ထန်တလန်အတွက် ကျားပေါက်လက်ရာ Doodle Art အိတ် ၉ လုံးရောင်းရငွေ ကန်ဒေါ်လာ ၂ သောင်းကျော် ရရှိ
ထန်တလန်မြို့လေးအတွက် အဆိုတော် ဟန်ထူးလွင်(ခ)ကျားပေါက်ရဲ့ Doodle Art ဖန်တီးမှုနဲ့ အိတ် ၉ လုံးကို အိတ်ပိတ်တင်ဒါပုံစံနဲ့ ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂ သောင်းကျော် ရရှိခဲ့ပါတယ်။
Print ထုတ်ထားတာ မဟုတ်ဘဲ ကျားပေါက်ကိုယ်တိုင် လက်နဲ့ ရေးဆွဲထားတဲ့ အိတ်တွေကိုတော့ တလုံးကို ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ ၅၀၀ သတ်မှတ်ခဲ့ပြီး မိမိပေးလိုတဲ့ အမြင့်ဆုံး စျေးနှုန်းကို အိတ်နံပါတ်နဲ့အတူ အမြင့်ဆုံးပေးဝယ်ယူသူတွေကို ရောင်းချခဲ့တာ ဖြစ်ပါတယ်
ဝယ်ယူသူတွေဟာ အိတ် ၁ လုံးကို ဒေါ်လာ ၁၀၀၀ ကနေ ၃၃၀၀ ကျော်ထိ အမြင့်ဆုံးဈေး ပေးဝယ်ယူခဲ့ကြတာကို တွေ့ရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ တထောင့်တနေရာက ပါဝင်နေတဲ့ ကျားပေါက်ဟာ သိပ်မကြာခင်တုန်းကလည်း Doodle Art ဖန်တီးမှုနဲ့
Ukulele ဂစ်တာတ လက်ကို နွေဦးတော်လှန်ရေးအတွက် လေလံတင်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ အမြင့်ဆုံး လေလံအောင်သွားခဲ့ပါတယ်။
Zawgyi
ထန္တလန္အတြက္ က်ားေပါက္လက္ရာ Doodle Art အိတ္ ၉ လုံးေရာင္းရေငြ ကန္ေဒၚလာ ၂ ေသာင္းေက်ာ္ ရရွိ
ထန္တလန္ၿမိဳ႕ေလးအတြက္ အဆိုေတာ္ ဟန္ထူးလြင္(ခ)က်ားေပါက္ရဲ႕ Doodle Art ဖန္တီးမႈနဲ႔ အိတ္ ၉ လုံးကို အိတ္ပိတ္တင္ဒါပုံစံနဲ႔ ေရာင္းခ်ခဲ့ရာမွာ အေမရိကန္ေဒၚလာ ၂ ေသာင္းေက်ာ္ ရရွိခဲ့ပါတယ္။
Print ထုတ္ထားတာ မဟုတ္ဘဲ က်ားေပါက္ကိုယ္တိုင္ လက္နဲ႔ ေရးဆြဲထားတဲ့ အိတ္ေတြကိုေတာ့ တလုံးကို ၾကမ္းခင္းေစ်း အေမရိကန္ေဒၚလာ ၅၀၀ သတ္မွတ္ခဲ့ၿပီး မိမိေပးလိုတဲ့ အျမင့္ဆုံး ေစ်းႏႈန္းကို အိတ္နံပါတ္နဲ႔အတူ အျမင့္ဆုံးေပးဝယ္ယူသူေတြကို ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္
ဝယ္ယူသူေတြဟာ အိတ္ ၁ လုံးကို ေဒၚလာ ၁၀၀၀ ကေန ၃၃၀၀ ေက်ာ္ထိ အျမင့္ဆုံးေဈး ေပးဝယ္ယူခဲ့ၾကတာကို ေတြ႕ရပါတယ္။
စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈမွာ တေထာင့္တေနရာက ပါဝင္ေနတဲ့ က်ားေပါက္ဟာ သိပ္မၾကာခင္တုန္းကလည္း Doodle Art ဖန္တီးမႈနဲ႔
Ukulele ဂစ္တာတ လက္ကို ေႏြဦးေတာ္လွန္ေရးအတြက္ ေလလံတင္ေရာင္းခ်ခဲ့ရာမွာ အေမရိကန္ေဒၚလာ ၂၇,၅၀၀ နဲ႔ အျမင့္ဆုံး ေလလံေအာင္သြားခဲ့ပါတယ္။