ဘယ်သူမှမကူညီရဲတဲ့အချိန်မှာ အရှေ့တက်ပြီး ဒဏ်ရာရတဲ့သူကိုသွားကယ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းကြီးတစ်ဦး

ဘယ်သူမှမကူညီရဲတဲ့အချိန်မှာ အရှေ့တက်ပြီး ဒဏ်ရာရတဲ့သူကိုသွားကယ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းကြီးတစ်ဦး

လက်ရှိအချိန်မှာတော့ ပြည်သူတွေက ရဲရင့်တဲ့စိတ်ဓာတ်တွေနဲ့ သူတို့ရဲ့အသက်ကိုတောင်ပဓာနမထားဘဲ အရှေ့ထွက်ပြီး ရင်တွင်းဆန္ဒတွေကို ဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုပွဲတွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားပမ်းစား လုပ်ဆောင်နေကြတဲ့ ပြည်သူတွေထဲမှာ လူကြီးလူငယ်၊ ကျားမမရွေး ပါဝင်နေတာပဲ ဖြစ်ပါတယ် ။

အခုလည်း အသက် (၅၀) အရွယ် သူရဲကောင်းကြီးတစ်က ကျည်မှန်တဲ့သူကို သွားရောက်ကယ်တင်ရင်းနဲ့ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ဦးဖိုးသက်လို့ခေါ်တဲ့ သူရဲကောင်းကြီးက သားသမီး (၆) ယောက်ကို ငါးဈေးမှာ ကွမ်းယာရောင်းပြီး ရိုးရိုးသားသား ရှာဖွေကျွေးမွေးနေတဲ့ ဖခင်တစ်ဦးပဲ ဖြစ်ပါတယ်။

ဦးဖိုးသက်က “ငါတို့ကနေခဲ့ပြီးပြီ ဘဝကလည်း သေလူနဲ့မခြားဘူး” ဆိုပြီး ဘေးက ဒိုင်းကာတစ်ယောက်ဆီကနေ ဒိုင်းကိုဆွဲလုပြီး ဒဏ်ရာရနေတဲ့သူကို သွားကယ်ခဲ့တာ ဖြစ်ပါတယ် ။ ဘယ်သူမှသွားမကူညီနိုင်တဲ့အချိန်မှာ ရဲရဲရင့်ရင့်နဲ့ အရှေ့ကိုထွက်ရင်း ကယ်ဖို့လုပ်ခဲ့တဲ့ ဦးဖိုးသက်ကတော့ ကျည်မှန်ပြီး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။

မြင့်မြတ်တဲ့စိတ်ဓာတ်ပိုင်ရှင်ကြီး ဦးဖိုးသက်က ဆုံးပါးသွားခဲ့ပြီဖြစ်တာကြောင့် ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့သားသမီးလေးတွေက အခုဆိုရင် အကူအညီလိုအပ်နေတာ ဖြစ်ပါတယ် ။ စေတနာရှင်ပြည်သူတစ်ယောက်ကလည်း ဦးဖိုးသက်ရဲ့ကလေးတွေကို သွားရောက်လှူဒါန်းရင်းနဲ့ တစ်ခြားသူတွေပါ ကူညီနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ် ။

သူတစ်ပါးကိုကယ်ဖို့အတွက် အသက်စွန့်သွားခဲ့ရတဲ့ သူရဲကောင်းကြီးဦးဖိုးသက်အတွက် ပရိသတ်တွေလည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းလို့ရအောင် ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Zawgyi

ဘယ္သူမွမကူညီရဲတဲ့အခ်ိန္မွာ အေရွ႕တက္ၿပီး ဒဏ္ရာရတဲ့သူကိုသြားကယ္ရင္းနဲ႔ အသက္ေပးသြားခဲ့ရတဲ့ သူရဲေကာင္းႀကီးတစ္ဦး

လက္ရွိအခ်ိန္မွာေတာ့ ျပည္သူေတြက ရဲရင့္တဲ့စိတ္ဓာတ္ေတြနဲ႔ သူတို႔ရဲ႕အသက္ကိုေတာင္ပဓာနမထားဘဲ အေရွ႕ထြက္ၿပီး ရင္တြင္းဆႏၵေတြကို ေဖာ္ထုတ္ေနၾကတာ ျဖစ္ပါတယ္။ လူထုလႈပ္ရွားမႈပြဲေတြမွာ စိတ္ေရာကိုယ္ပါႏွစ္ၿပီး ႀကိဳးစားပမ္းစား လုပ္ေဆာင္ေနၾကတဲ့ ျပည္သူေတြထဲမွာ လူႀကီးလူငယ္၊ က်ားမမေ႐ြး ပါဝင္ေနတာပဲ ျဖစ္ပါတယ္ ။

အခုလည္း အသက္ (၅၀) အ႐ြယ္ သူရဲေကာင္းႀကီးတစ္က က်ည္မွန္တဲ့သူကို သြားေရာက္ကယ္တင္ရင္းနဲ႔ က်ဆုံးသြားခဲ့ရတာ ျဖစ္ပါတယ္ ။ဦးဖိုးသက္လို႔ေခၚတဲ့ သူရဲေကာင္းႀကီးက သားသမီး (၆) ေယာက္ကို ငါးေဈးမွာ ကြမ္းယာေရာင္းၿပီး ႐ိုး႐ိုးသားသား ရွာေဖြေကြၽးေမြးေနတဲ့ ဖခင္တစ္ဦးပဲ ျဖစ္ပါတယ္။

ဦးဖိုးသက္က “ငါတို႔ကေနခဲ့ၿပီးၿပီ ဘဝကလည္း ေသလူနဲ႔မျခားဘူး” ဆိုၿပီး ေဘးက ဒိုင္းကာတစ္ေယာက္ဆီကေန ဒိုင္းကိုဆြဲလုၿပီး ဒဏ္ရာရေနတဲ့သူကို သြားကယ္ခဲ့တာ ျဖစ္ပါတယ္ ။ ဘယ္သူမွသြားမကူညီႏိုင္တဲ့အခ်ိန္မွာ ရဲရဲရင့္ရင့္နဲ႔ အေရွ႕ကိုထြက္ရင္း ကယ္ဖို႔လုပ္ခဲ့တဲ့ ဦးဖိုးသက္ကေတာ့ က်ည္မွန္ၿပီး က်ဆုံးသြားခဲ့ရတာ ျဖစ္ပါတယ္ ။

ျမင့္ျမတ္တဲ့စိတ္ဓာတ္ပိုင္ရွင္ႀကီး ဦးဖိုးသက္က ဆုံးပါးသြားခဲ့ၿပီျဖစ္တာေၾကာင့္ က်န္ရစ္ခဲ့တဲ့ သူ႔ရဲ႕သားသမီးေလးေတြက အခုဆိုရင္ အကူအညီလိုအပ္ေနတာ ျဖစ္ပါတယ္ ။ ေစတနာရွင္ျပည္သူတစ္ေယာက္ကလည္း ဦးဖိုးသက္ရဲ႕ကေလးေတြကို သြားေရာက္လႉဒါန္းရင္းနဲ႔ တစ္ျခားသူေတြပါ ကူညီႏိုင္ေအာင္ စီစဥ္ေဆာင္႐ြက္ေပးေနတာ ျဖစ္ပါတယ္ ။

သူတစ္ပါးကိုကယ္ဖို႔အတြက္ အသက္စြန႔္သြားခဲ့ရတဲ့ သူရဲေကာင္းႀကီးဦးဖိုးသက္အတြက္ ပရိသတ္ေတြလည္း တတ္ႏိုင္သေလာက္ ပါဝင္လႉဒါန္းလို႔ရေအာင္ ေဖာ္ျပေပးလိုက္တာပဲ ျဖစ္ပါတယ္ ။

Leave a Reply

Your email address will not be published. Required fields are marked *