ပညာမတတ်တဲ့သူတွေနဲ့ တိုင်းပြည်တည် ဆောက်လို့မရ ဟု စစ်ခေါင်းဆောင် ပြောကြား

ပညာမတတ်တဲ့သူတွေနဲ့ တိုင်းပြည်တည် ဆောက်လို့မရ ဟု စစ်ခေါင်းဆောင် ပြောကြား

ပညာသင်ကြားသည့် အရွယ် ကျောင်းသား/ကျောင်းသူ များမှာ ပညာသင်ကြားရန်လိုပြီး ပညာမတတ်သည့်သူတွေနှင့် တိုင်းပြည်တည်ဆောက်လို့မရဟု အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

အသက်္မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ရေးနှင့် တိုင်ပြည်အတွက် အနာဂတ်ကောင်းများ ပေါ်ထွက်လာနိုင်ရန်အတွက် ပညာသင်ကြားသည့်အရွယ် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာကိုမဖြစ်မနေသင်ကြားရန်လိုပြီး မိမိအနေဖြင့်လည်း ပညာရေးဝန်ကြီးဌာနကို ကြပ်မတ်ပြောဆိုလျက်ရှိသည်ဟု ၎င်းက ထည့်သွင်းပြောဆိုထားသည်။

“ကျောင်းသားများကတော့ ပညာသင်ကြားရေးမှာ ပညာသင်ကြားရမယ့်အရွယ်မှာ ပညာရေးကိုပဲ စိတ်ဝင်စားဖို့လိုပါတယ်။ ပညာ သင်ကြားဖို့တာဝန် ရှိပါတယ်။ စာတွေတတ်အောင်သင်ဖို့လည်း ပညာရေးဝန်ကြီးဌာနကိုလည်း ကျွန်တော်ကြပ်မတ် ပြီးတော့ ပြောဆိုလျက်ရှိပါတယ်။ တိုင်းပြည်ပညာရေး မြှင့်တင်ပေးနိုင်ပြီ ဆိုရင် တိုင်းပြည်ရဲ့အနာဂတ်ကောင်းနိုင်မယ့် အနေအထား ရှိတယ်ဆိုတာလည်း ကျွန်တော်ပြောလိုပါတယ်။ ပညာတတ်တွေနဲ့ပဲ တိုင်းပြည်တည်ဆောက်ရတာ ဖြစ်ပါ တယ်။ ပညာမတတ်တဲ့သူတွေနဲ့ တိုင်းပြည်တည် ဆောက်လို့မရပါဘူး” အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ပြီး အခြေခံပညာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်သူ နည်းပါးခဲ့ပြီး နိုဝင်ဘာ ၈ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း အခြေခံပညာသင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၀ သန်းကျော်ရှိသည့် အနက် လက်ရှိကျောင်းတက်ရောက်နေသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂ သန်း ၃ သိန်း ၅ ထောင်ကျော်သာ ရှိကြောင်းသိရှိရပါသည်။

Zawgyi

ပညာမတတ္တဲ့သူေတြနဲ႔ တိုင္းျပည္တည္ ေဆာက္လို႔မရ ဟု စစ္ေခါင္းေဆာင္ ေျပာၾကား

ပညာသင္ၾကားသည့္ အ႐ြယ္ ေက်ာင္းသား/ေက်ာင္းသူ မ်ားမွာ ပညာသင္ၾကားရန္လိုၿပီး ပညာမတတ္သည့္သူေတြႏွင့္ တိုင္းျပည္တည္ေဆာက္လို႔မရဟု အာဏာသိမ္းစစ္ေခါင္းေဆာင္မင္းေအာင္လႈိင္ က ေျပာၾကားလိုက္သည္။

ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ ႏိုဝင္ဘာ ၉ ရက္ေန႔ မြန္းလြဲပိုင္းက က်င္းပသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအစည္းအေဝးတြင္ အာဏာသိမ္းစစ္ေခါင္းေဆာင္မင္းေအာင္လႈိင္က ထိုသို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။

အသက္ၼြေးဝမ္းေက်ာင္း ပညာသင္ၾကားႏိုင္ေရးႏွင့္ တိုင္ျပည္အတြက္ အနာဂတ္ေကာင္းမ်ား ေပၚထြက္လာႏိုင္ရန္အတြက္ ပညာသင္ၾကားသည့္အ႐ြယ္ ေက်ာင္းသား/ေက်ာင္းသူမ်ားအေနျဖင့္ ပညာကိုမျဖစ္မေနသင္ၾကားရန္လိုၿပီး မိမိအေနျဖင့္လည္း ပညာေရးဝန္ႀကီးဌာနကို ၾကပ္မတ္ေျပာဆိုလ်က္ရွိသည္ဟု ၎က ထည့္သြင္းေျပာဆိုထားသည္။

“ေက်ာင္းသားမ်ားကေတာ့ ပညာသင္ၾကားေရးမွာ ပညာသင္ၾကားရမယ့္အ႐ြယ္မွာ ပညာေရးကိုပဲ စိတ္ဝင္စားဖို႔လိုပါတယ္။ ပညာ သင္ၾကားဖို႔တာဝန္ ရွိပါတယ္။ စာေတြတတ္ေအာင္သင္ဖို႔လည္း ပညာေရးဝန္ႀကီးဌာနကိုလည္း ကြၽန္ေတာ္ၾကပ္မတ္ ၿပီးေတာ့ ေျပာဆိုလ်က္ရွိပါတယ္။ တိုင္းျပည္ပညာေရး ျမႇင့္တင္ေပးႏိုင္ၿပီ ဆိုရင္ တိုင္းျပည္ရဲ႕အနာဂတ္ေကာင္းႏိုင္မယ့္ အေနအထား ရွိတယ္ဆိုတာလည္း ကြၽန္ေတာ္ေျပာလိုပါတယ္။ ပညာတတ္ေတြနဲ႔ပဲ တိုင္းျပည္တည္ေဆာက္ရတာ ျဖစ္ပါ တယ္။ ပညာမတတ္တဲ့သူေတြနဲ႔ တိုင္းျပည္တည္ ေဆာက္လို႔မရပါဘူး” အာဏာသိမ္းစစ္ေခါင္းေဆာင္မင္းေအာင္လႈိင္ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ႏိုဝင္ဘာ ၁ ရက္ေန႔မွ စတင္ၿပီး အေျခခံပညာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ခဲ့ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္းတက္ေရာက္သူ နည္းပါးခဲ့ၿပီး ႏိုဝင္ဘာ ၈ ရက္ေန႔အထိ ျမန္မာႏိုင္ငံအတြင္း အေျခခံပညာသင္ ေက်ာင္းသား/ေက်ာင္းသူ စုစုေပါင္း ၁၀ သန္းေက်ာ္ရွိသည့္ အနက္ လက္ရွိေက်ာင္းတက္ေရာက္ေနသူ ေက်ာင္းသား/ေက်ာင္းသူ စုစုေပါင္း ၂ သန္း ၃ သိန္း ၅ ေထာင္ေက်ာ္သာ ရွိေၾကာင္းသိရွိရပါသည္။

Leave a Reply

Your email address will not be published.