ဒဂုံကျောင်းသား သမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော် ထောင် ၁၀ နှစ် ချမှတ်ခံရ
နိုဝင်ဘာ ၈ ၊ ၂၀၂၁ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်အား အာဏာသိမ်း စစ်ကောင်စီက ယနေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်ကလည်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ အတွင်းရေးမှူးဟောင်းဖြစ်သူ ကိုစည်သူအောင်တင်အား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သေးသည်။
ဓာတုဗေဒ တတိယနှစ် ကျောင်းသူဖြစ်သူ မသဉ္ဇာဇော်မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က)ဖြင့် တရားစွဲခံရ ကာ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ပြီး ဥပဒေ တတိယနှစ် ကျောင်းသားဖြစ်သူ ကိုစည်သူအောင်တင်မှာ ရာဇ သတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-ခ(ဃ)၊ ပုဒ်မ ၅၀၅-က တို့ဖြင့် တရားစွဲခံရကာ ထောင်ဒဏ် ချမှတ်ခံရခြင်း ဖြစ် ကြောင်း သိရသည်။
၎င်းတို့နှစ်ဦး အပါအဝင် ကျောင်းသား/ကျောင်း သူ ၆ ဦးမှာ စက်တင်ဘာ ၁၄ ရက် ညပိုင်းက ကျောက်တံတားမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကိုစည်သူအောင်တင်နှင့် မသဉ္ဇာဇော်တို့အား အမိန့်ချမှတ်ပြီးသော်လည်း ကျန် ၄ ဦး၏ အမှုများအား အမိန့်ချမှတ်ခြင်း မရှိသေးကြောင်းလည်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။
Zawgyi
ဒဂုံေက်ာင္းသား သမဂၢအဖြဲ႕ဝင္ မသၪၨာေဇာ္ ေထာင္ ၁၀ ႏွစ္ ခ်မွတ္ခံရ
ႏိုဝင္ဘာ ၈ ၊ ၂၀၂၁ ဒဂုံတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္ မသၪၨာေဇာ္အား အာဏာသိမ္း စစ္ေကာင္စီက ယေန႔တြင္ ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္လိုက္ေၾကာင္း ဒဂုံတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢက ထုတ္ျပန္ထားသည္။ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၃ ရက္ကလည္း ဒဂုံတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢ၊ အတြင္းေရးမႉးေဟာင္းျဖစ္သူ ကိုစည္သူေအာင္တင္အား ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခဲ့ေသးသည္။
ဓာတုေဗဒ တတိယႏွစ္ ေက်ာင္းသူျဖစ္သူ မသၪၨာေဇာ္မွာ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၂၄ (က)ျဖင့္ တရားစြဲခံရ ကာ ေထာင္ဒဏ္ခ်မွတ္ခံရျခင္းျဖစ္ၿပီး ဥပေဒ တတိယႏွစ္ ေက်ာင္းသားျဖစ္သူ ကိုစည္သူေအာင္တင္မွာ ရာဇ သတ္ႀကီးဥပေဒ ပုဒ္မ ၁၂၄-ခ(ဃ)၊ ပုဒ္မ ၅၀၅-က တို႔ျဖင့္ တရားစြဲခံရကာ ေထာင္ဒဏ္ ခ်မွတ္ခံရျခင္း ျဖစ္ ေၾကာင္း သိရသည္။
၎တို႔ႏွစ္ဦး အပါအဝင္ ေက်ာင္းသား/ေက်ာင္း သူ ၆ ဦးမွာ စက္တင္ဘာ ၁၄ ရက္ ညပိုင္းက ေက်ာက္တံတားၿမိဳ႕နယ္တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး ကိုစည္သူေအာင္တင္ႏွင့္ မသၪၨာေဇာ္တို႔အား အမိန႔္ခ်မွတ္ၿပီးေသာ္လည္း က်န္ ၄ ဦး၏ အမႈမ်ားအား အမိန႔္ခ်မွတ္ျခင္း မရွိေသးေၾကာင္းလည္း ဒဂုံတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက ထုတ္ျပန္ထားသည္။