စစ်ကောင်စီ ဖမ်းဆီးထားသော လူငယ်တစ်ဦး ရိုက်နှက်ခံရပြီး သေဆုံး၊ အလောင်းပြန်မပေးဟုဆို

စစ်ကောင်စီ ဖမ်းဆီးထားသော လူငယ်တစ်ဦး ရိုက်နှက်ခံရပြီး သေဆုံး၊ အလောင်းပြန်မပေးဟုဆို

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် စစ်ကားတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများထဲမှ အသက် ၁၉နှစ်အရွယ် လူငယ်တစ်ဦးသည် စစ်ကောင်စီ၏ ရိုက်နှက်စစ်‌ဆေးမှုများကြောင့် သေဆုံးသွားခဲ့ပြီး မိသားစုထံအလောင်းပြန်မပေးကြောင်း ဒေသခံများထံမှ သိရသည်။

“နိုဝင်ဘာလ ၆ ရက်မှာ ဒေးဒနှောရွာက ၁၁ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတာပါ။ မနေ့က သုံးယောက် ပြန်လွှတ်တယ်။ မောင်ဇင်ဝေအောင်ကတော့ ရိုက်စစ်ခံရပြီး သေသွားတယ်လို့ ကြားတယ်။ သူ့အမေကတော့ ကျန်းမာရေးအ‌ခြေအနေကြောင့် သူ့သားဆုံးသွားတယ်ဆိုတာ မသိရှာသေးဘူး ” ဟု ကွမ်းခြံကုန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၆ ရက်တွင် စစ်ကောင်စီ၏ စစ်ကားတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဒေးဒနှောရွာအတွင်း လာရောက်ရှာဖွေသူနှစ်ဦးကို မတွေ့သည့်အတွက် အိမ်ပြရန်ခေါ်လာသူကို စစ်ကောင်စီတပ်က ခြောက်လှန့်မေးမြန်းခဲ့ရာ ၎င်းက မောင်ဇင်ဝေအောင် ကို လက်ညှိုးထိုးပြခဲ့ခြင်း ဖြစ်သည်။ထို့ကြောင် မောင်ဇင်ဝေအောင် ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးထားစဉ် ရိုက်နှက်ခံရခြင်းကြောင့် ယင်းနေ့ ညပိုင်းမှာပင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မောင်ဇင်ဝေအောင်၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က ပြန်မပေးဘဲ မင်္ဂလာဒုံစစ်ဆေးရုံတွင် ထားရှိကာ အလောင်းကို စစ်ဆေးရုံက သတ်မှတ်ပေးသည့် နေရာ၌ပင် သင်္ဂြိုလ်ရမည်ဟု ပြောဆိုကြောင်း၊ မိသားစုဝင်နှစ်ဦးသာလိုက်ရမည်ဟု ပြောဆိုကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက် ညပိုင်းက ကွမ်းခြံကုန်းမြို့ အင်္ဂလုံးကျေးရွာအနီး လမ်းမကြီးပေါ်တွင် စစ်ကောင်စီအဖွဲ့ဝင် ၂၅ ဦးခန့် ပါဝင်သည့် ကင်းလှည့် စစ်ကားတစ်စီး တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးကာ ၁၃ ဦးခန့် ဒဏ်ရာရခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ “ပျံလွှားအောင်” စစ်ဆင်ရေးအစိတ်အပိုင်းတစ်ခုအနေနှင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာမှ အပြစ်မဲ့ပြည်သူ ၃၁ဦးကို ဖမ်းဆီးထားပြီး ယခုအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။ယင်းအပြင် ဒေးဒနှောကျေးရွာမှလည်း အပြစ်မဲ့ပြည်သူ ၁၁ဦး ဖမ်းဆီးခံခဲ့ရပြီး သုံးဦးကို ပြန်လည်လွှတ်ပေးခဲ့သည်။

Zawgyi

စစ္ေကာင္စီ ဖမ္းဆီးထားေသာ လူငယ္တစ္ဦး ႐ိုက္ႏွက္ခံရၿပီး ေသဆုံး၊ အေလာင္းျပန္မေပးဟုဆို

ရန္ကုန္တိုင္း၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္တြင္ စစ္ကားတိုက္ခိုက္ခံရမႈႏွင့္ ပတ္သက္ၿပီး ဖမ္းဆီးခံထားရသူမ်ားထဲမွ အသက္ ၁၉ႏွစ္အ႐ြယ္ လူငယ္တစ္ဦးသည္ စစ္ေကာင္စီ၏ ႐ိုက္ႏွက္စစ္‌ေဆးမႈမ်ားေၾကာင့္ ေသဆုံးသြားခဲ့ၿပီး မိသားစုထံအေလာင္းျပန္မေပးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ႏိုဝင္ဘာလ ၆ ရက္မွာ ေဒးဒေႏွာ႐ြာက ၁၁ေယာက္ကို စစ္ေကာင္စီက ဖမ္းဆီးသြားတာပါ။ မေန႔က သုံးေယာက္ ျပန္လႊတ္တယ္။ ေမာင္ဇင္ေဝေအာင္ကေတာ့ ႐ိုက္စစ္ခံရၿပီး ေသသြားတယ္လို႔ ၾကားတယ္။ သူ႔အေမကေတာ့ က်န္းမာေရးအ‌ေျခအေနေၾကာင့္ သူ႔သားဆုံးသြားတယ္ဆိုတာ မသိရွာေသးဘူး ” ဟု ကြမ္းၿခံကုန္းၿမိဳ႕ ေဒသခံတစ္ဦးက ေျပာသည္။

ႏိုဝင္ဘာလ ၆ ရက္တြင္ စစ္ေကာင္စီ၏ စစ္ကားတိုက္ခိုက္ခံရမႈႏွင့္ ပတ္သက္ၿပီး ေဒးဒေႏွာ႐ြာအတြင္း လာေရာက္ရွာေဖြသူႏွစ္ဦးကို မေတြ႕သည့္အတြက္ အိမ္ျပရန္ေခၚလာသူကို စစ္ေကာင္စီတပ္က ေျခာက္လွန႔္ေမးျမန္းခဲ့ရာ ၎က ေမာင္ဇင္ေဝေအာင္ ကို လက္ညႇိဳးထိုးျပခဲ့ျခင္း ျဖစ္သည္။ထို႔ေၾကာင္ ေမာင္ဇင္ေဝေအာင္ ဖမ္းဆီးခံခဲ့ရၿပီး ဖမ္းဆီးထားစဥ္ ႐ိုက္ႏွက္ခံရျခင္းေၾကာင့္ ယင္းေန႔ ညပိုင္းမွာပင္ ေသဆုံးခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ေမာင္ဇင္ေဝေအာင္၏ ႐ုပ္အေလာင္းကို စစ္ေကာင္စီတပ္ဖြဲ႕က ျပန္မေပးဘဲ မဂၤလာဒုံစစ္ေဆး႐ုံတြင္ ထားရွိကာ အေလာင္းကို စစ္ေဆး႐ုံက သတ္မွတ္ေပးသည့္ ေနရာ၌ပင္ သၿဂႋဳလ္ရမည္ဟု ေျပာဆိုေၾကာင္း၊ မိသားစုဝင္ႏွစ္ဦးသာလိုက္ရမည္ဟု ေျပာဆိုေၾကာင္း ေဒသခံသတင္းရင္းျမစ္က မဇၩိမကို ေျပာသည္။ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၅ ရက္ ညပိုင္းက ကြမ္းၿခံကုန္းၿမိဳ႕ အဂၤလုံးေက်း႐ြာအနီး လမ္းမႀကီးေပၚတြင္ စစ္ေကာင္စီအဖြဲ႕ဝင္ ၂၅ ဦးခန႔္ ပါဝင္သည့္ ကင္းလွည့္ စစ္ကားတစ္စီး တိုက္ခိုက္ခံရၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ခုႏွစ္ဦးေသဆုံးကာ ၁၃ ဦးခန႔္ ဒဏ္ရာရခဲ့သည္။

အဆိုပါ တိုက္ခိုက္မႈကို ရန္ကုန္တိုင္း စစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕၏ “ပ်ံလႊားေအာင္” စစ္ဆင္ေရးအစိတ္အပိုင္းတစ္ခုအေနႏွင့္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။တိုက္ခိုက္ခံရမႈႏွင့္ ပတ္သက္ၿပီး ကြမ္းၿခံကုန္းၿမိဳ႕နယ္ အဂၤလုံးေက်း႐ြာမွ အျပစ္မဲ့ျပည္သူ ၃၁ဦးကို ဖမ္းဆီးထားၿပီး ယခုအခ်ိန္ထိ ျပန္လည္လႊတ္ေပးျခင္းမရွိေသးေၾကာင္း သိရသည္။ယင္းအျပင္ ေဒးဒေႏွာေက်း႐ြာမွလည္း အျပစ္မဲ့ျပည္သူ ၁၁ဦး ဖမ္းဆီးခံခဲ့ရၿပီး သုံးဦးကို ျပန္လည္လႊတ္ေပးခဲ့သည္။

Leave a Reply

Your email address will not be published.