”စစ်ဘေးရှောင် ပြည်သူတွေအတွက် အလှူငွေနဲ့ လိုအပ်တာတွေ လှူဒါန်းခဲ့တဲ့ ခန့်စည်သူ”
ပရိသတ်ကြီးရေ အနုပညာလောကရဲ့လူပျိုမင်းသားကြီးတစ်လက်ဖြစ်တဲ့ ခန့်စည်သူကိုတော့ လူတိုင်းချစ်ခင်ကြပါတယ်။အလှူအတန်းလည်းရက်ရောကာ တတ်နိုင်သမျှအလှူတွေကိုတျောက်လျောက်ပြုလုပ်လျက်ရှိတဲ့သူပါ။
အခုချိန်မှာအနုပညာအလုပ်တွေရပ်နားထားပေမယ့်လည်း အလှူအတန်းကတော့ရပ်တန့်သွားခြင်းမရှိပါဘူးနော်။အပတ်စဉ်ဆွမ်းပတ်တွေကိုလည်း မပျက်မကွက်လှူဒါန်းကာ ပရိသတ်တွေကိုကုသိုလ်တွေမျှဝေပေးနေတဲ့ မင်းသားကြီးပါ။
လက်ရှိမှာလည်း” စစ်ရှောင်ဒေသမှ တိုင်းရင်းသား ပြည်သူများအတွက် စောင်များ၊အနွေးထည်များ၊အဝတ်အစားများ၊စားသုံးကုန်များ၊ Maskများနှင့် အလှူငွေတို့ကို လှူဒါန်းခဲ့ကြပါတယ်။ ချင်းပြည်နယ်အထိ စိတ်အားထက်သန်စွာ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်းပေးမည့် ညီငယ် ဝေလုကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။
စေတနာ ရှင်များအနေဖြင့် လှူဒါန်းလိုပါက သရုပ် ဆောင် ဝေလု(09)779906900 သို့ ဆက်သွယ်၍ တိုက်ရိုက်လှူဒါန်း နိုင်ကြပါတယ်ခင်ဗျာ။”ဆိုတဲ့စာလေးနဲ့ လှူဒါန်းမှုပုံရိပ်တွေကိုဝေမျှခဲ့တာပါ။ပရိသတ်တွေလည်း ခန့်စည်သူရဲ့အကျိုးရှိပြီးမွန်မြတ်လှတဲ့အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်။
Zawgyi