အခြေခံ လူတန်းစား အိမ်ထောင်စုများကို ပျော်ရွှင်သွားစေခဲ့တဲ့ ဝေဠုကျော်ရဲ့ စုပေါင်း အလှူလေး

အခြေခံ လူတန်းစား အိမ်ထောင်စုများကို ပျော်ရွှင်သွားစေခဲ့တဲ့ ဝေဠုကျော်ရဲ့ စုပေါင်း အလှူလေး

ပရဟိတအလုပ်တွေကို အင်တိုက် အားတိုက် လုပ်ဆောင်ကာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး လိုအပ်နေသူတွေအတွက် အမြဲဖေးမကူညီတတ်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကိုတော့ ပရိသတ်တွေအားလုံးက လေးစားချစ်ခင်နေကြတာ ဖြစ်ပါတယ်။ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းလျက်ရှိပါတယ် ။

ဒီလိုကာလမှာဆိုရင်လည်း ပိုလို့တောင် အကူအညီလိုအပ်နေသူတွေ အများအပြားရှိနေတာမို့ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ပရိဟိတ လုပ်ငန်းတွေကိုလည်း ကိုယ်တိုင် မမေမပန်းနိုင်အောင် နေ့ရက်တိုင်း လိုက်လံ ကူညီဆောင်ရွက်ပေးနေတာ လေးစားစရာပါပဲ ။

အခုလည်း လှိုင်သာယာ မြို့နယ်က စားဝတ်နေရေး အမှန်တကယ်လိုအပ်နေတဲ့အခြေခံ လူတန်းစား အိမ်ထောင်စု (၁၀၀) စာအတွက် ဆန်၊ဆီ၊ကြက်သွန်နီ၊ ဝက်သား တို့ကို အလျှံပယ် သွားရောက်ထောက်ပံ့ လှူပေးခဲ့ပါတယ် ။အလှူနဲ့ ပတ်သက်ပြီးလည်း ” #ဝက်သားကြိုက်တယ့်အမျိုးတွေ။ဝက်သားနှင့် စားနပ်ရိက္ခါ အလှူပါဗျို့ ဝေဠုကျော်ဖောင်ဒေးရှင်းမှ လှိုင်သာယာမြို့နယ်ရှိ လိုအပ်နေသောကျူး အိမ်ထောင်စု ၁၀၀သို့ ဆန်၊ဆီ၊ကြက်သွန်နီ၊ ဝက်သား တို့ကို သွားရောက် ထောက်ပံ့ လှူပေးခဲ့ပါတယ်။

သူတို့အကြိုက် ဒီတစ်ခါလည်း ဝက်သား လှူပေးလိုက်ပါတယ်။ ဝက်သားဆိုလို့ကတော့ကျွန်တော်တို့လည်း အကြိုက်ပဲမို့ ဒီနေ့တော့ဝက်အင်္ဂါရပ်စုံအောင် ချက်ပါပြီဗျို့။မတည် အလှူရှင်မှာ ဒေါ်ရင်ရင်(အငြိမ်းစား မြန်မာ့မီးရထား) အသက် ၉၀ ပြည့် မွေးနေ့အလှူ ၃သိန်းကျပ် နှင့် ၇ရက်သားသမီး အလှူရှင်များ ဖြစ်ပါတယ်။” ရေးသားထားရာ ပီတိဖြစ်မိတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Zawgyi

အေျခခံ လူတန္းစား အိမ္ေထာင္စုမ်ားကို ေပ်ာ္႐ႊင္သြားေစခဲ့တဲ့ ေဝဠဳေက်ာ္ရဲ႕ စုေပါင္း အလႉေလး

ပရဟိတအလုပ္ေတြကို အင္တိုက္ အားတိုက္ လုပ္ေဆာင္ကာ ျပည္သူေတြနဲ႔ တစ္သားတည္းရပ္တည္ၿပီး လိုအပ္ေနသူေတြအတြက္ အၿမဲေဖးမကူညီတတ္တဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းကိုေတာ့ ပရိသတ္ေတြအားလုံးက ေလးစားခ်စ္ခင္ေနၾကတာ ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းကေတာ့ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းလ်က္ရွိပါတယ္ ။

ဒီလိုကာလမွာဆိုရင္လည္း ပိုလို႔ေတာင္ အကူအညီလိုအပ္ေနသူေတြ အမ်ားအျပားရွိေနတာမို႔ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းကလည္း လက္လွမ္းမွီသေလာက္ လိုက္လံကူညီေပးခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ အျခားေသာ ပရိဟိတ လုပ္ငန္းေတြကိုလည္း ကိုယ္တိုင္ မေမမပန္းႏိုင္ေအာင္ ေန႔ရက္တိုင္း လိုက္လံ ကူညီေဆာင္႐ြက္ေပးေနတာ ေလးစားစရာပါပဲ ။

အခုလည္း လႈိင္သာယာ ၿမိဳ႕နယ္က စားဝတ္ေနေရး အမွန္တကယ္လိုအပ္ေနတဲ့အေျခခံ လူတန္းစား အိမ္ေထာင္စု (၁၀၀) စာအတြက္ ဆန္၊ဆီ၊ၾကက္သြန္နီ၊ ဝက္သား တို႔ကို အလွ်ံပယ္ သြားေရာက္ေထာက္ပံ့ လႉေပးခဲ့ပါတယ္ ။အလႉနဲ႔ ပတ္သက္ၿပီးလည္း ” #ဝက္သားႀကိဳက္တယ့္အမ်ိဳးေတြ။ဝက္သားႏွင့္ စားနပ္ရိကၡါ အလႉပါဗ်ိဳ႕ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းမွ လႈိင္သာယာၿမိဳ႕နယ္ရွိ လိုအပ္ေနေသာက်ဴး အိမ္ေထာင္စု ၁၀၀သို႔ ဆန္၊ဆီ၊ၾကက္သြန္နီ၊ ဝက္သား တို႔ကို သြားေရာက္ ေထာက္ပံ့ လႉေပးခဲ့ပါတယ္။

သူတို႔အႀကိဳက္ ဒီတစ္ခါလည္း ဝက္သား လႉေပးလိုက္ပါတယ္။ ဝက္သားဆိုလို႔ကေတာ့ကြၽန္ေတာ္တို႔လည္း အႀကိဳက္ပဲမို႔ ဒီေန႔ေတာ့ဝက္အဂၤါရပ္စုံေအာင္ ခ်က္ပါၿပီဗ်ိဳ႕။မတည္ အလႉရွင္မွာ ေဒၚရင္ရင္(အၿငိမ္းစား ျမန္မာ့မီးရထား) အသက္ ၉၀ ျပည့္ ေမြးေန႔အလႉ ၃သိန္းက်ပ္ ႏွင့္ ၇ရက္သားသမီး အလႉရွင္မ်ား ျဖစ္ပါတယ္။” ေရးသားထားရာ ပီတိျဖစ္မိတာေၾကာင့္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Leave a Reply

Your email address will not be published. Required fields are marked *