုကေရစီကို ခ်ီတက္တဲ့ေနရာမွာ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲေတြက အေရးႀကီးေပမဲ့ ေ႐ြးေကာက္ပြဲတစ္ခုထဲနဲ႔ ႏိုင္ငံေရးအသြင္ကူးေျပာင္းမႈက မၿပီးျပတ္သြားပါဘူး။

ေ႐ြးေကာက္ပြဲအျပင္ ဒီမိုကေရစီရဲ႕ အႏွစ္သာရေတြကို ျမႇင့္တင္ဖို႔၊ ဒီမိုကေရစီခိုင္မာေအာင္ အင္စတီက်ဴးရွင္း ေတြ တည္ေဆာက္ဖို႔လိုတယ္ လို႔ ပညာရွင္ေတြက ေထာက္ျပၾကပါတယ္။

Leave a Reply

Your email address will not be published.